Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။
#RuijieVoucherApp
#ASDF
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။
#RuijieVoucherApp
#ASDF
- Code ထည့်တဲ့ဟာ ပေါ်ဖို့ကြာတယ်
- ထည့်ထားတဲ့ code တွေလဲ ပြန်ပြုတ်ပြုတ်သွားတယ်ဆိုပြီး
လာမေး၊ လာပြောကြတာတွေရှိပါတယ်။
မိမိတို့လဲ အဲ့လိုကြုံနေရရင် အကုန်လုံးဖြစ်နေပါလားဆိုတာ
သိရအောင် post တင်ပေးခြင်းဖြစ်ပါသည်။
"မြန်မြန် ပြန်အဆင်ပြေဖို့အတွက်ကတော့
Ruijie ဘက်ကို report ဝိုင်းတင်ဖို့ပဲ အကြံပေးဖြစ်ပါတယ်ခင်ဗျ"
ကျွန်တော်တော့ ကြားထဲကနေ error ဖြစ်တိုင်း
report လုပ်ပေးရတာပင်ပန်းလာပြီမို့ နားပါပြီ။
အမြဲ report လုပ်ပေးပြီး error တွေကိုလဲ
အချိန်နဲ့တစ်ပြေးညီ တင်ပေးဖြစ်၊ ကူညီပေးဖြစ်ပြန်တော့လဲ
ကျွန်တော့်ကို ruijie ဘက်ကလူထင်ပြီး
တစ်ချို့တွေက မင်းတို့ ruijie က ဘာညာတွေနဲ့ လာဆဲတာမျိုးတွေ၊
အထင်လွဲတာမျိုးတွေ ကြုံခဲ့ရပါတယ်။
ဆိုတော့ စက်ပိုင်ရှင်တွေနဲ့ ruijie ကြား error တစ်ခုခုဖြစ်တိုင်း
ကူညီပြီး report တင်ပေးတာမျိုးတွေ နားလိုက်ပြီဆိုတာ အသိလာပေးတာပါ။
ကိုယ်တိုင် report တင်လို့ရအောင်အတွက်လဲ
အရင်က post လေးတင်ပေးထားဖူးပါတယ်။
---------
လက်ရှိတော့ ကိုယ်လက်ခံထားတဲ့ Project တွေအတွက်လောက်ပဲ
အားပိုစိုက်ပေးဖြစ်ပါတော့မယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
#timeCodeManager
#ruijieVoucherManager
တော်ရုံကျော်မရတော့ပါဘူး။
Firmware အဟောင်းနဲ့စက်တွေမှာတော့
လွယ်လွယ်ကူကူကျော်လို့ရနေပါဦးမည်။
အကယ်လို့ အသစ်ရော၊ အဟောင်းရောမှာပါ တော်ရုံ http inject vpn ကျော်သုံးလို့မရအောင်ဆိုရင်တော့
dns redirect ကိုပြင်သုံးရင် အေးဆေးဖြစ်ပါတယ်။
http inject vpn တွေတော်တော်များများက
ruijienetworks(.)com ကို မှီခိုပြီးကျော်တာများပါတယ်။
ထို့အတွက် အဲ့ဒါကို မသုံးတော့ပဲ ကိုယ့်စိတ်ကြိုက် url နဲ့သုံးလိုက်တာမျိုးပါ။
အခုလို ပိတ်လို့ရတယ်ဆိုတာကိုတော့ share လုပ်ပေးလိုက်ပါတယ်။
ကျန်တာကတော့ မိမိတို့ ဆားဗစ်အပ်ထားတဲ့ ဆရာတွေကိုပြောပြီးတော့ပဲ
လုပ်ပေးခိုင်းရုံပါပဲ။
#timeCodeManager
#ruijieVoucherManager
Auto ချိတ်ပြီး လိုင်းသုံးနေလို့ရနေတယ်ဆိုပြီး
လာမေးကြပါတယ်။
တော်တော်များများကတော့ Ruijie Cloud Error ဆိုပြီးထင်နေကြပါတယ်။
ကျွန်တော်တို့ထံမှာ လစဉ်ဆားဗစ်အပ်ထားတဲ့
စက်တွေကိုစစ်ကြည့်လိုက်တဲ့အချိန်မှာတော့
Ruijie ဘက်က မဟုတ်ပဲ
အင်တာနက်လိုင်းဘက်ကနေ dns resolve မဖြစ်တော့
ruijie portal ရဲ့ address အသစ်ကို မသိတော့ပဲ error ဖြစ်သွားတာမျိုးပါ။
Voucher Code တောင်းတာမပေါ်လာပဲ
လိုင်း Auto ချိတ်သွားတယ်ဆိုတာကလဲ အရင်ကတင်ဖူးထားသလို
Portal Bypass ကို ဖွင့်ထားကြလို့ပါ။
အကယ်လို့ Auto မချိတ်စေချင်ရင်တော့
မိမိတို့စက်ကိုဆားဗစ်လုပ်ပေးထားတဲ့သူတွေကိုဆက်သွယ်ပြီး
Portal Bypass ပိတ်ထားလား၊ မပိတ်ထားဘူးလား စစ်ဆေးခိုင်းကြည့်ပါ။
Voucher Code မတောင်းတဲ့ error ကတော့
dns resolve ဖြစ်သွားရင် ပြန်ကောင်းသွားပါလိမ့်မယ်။
အဲ့ဒါကို မစောင့်ချင်ဘူးဆိုရင်လဲ ဆားဗစ်ဆရာတွေကိုအပ်ပြီး
ပြင်ခိုင်းလို့ရပါတယ်။
---
ကျွန်တော်တို့နား svip ဝင်ထားသူ၊ လစဉ်ဘေဆောင်နေသူများအနေနဲ့
အထပ်ပါ error ကြုံနေရရင်လဲ လာရောက်ပြောပေးပါ။
အဆင်ပြေအောင်ပြင်ဆင်ပေးပါမည်။
#timeCodeManager
#ruijieVoucherManager
speed limit လုပ်ချင်တဲ့သူတွေအတွက်
ဒီဟာလေးနဲ့ GB အများဆုံးသုံးနေတဲ့ Devices ကို
အစဉ်လိုက်ပြပေးပါတယ်။
( Data အတိအကျကတော့ Time Code App က ဆုံးဖြတ်တာမဟုတ်ပဲ
Ruijie Cloud က ပေးတဲ့ data ကိုပဲ အများဆုံးဟာကို အပေါ်ဆုံးမှာပြအောင်လုပ်ပေးထားတာပါ။ )
----------
Client Sync Update အတွက် လုပ်နေတာလေးပြီးသွားရင်တော့
Data တွေကို ယခုထပ် ပိုပြီး update ပြလာနိုင်တော့မှာပါ။
အဲ့ဒါသာရသွားရင် အချိန်ပြည့်ပြီး လိုင်းမဖြတ်သွားတာတွေ၊
GB Limit ကိုမှ ပြည့်သွားပေမယ့် နောက်ထပ် GB ကျော်သွားမှ
လိုင်းပိတ်သွားတာမျိုးတွေအတွက် ပိုပြီး အဆင်ပြေလာပါလိမ့်မည်။
#timeCodeManager
#ruijieVoucherManager
Roam Unlimited ကနေ GB အလိုက်ပေးရတဲ့ Plan ကိုပြောင်းခိုင်းတာတွေ
ကြုံရတာတွေ့ရပါတယ်ဗျ။
Roam Unlimited Plan ဖြစ်နေသေးတဲ့သူတွေအနေနဲ့
Data usage ကို အများကြီး မဖြစ်သွားအောင် စဉ်းစားရပါတော့မယ်။
ဒါကြောင့် မိမိတို့ voucher code group တွေမှာ
Speedlimit တွေ မကန့်သတ်ထားရင်
မဖြစ်မနေ speed limit ကန့်သတ်ထားဖို့ လိုလာပါပြီ။
နောက်တစ်ခုကတော့ tiktok အသုံးများတဲ့သူတွေရယ်၊
Telegram ကနေ video တွေကြည့်တာ၊ ဒေါင်းလုပ်လုပ်တာတွေကို
limit ကန့်သတ်နိုင်ရင်လည်း သိသိသာသာ သက်သာပါလိမ့်မည်။
#timeCodeManager
#ruijieVoucherManager
ARP Guard ဆိုတဲ့ feature လေးသုံးလို့ရပါသေးတယ်။
မိမိတို့ wifi က တစ်နိုင်တစ်ပိုင်ပဲ ဆိုရင်တော့
ဒီ feature ကသုံးလို့အဆင်ပြေတယ်။
MAC - IP နဲ့ bind မလုပ်ထားတဲ့ ဖုန်းမှန်သမျှ
လိုင်းသုံးမရအောင်လုပ်ပေးတာမျိုးပါ။
အဲ့တော့ ဘယ်လိုပဲ ကျော်ကျော် လိုင်းမရတော့ပါဘူး။
နောက်ဆုံး သူတို့ဖုန်းကို mac ပုံစံတူပြောင်းနိုင်မှသာ အင်တာနက်ရတော့မှာဖြစ်ပါတယ်။
အဝေးတွေထိ အများကြီးလွင့်နေတဲ့သူတွေအတွက်ကတော့ အဆင်ပြေမှာမဟုတ်လောက်ပါဘူး။ သေချာလေး စစ်ပြီးလုပ်နိုင်ရင်တော့ တကယ်ကို ကောင်းပါတယ်။
( အခု feature ရဲ့ သဘောကတော့ ကိုယ်သိတဲ့သူတွေရဲ့ဖုန်းပဲ လိုင်းတက်တော့မယ်ဆိုတာမျိုးပါ။ အဲ့အတွက် ကိုယ့်ဘက်ကနေတော့ သူတို့ စစချင်းလာသုံးတဲ့အခါမျိုးမှာ သူတို့ phone mac address နဲ့ ip နဲ့ တွဲပြီး တစ်ခေါက်တော့ bind ဆိုတာလေး နှိပ်ပေးရပါလိမ့်မယ်။ )
#timeCodeManager
#ruijieVoucherManager
လက်ရှိ သူများတွေလဲ လိုင်းရနေသရွေ့ ကိုယ်လဲ လိုင်းရနေအောင်
ဘေကတော့ ဆောင်လိုက်ရတာပါပဲ။
အဲ့တော့ Bill လေးလဲဆောင်၊ SVIP လေးလဲယူပြီး
သုံးနေရုံပေါ့ဗျာ။
#ruijieVoucherManager
မနေ့က Post လေးတင်လိုက်တော့
ဘယ်တံဆိပ်တွေက လုံခြုံရေးပိုကောင်းလဲဆိုပြီး
လာမေးကြလို့။
တကယ်က စက်တွေမစဉ်းစားခင်
အင်တာနက်သာ GB နဲ့ သုံးသလောက် ဆောင်ရတော့မယ်ဆိုရင်
အင်တာနက်လွင့်တဲ့ လုပ်ငန်းကတွေက ဘယ်လိုမှအဆင်မပြေနိုင်တော့ပါဘူး။
လုံခြုံပါတယ်ဆိုတဲ့ စက်တွေမှာလဲ
အလွယ်ဆုံးနည်း mac MAC spoofing နည်းနဲ့တင်
မိမိတို့ လွင့်ထားတဲ့ wifi ကို share လုပ်သုံးလို့ရနေမှာပါ။
( GB Limit ချုပ်ထားရင်တော့ သက်သာပါမည်။ )
အခြားနည်းတွေလဲ စက်အမျိုးအစားပေါ်မူတည်ပြီး
ကျော်လို့ရတာတွေရှိပါသေးတယ်။
ဆိုတော့ GB နဲ့ သုံးသလောက်ဆောင်ရတဲ့အခါမျိုးမှာ
လုံခြုံပါတယ်ဆိုပြီး ကိုယ်က ဝယ်သုံး၊ ပြောင်းသုံးလိုက်ရင်တောင်
အမြဲတမ်းလုံခြုံနေမှာမဟုတ်တဲ့အပြင်၊ ရောင်းတဲ့သူတွေလဲ
100% လုံခြုံပါတယ်ဆိုပြီး အာမခံမပေးနိုင်ကြပါဘူး။
အဲ့တော့ ကိုယ့် wifi မှာ တစ်ယောက်ပဲ ခိုးသုံးခံလိုက်ရတာနဲ့တင်
GB တွေ တက်လာပြီး စက်ပိုင်ရှင်ကတော့ ကျသလောက် ဆောင်ပေတော့ပဲ။
အကောင်းဆုံးကတော့
GB နဲ့မဟုတ်ပဲ
အရင်လိုပဲ unlimited plan လေးနဲ့ပဲ ဆက်သုံးလို့ရဖို့ပဲ
မျော်လင့် စောင့်ကြည့်ရတော့မယ်။
GB နဲ့ ကျသလောက်ဆောင်တာက အိမ်သုံးသီးသန့်တောင်မှ
GB တွေကို အမြဲတမ်းစောင့်ကြည့်နိုင်မှ တော်ကာကျတာ၊
အခြားသူကိုပါ လွင့်ပေးထားလိုက်ရင်တော့ တစ်ချက်လွတ်သွားတာနဲ့
ကိုယ်က အိတ်စိုက်ရပြီပဲ။
#timeCodeManager
#ruijieVoucherManager
ဘယ်တံဆိပ်တွေက လုံခြုံရေးပိုကောင်းလဲဆိုပြီး
လာမေးကြလို့။
တကယ်က စက်တွေမစဉ်းစားခင်
အင်တာနက်သာ GB နဲ့ သုံးသလောက် ဆောင်ရတော့မယ်ဆိုရင်
အင်တာနက်လွင့်တဲ့ လုပ်ငန်းကတွေက ဘယ်လိုမှအဆင်မပြေနိုင်တော့ပါဘူး။
လုံခြုံပါတယ်ဆိုတဲ့ စက်တွေမှာလဲ
အလွယ်ဆုံးနည်း mac MAC spoofing နည်းနဲ့တင်
မိမိတို့ လွင့်ထားတဲ့ wifi ကို share လုပ်သုံးလို့ရနေမှာပါ။
( GB Limit ချုပ်ထားရင်တော့ သက်သာပါမည်။ )
အခြားနည်းတွေလဲ စက်အမျိုးအစားပေါ်မူတည်ပြီး
ကျော်လို့ရတာတွေရှိပါသေးတယ်။
ဆိုတော့ GB နဲ့ သုံးသလောက်ဆောင်ရတဲ့အခါမျိုးမှာ
လုံခြုံပါတယ်ဆိုပြီး ကိုယ်က ဝယ်သုံး၊ ပြောင်းသုံးလိုက်ရင်တောင်
အမြဲတမ်းလုံခြုံနေမှာမဟုတ်တဲ့အပြင်၊ ရောင်းတဲ့သူတွေလဲ
100% လုံခြုံပါတယ်ဆိုပြီး အာမခံမပေးနိုင်ကြပါဘူး။
အဲ့တော့ ကိုယ့် wifi မှာ တစ်ယောက်ပဲ ခိုးသုံးခံလိုက်ရတာနဲ့တင်
GB တွေ တက်လာပြီး စက်ပိုင်ရှင်ကတော့ ကျသလောက် ဆောင်ပေတော့ပဲ။
အကောင်းဆုံးကတော့
GB နဲ့မဟုတ်ပဲ
အရင်လိုပဲ unlimited plan လေးနဲ့ပဲ ဆက်သုံးလို့ရဖို့ပဲ
မျော်လင့် စောင့်ကြည့်ရတော့မယ်။
GB နဲ့ ကျသလောက်ဆောင်တာက အိမ်သုံးသီးသန့်တောင်မှ
GB တွေကို အမြဲတမ်းစောင့်ကြည့်နိုင်မှ တော်ကာကျတာ၊
အခြားသူကိုပါ လွင့်ပေးထားလိုက်ရင်တော့ တစ်ချက်လွတ်သွားတာနဲ့
ကိုယ်က အိတ်စိုက်ရပြီပဲ။
#timeCodeManager
#ruijieVoucherManager
Playstore မှာ သွားရောက်ပြီး update လုပ်လို့ရပါပြီ။
အခု ဗားရှင်းမှာတော့
SVIP Member တွေအတွက်
ကျော်သုံးတာတွေကို ကန့်သတ်ဖို့အတွက်
Feature အသစ်တွေထည့်ထားပေးတဲ့အတွက်
update လုပ်ကို လုပ်သင့်ပါတယ်။
နောက်ဗားရှင်း update မှာလဲ
cloud အပြင် local gateway ထဲအထိပါ ဝင်ပြီးတော့
ဒီထက် ပိုပြီး ထိန်းချုပ်လို့ရမယ့် feature တွေ လာပါဦးမည်။
-----------
နောက်ပိုင်းမှာ SVIP Feature တွေကိုဦးစားပေးပေါင်းထည့်သွားမှာဖြစ်လို့
SVIP ဝင်မယ့်သူတွေအတွက်လဲ
ယခုစျေးနှုန်းထက်သက်သာအောင်
ကြိုးစားပေးပါမည်။
#timeCodeManager
#ruijieVoucherManager
လက်ရှိတင်ကို အယောက် ၃၀၀ ကျော်
bypass အောင်တယ်။
ဆိုလိုတာက စက်တိုင်းနီးပါးကို ကျော်လို့ရနေတယ်ဆိုတာ ပိုပြီး သေချာအောင်လို့ပါ။
ကျွန်တော်တို့နား လစဉ် ဘေဆောင်နေတဲ့သူတွေ
ကျော်တာ သက်သာအောင်အတွက် မိမိတို့ Project လေးကို
share လုပ်ပြီး ပို့ပေးပါ။
ကျော်သုံးတာ သုံးရခက်ခဲသွားအောင် ဆောင်ရွက်ပေးပါမည်။
#timeCodeManager
#ruijieVoucherManager
အရင်တစ်ခေါက်နဲ့မတူတော့ပြန်ဘူး။
အရင်တစ်ခေါက်က code ကိုမလိုပဲ စိတ်ကြိုက်သုံးလို့ရတာ။
အဲ့ဒါတော့ fix ပြီးသွားပြီမို့ သုံးမရတော့ဘူး။
အခုတစ်ခေါက်ကတော့ voucher code လေးတစ်ခုတော့ လိုသွားတယ်။
ဒါကလဲ ကိုယ့် project တစ်ခုကနေ unlimited လား၊ အချိန်နဲ့လားဆိုပြီး
usergroup တစ်ခုလေးလုပ်ပြီး code ထုတ်လိုက်ပြီး
အဲ့ဒီ code နဲ့ မြို့ပတ်ပြီး အကုန်လိုက်သုံးလို့ရသွားတယ်။
ဒါကြောင့်လဲ ခိုးသုံးနည်းတွေရောင်းတဲ့သူတွေက
1 နာရီ code တွေလက်ဆောင်ပေးလိုက်၊
2 နာရီ code တွေလက်ဆောင်ပေးလိုက်၊
ပြီးရင် Unlimited code ကို 3 သောင်း ၄ သောင်းနဲ့ရောင်းလိုက်
စိတ်ကြိုက်ကို လုပ်နေကြတော့တာ။
Ruijie ဘက်ကတော့ report ရထားပြီး သူတို့သိထားပြီလို့ပြောပါတယ်။
ဘယ်အချိန် action ယူလာမလဲတော့ မသိသေးပါဘူး။
( ပုံကတော့ အရင် အဟောင်းနည်းကိုမှ voucher code ထည့်တာလေး
အသစ်တိုးပြီး demo စမ်းသပ်ဖို့လုပ်ထားတာပါ။
အခု Post အကြောင်းအရာကို သတိပိုထားမိအောင်အတွက် တင်ပြလိုက်တာပါ။ )
--------
SVIP Member : read here
https://www.facebook.com/share/p/1D4K3jYn3D/
#timeCodeManager
#ruijieVoucherManager
Ruijie team ဘက်ကို report ထပ်တင်ပေးထားပါပြီ။
Code တစ်ခုနဲ့ မြို့ပတ်သုံးတာမျိုးတွေအတွက်
report လုပ်ပေးထားတာပါ။
သူတို့လဲ သိထားပြီးသားဖြစ်ပြီလို့ပြောတဲ့အတွက်
မကြာခင်တော့ အဲ့ဒီ ပြသနာလေး ဖြေရှင်းပြီးသွားပါလိမ့်မယ်။
နောက်ထပ်လဲ expire ဖြစ်သွားပေမယ့်
voucher code အဟောင်းနဲ့ ဖုန်းနဲ့ တွဲမှတ်ထားတာကိုလဲ
အဲ့ဒီလို မတွဲနေအောင် လုပ်ပေးဖို့ request လုပ်ထားပါသေးတယ်။
အဲ့ဒီလိုသာ တွဲမနေတော့ဘူးဆိုရင်
- expired ဖြစ်သွားပြီး အင်တာနက်ဆက်သုံးလို့ရနေတာမျိုး
- vpn ကျော်သုံးတာရှိခဲ့ရင်လဲ ခွဲခွဲခြားခြား သိနိုင်မယ့်ဟာအတွက်
အထောက်ကူအများကြီး ရှိလာမှာပါ။
#timeCodeManager
#ruijieVoucherManager
လက်ရှိ time code manager သုံးပြုသူဦးရေက
Online Active အရေအတွက်
အရမ်းကြီး ထိုးမကျသွားဘူး တွေ့ရတယ်။
ဆိုတော့ ပိတ်ခံရတဲ့စက်တွေရှိသလို
မပိတ်ခံရသေးတဲ့ စက်တွေက ပိုအများကြီးကျန်သေးတယ်ဆိုတာ ခန့်မှန်းလို့ရသွားပါတယ်။
ဘယ်လိုဖြစ်ဖြစ် မပိတ်ခံရသေးတဲ့
စက်ပိုင်ရှင်တွေအတွက် တကယ်ကို ဝမ်းသာမိပါတယ်။
အားလုံးပဲအဆင်ပြေကြပါစေ။
#timeCodeManager
#ruijieVoucherManager
လောင်းကစားဂိမ်းတွေကို ပိတ်ချင်လို့ဆိုပြီး
Time Code Manager မှာ
SVIP တစ်ကူးတစ်က လာဝင်ကြတာတွေ တိုးလာပါတယ်။
( လောင်းကစားဂိမ်းတွေက နေ့စဉ် website အသစ်၊ app အသစ်တွေထွက်နေတာမို့၊
ကျွန်ေတာ်တို့ SVIP ကနေ မပိတ်သွားသေးတဲ့ web တွေ၊
app တွေလဲရှိနေပါသေးတယ်၊
အကယ်လို့ အဲ့လို မပိတ်သွားသေးတဲ့ဟာတွေရှိရင်လဲ
ကျွန်တော်တို့ကို web လိပ်စာ၊ ဒါမှမဟုတ် app apk လေးတွေ
share လုပ်ပေးပါ၊ ကျွန်တော်တို့ url တွေ ခြေရာခံပြီးတော့
update တွေလုပ်ပေးပါမည်။ )
- ကြာဖြန့်ရယ်၊ လောင်းကစား ( စလော့ဂိမ်း ) တွေကြောင့်
ပိတ်ခံရတယ်ဆိုတာ ဖြစ်ဖို့ခဲပေမယ့်
စိတ်ပူ စိုးရိမ်မိတယ်ဆိုရင်တော့ Block ထားတာမမှားပါဘူး။
ကိုယ်လုပ်နိုင်တဲ့အပိုင်း ကိုယ်လုပ်ထားရုံပေါ့။
ပိတ်တာတော့ အီလွန်မက်တို့ဘက်ကအပိုင်းပေါ့ဗျာ။
လက်ရှိအချိန်ထိတော့
ပိတ်ခံရတဲ့စက်တွေကို ပြန်ရအောင် ဖြေရှင်းနည်း လုံး၀ မလွယ်ကူသေးပါဘူး။
အကယ်လို့ ပိတ်ခံရတဲ့စက်တွေအတွက်
အခြေအနေထူးခြားတာရှိရင်လဲ ချက်ချင်း Post လာတင်ပေးပါမည်။
#timeCodeManager
#ruijieVoucherManager
Ruijie Log Viewer App လေး တင်ပေးလိုက်ပါတယ်။
ဘာအတွက်အသုံးဝင်တာလဲဆိုတာကို
ဒီလင့်လေးမှာ ကြည့်နိုင်ပါတယ်။
https://t.me/ruijievouchermanager/595
#timeCodeManager
#ruijieVoucherManager
ဘာအတွက်အသုံးဝင်တာလဲဆိုတာကို
ဒီလင့်လေးမှာ ကြည့်နိုင်ပါတယ်။
https://t.me/ruijievouchermanager/595
#timeCodeManager
#ruijieVoucherManager
----------
ဒီရက်ပိုင်း ကျွန်တော့်ကို unlimited code တွေကို hack ပြီး၊ ခိုးပြီးတော့
ပြန်ရောင်းနေတဲ့ သူတွေ၊ tg channel တွေရှိတယ်ဆိုပြီးတော့
screenshot တွေလာပို့ကြပြီး မေးကြပါတယ်။
တကယ်က ruijie မှာ code ကို hack လို့ / ခိုးလို့ ရတယ်ဆိုတာ
မရှိသလောက်ကိုနည်းသွားပါပြီ။
ထို့အတွက် unlimited code တွေဆို ပိုလို့တောင်မဖြစ်နိုင်တော့ပါဘူး။
ဆိုတော့....
လာပြတဲ့ channel တွေ၊ tiktok video တွေထဲကဟာတွေကို
သေချာလိုက်ကြည့်ပြီးတဲ့နောက်မှာတော့
ခိုးခံနေရတာက ruijie ဘက်က ယိုပေါက်က မဟုတ်ပဲ
- ကိုယ့် Project ကိုထိန်းထားတဲ့သူ၊
- Project ဆားဗစ်လုပ်ပေးထားတဲ့သူ
- ကိုယ့် အကောင့် password သိထားတဲ့သူ
- ကိုယ့် project ကို share ယူထားတဲ့သူတွေထဲက
တစ်ဦးဦး ( သို့မဟုတ် ) အဖွဲ့လိုက်က
Unlimited usergroup တွေ အသစ်လုပ်ပြီးတော့
စက်ပိုင်ရှင် မသိအောင် code ထုတ်ရောင်းနေတာတွေတွေ့ရပါတယ်။
အပြည့်အစုံကိုဖတ်ရန်
https://www.facebook.com/share/p/1BGv6L2CmR/
#timeCodeManager
#ruijieVoucherManager