Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
Ruijie Voucher Manager App ထဲက
Connected Device ထဲမှာ
မိမိတို့ အင်တာနက်လိုင်းကို voucher code ဝယ်မသုံးပဲ နည်းပညာတစ်ခုခုနဲ့ကျော်သုံးတာမျိုးဆိုရင်
** ပုံ ၁ ထဲကလို အနီနဲ့ လာပြပြီး Block လုပ်ဖို့ ခလုတ်လေးပါ ပေါ်လာပါမယ်။
( ဒီနေရာ မှာ တစ်ခု သတိထားရမှာက အနီရောင်ပေါ်လာတိုင်း ကျော်သုံးတာမဟုတ်ပါဘူး။
အနည်းဆုံး ၁၀ မိနစ်လောက်နေပြီး ပြန်ဝင်ကြည့်လို့ အဲ့ဒီဖုန်းပေါ်နေသေးမှသာ ကျော်သုံးနေပြီဆိုတာ သံသယဝင်လို့ရမှာပါ။ တော်တော်များများက Wifi ကို password မခံပဲ လွင့်ထားကြတာများပါတယ်။
အဲ့အတွက် ဖုန်းတိုင်းလိုလို ဝင်ချိတ်လို့ရပြီး၊ Router ဘက်က ip ချပေးလိုက်တာမျိုးတွေမှာလည်း လာပေါ်တတ်လို့ပါ။ )

*** သေချာပြီဆိုလို့ Block လိုက်ပြီးရင်လည်း ချက်ချင်းကြီး Connected Device ထဲကနေ ပျောက်သွားမှာမဟုတ်ပါဘူး။ ( ruijie ရဲ့ cloud sync က realtime မဟုတ်လို့အချိန်တစ်ခုကြာမှ ပျောက်သွားမှာပါ )
တကယ် Block ဖြစ်သွားလားဆိုတာကိုတော့ ပုံ ( 2 ) ထဲက BlackList Devices ထဲမှာ ဝင်ကြည့်လို့
ကိုယ် Block လိုက်တဲ့ ဖုန်းပေါ်နေရင် ရပါပြီ။


ပြန်ဖျက်ချင်ရင်လည်း BlackList Devices ထဲဝင်ပြီး ကိုယ်ဖျက်ချင်တဲ့ Model လေးကို တစ်ချက်နှိပ်ပြီး Remove လုပ်နိုင်ပါသည်။
Ruijie Gateway / AP တွေရဲ့ Cloud Captive Portal ကို
VPN တွေနဲ့ ကျော်သုံးတာတွေ၊ API ကနေကျော်သုံးတာတွေရှိတယ်ဆိုတာ ruijie သုံးသူတိုင်းသိကြပါတယ်
အဲ့ဒီဟာတွေကို အခုထိ အကုန်ပိတ်လို့မရခင်မှာပဲ
နောက်ထပ် တစ်မျိုး portal security ယိုပေါက်တစ်ခုထပ်ရှိလာပါတယ်
အဲ့ဒါကတော့ portal ရဲ့ time code တွေကို free သုံးမယ့်သူက wifi ဝင်ချိတ်ပြီး ကိုယ်တိုင် code တွေကို ယူသွားနိုင်တာပါ

အခုလို code တွေကို ယူသုံးလို့ရသွားတော့
တရားဝင် voucher code ဝယ်သုံးနေသလိုမျိုးဖြစ်သွားပါတယ်။
ဒါက တကယ့်ကို ခေါင်းကြိမ်းမယ့် ယိုပေါက်ကြီးပါ၊
ဘယ်သူက ခိုးသုံးနေလည်း ရှာရခက်ကြီးဖြစ်သွားပါတယ်

ပုံထဲက screenshot ကတော့ အသိမိတ်ဆွေတစ်ယောက် ကိုယ်တိုင်ဖန်တီးထားတဲ့ bot လေးပါ။
( ၁ နာရီ code တစ်ခုလောက်လာဝယ်ပြီး အင်တာနက်လိုင်းရသွားတာနဲ့ telegram bot ထဲပြီး start နှိပ်တာနဲ့ code တွေကို ယူပေးနိုင်တဲ့ bot ပါ )
ဒီယိုပေါက်ကနေ free သုံးဖို့ app လုပ်ပေးလိုရပေမယ့်လည်း ဒီတစ်ခေါက်တော့မလုပ်ဖြစ်တော့ပါဘူး။

** ruijie cloud backend ဘက်က ယိုပေါက်ဖြစ်လို့ စက်မှာသွားပြီးပိတ်တာတို့ လုပ်လို့မရနိုင်ပါဘူး။ cloud backend ဘက်ကနေပဲ portal script ကို ပြင်ပေးနိုင်မှပဲ ပိတ်လို့ရတော့မှာပါ၊
Ruijie Voucher Manager ရဲ့ Tiktok Account လေးပါ
Follow လေးလုပ်ပေးထားနိုင်ပါတယ်ဗျ
တစ်ချို့ tutorial video လေးတွေကိုလည်း အဲ့မှာတင်ပေးမှာပါ၊

https://www.tiktok.com/@ruijievouchermanager

#ruijieVoucherManager
ကျွန်တော်တို့ Ruijie Voucher Manager 1.5 Vesion မှာ
ဘောက်ချာကုဒ်တွေကို မထပ်အောင် ( Expired မဖြစ်အောင် ) Print ထုတ်နည်းလေးပါ။
Print ထုတ်တိုင်း အခုနည်းလေးကိုအသုံးပြုပေးပါ။
အခုနည်းနဲ့ဆိုရင် အရေအတွက်လည်း ကိုယ့်စိတ်ကြိုက်ထုတ်လို့ရတဲ့အတွက်
၁ ခုကနေ ၂၀၀ အထိ ကိုယ်အဆင်ပြေသလို ထုတ်လို့ရသွားပါတယ်။
ပြီးတော့ လိုမှပဲ ထုတ်မှာဖြစ်တဲ့အတွက် ကြိုထုတ်ထားရတဲ့ ပြသနာတွေလည်း ကင်းဝေးသွားပါမည်။

https://www.facebook.com/share/p/1FemGaucWu/

#ruijievouchermanager
#guide
#printer #pos #ruijie
SL မှာ Payment ထည့်တာတွေ ပြန်အဆင်ပြေသွားပါပြီ၊
အဓိကတော့ UI အပြောင်းအလဲရယ်
Billing Url အပြောင်းအလဲကြောင့် error ဖြစ်ကုန်တာပါ၊

Activate လုပ်တဲ့အချိန်ရယ်
Shop မှာ Checkout လုပ်တဲ့အချိန်မှာ Redirect သွားပေမယ့်
Billing မှာ redirect မသွားတဲ့ ပြသနာဖြစ်သွားတာပါ

အခုတော့ အကုန်ပြန်ရပြီမို့ billing service ပေးတဲ့သူတွေအတွက် ခေါင်းကိုက်စရာတစ်ခုလျော့သွားတာပေါ့

ပုံကတော့ အခုမနက်တင် activate လုပ်ထားတဲ့ဟာပါ
အခု activate လုပ်တဲ့ UI က ပိုပြီးတောင် အဆင်ပြေသွားပါတယ်

#info
စတားလင့် Billing User Interface အသစ်ပြောင်းသွားတော့
ဖိလစ်ပိုင် Region အတွက် ဘေဆောင်ရာမှာ
ထည့်ပြီးသားကဒ်ကို ငွေဖြည့်ပြီး ဆောင်ရင် ပြသနာမရှိပေမယ့်
visa ကဒ်အသစ်နဲ့ ချိတ်ရင် internal server error ဖြစ်နေပါတယ်

ဒီနေ့ ဘေဆောင်ချင်တဲ့သူက အခုမှ ကိုယ့်ဆီမှာ ပထမဆုံးလာအပ်တာမို့
ကိုယ့်ကဒ်ထည့်တာ ဘယ်လိုမှ ထည့်မရဘူး
အဓိကတော့ S L ဘက်က server error ဖြစ်နေတာပါ

ဘေဆောင်တဲ့သူကလည်း ငွေကိုလွဲပေးထားပြီးပြီ
ဒီဘက်မှာက ဘေဆောင်ဖို့ ကဒ်ထည့်မရနဲ့ဆိုတော့ server ဘက်က ပြင်ပြီးချိန်အထိ စောင့်ပေးဖို့ တောင်းပန်ထားရတယ်

ဒါပေမယ့် ဆာဗာပြင်တာက ဘယ်လောက်ကြာမလဲမသိဘူး၊ ကိုယ်ကလည်း ငွေကလက်ခံထားပြီးပြီဆိုတော့
နောက်ဆုံး သူ့ API ကနေပဲ တိုက်ရိုက်သွားပြီး card info ထည့်ပြီး ဆောင်လိုက်မှပဲ အဆင်ပြေသွားတော့တယ်

အခု Post ရဲ့ အဓိက အကြောင်းအရာကတော့
ကဒ်အသစ်ထည့်ပြီး ဘေဆောင်မယ်ဆိုရင် ဖိလစ်ပိုင် region မှာ card ထည့်မရတဲ့ error ဖြစ်နေတယ်ဆိုတဲ့အကြောင်းပါ
Ruijie Voucher Manager Android App
၁ သိန်းကျပ်

#ruijie
#ruijieVoucherManager
# Updated : ပြန်ရသွားပြန်ပါပြီခင်ဗျ။
————————————
Ruijie ဘက်က ဆာဗာပြင်တာလား သေချာမသိပေမယ့်
Account တွေ login ဝင်လို့မရတော့ပါဘူး

သူ့ App မှာဝင်ထားပြီးသားတွေအနေနဲ့ဆက်လက်သုံးလို့ရနေသေးပေမယ့်
Log out လုပ်ပြီး ပြန်ဝင်တာနဲ့ ဝင်လို့မရတော့ပါဘူး။

သူ့ Cloud Web မှာလည်းအတူတူပါပဲ Login ဝင်မရတော့ပါဘူး

ကျွန်တော်တို့ Ruijie Voucher manager App က ruijie cloud နဲ့ ချိတ်ထားတာမို့
Ruijie ဘက်က error ဖြစ်နေသရွှေ့
ကျွန်တော်တို့ app မှာလည်း ဝင်သုံးလို့မရနိုင်သေးပါဘူးခင်ဗျာ

ပြန်လည်အဆင်ပြေသွားရင် ထပ်တင်ပေးပါမည်။
ကိုယ်တိုင် Bill ဆောင်ဖို့ Virtual Visa Card လာဝယ်သွားတဲ့သူတွေအတွက်
SL ထဲက Payment ထဲမှာ
ဝယ်သွားတဲ့ထဲက card info Page ထဲကနေ
- Card Number
- CVV ( Security Code )
- Month/Year ( ဥပမာ 01/28 )
- Postal Code စတာတွေကို
စတားလင့်ရဲ့ Update Payment Info ထဲမှာ
မှန်အောင်ရိုက်ဖြည့်ပြီး
"SAVE PAYMENT INFORMATION" ကိုနှိပ်လိုက်ရင်
VISA website ကို ခဏရောက်သွားပြီး
စတားလင့်ထဲပြန်ရောက်လာရင်
error တစ်စုံတစ်ရာမတက်ခဲ့ရင်
မိမိတို့ထည့်လိုက်တဲ့ ကဒ်နံပါတ်အနောက်ဆုံးလေးလုံးကိုမြင်ရပါမယ်

( မှတ်ချက်။     ။ စတားလင့်ထဲကဒ်ထည့်ဖို့အတွက်က ကဒ်ထဲမှာ အနည်းဆုံး $2 ရှိထားရပါမယ် )


———————-
Bill ဆောင်တဲ့အခါကျရင်လည်း
ဖိလစ်ပိုင် Region အတွက်ဆိုရင် ကဒ်ထဲမှာ ပိုပိုလိုလို $75 လောက်ထည့်ပြီးတာနဲ့
"MAKE PAYMENT" ကိုနှိပ်လိုက်ရင် ငွေနုတ်သွားပါမယ်။
( Balance မှာ 0 ပြသွားပြီး မိမိကဒ်ထဲက ငွေမနုတ်သွားတာမျိုးတွေရှိပါတယ်၊ အဲ့အတွက် ၁၀ မိနစ်ကျော်လောက် ထပ်စောင့်ပြီးရင် 4,100 Amount ပြန်ပေါ်လာပါမယ်၊ နောက်တစ်ခါ "MAKE PAYMENT" နှိပ်ပေးလိုက်ရင် ဘေဆောင်ပြီးဖြစ်သွားပါမယ်။


Bill Service Contact : @mr_moonrider
#ruijieVoucherManager
Virtual Visa Card လေးတွေ အနည်းငယ်ထပ်ရပါမယ်။
Online Site 90% နီးပါးမှာ ငွေပေးချေလို့ရပါတယ်။

စျေးကတော့ အပြီးအစီး 150,000 ကျပ်ပါ။
App တွေ ဘာတွေနဲ့ မရသေးပါဘူး။
Website ကနေပဲ ငွေဖြည့်တာတွေ လုပ်ရမှာပါ။

Fee ဖြတ်တာက $100 မှာ $5 ဝန်းကျင်လောက်ဖြစ်တဲ့အတွက်
အသေးစားငွေပေးချေမှုမျိုးမှာတော့ တန်မှာမဟုတ်ဘူးဆို ကြိုပြောပါရစေ။‌


ဆက်သွယ်ရန် : @mr_moonrider
Ruijie Voucher Manager
Vesion 1.5 Update


Direct Download :
https://bit.ly/3WSKj0V

From TG :
https://t.me/kaakaa2025/46
Printer အသစ် နောက်တစ်မျိုး ထပ်ဝယ်ယူလို့ရပါပြီ
၂ လက်မဆိုဒ် POS စက္ကူလိပ်ကို ၁ လိပ်စီ မဟုတ်ပဲ
အရေအတွက် များများလိုတဲ့သူတွေအတွက်
အလိပ် ၁၀၀ ပါတဲ့ ၁ ဖာစီလည်း ပြန်လည်ဝယ်ယူလို့ရပါပြီ။

၁ ဖာ ( အလိပ် ၁၀၀ ) - ၁ သိန်း ၂ သောင်း
( ၅ ဖာအထက် - ၁ ဖာ ၁ သိန်း )


#ruijieVoucherManager
#posPaper
#printer

👋
စတားလင့်စက်များ ဖိလစ်ပိုင် region -
ROAM Unlimited ကို
၄ သိန်းခွဲအတိဖြင့် ဘေဆောင်နိုင်ပါပြီ
ဒီနေရာကနေဆက်သွယ်ဆောင်နိုင်ပါသည်
ဒီတစ်ခေါက် Ruijie Voucher Manager Update မှာ
- ချိတ်ထားတဲ့ Device တွေ သုံးထားတဲ့ Total Traffic ပါဝင်လာပါမယ်ခင်ဗျ
- ပြီးတော့ Print ထုတ်တဲ့အချိန်မှာ မိမိစိတ်ကြိုက်အရေအတွက် ရိုက်ထည့်ပြီး ထုတ်လို့ရတာ ပါဝင်လာပါမည်
Update မထွက်ခင် နောက်ထပ် feature အသစ်တွေပါဝင်လာဦးမယ်ဆိုရင်လည်း Post ထပ်တင်ပေးပါဦးမည်

--------------
App အတွက်လည်း update ဖြစ်အောင် အမြဲကြိုးစားပေးရင်း
တစ်ဖက်မှာလည်း
- Printer / App အရောင်းအတွက် စာရင်းတွေ
- App သီးသန့်အတွက် Activate တွေ
- ပစ္စည်းပို့တာတွေကို တစ်ဦးတည်းလုပ်နေရတာမို့
Page Message မှာ reply နောက်ကျခဲ့သည်ရှိသော် နားလည်ပေးဖို့
မေတ္တာရပ်ခံပါတယ်။

ကျေးဇူးပါဗျ။

👋
စတားလင့်စက်များ ဖိလစ်ပိုင် region -
ROAM Unlimited ကို
၄ သိန်းခွဲအတိဖြင့် ဘေဆောင်နိုင်ပါပြီ
ဒီနေရာကနေဆက်သွယ်ဆောင်နိုင်ပါသည်
Back to Top