Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
Ruijie Gateway သုံးထားတယ်ဆိုရင်တော့
- ခိုးသုံးခံရတာ
- ကျော်သုံးခံရတာ
- Hotspot Share လုပ်သုံးနေတာ
- အချိန်ပြည့်ပြီး ဆက်သုံးလို့ရနေတာ
- GB Limit ပြည့်ပြီး ဆက်သုံးလို့ရနေတာ
စတာတွေအတွက်
Time Code Manager SVIP ထဲက
အနီဝိုင်းထားတဲ့ သုံးခုကို ဖွင့်ထား သုံးထားလိုက်ရင်
တော်တော်များများ သက်သာသွားပါမည်။

"Client Sync ကတော့ ပိုပြီးအရေးကြီးပါသည်။"

မှတ်ချက်။ ။
မိမိတို့ Time Code Manager Account သည်
SVIP ဖြစ်ထားရပါမည်။



#timeCodeManager
Client Sync Interval ပြင်ဖို့အတွက်ဆိုရင်
အဝေးကနေ လှမ်းပြင်လို့မရပါဘူး။

သူက Gateway တိုက်ရိုက် ပြင်ဆင်တာမို့
မိမိတို့ Gateway အောက်ကနေ လွင့်ထားတဲ့
အနီးဆုံးက Wifi ကိုချိတ်ပြီး ဝင်မှသာ
ပြင်ဆင်လို့ရမှာဖြစ်ပါတယ်။

"စက်က တစ်နေရာ၊ လူကလဲ အခြားတစ်နေရာကနေ
ဝင်ပြင်လို့မရနိုင်ပါဘူး"


ဒါဆို Client Sync Interval ပြင်ရင် ဘာအားသာချက်ရှိသွားလဲ ?

- ကိုယ့်နားမှာမရှိတဲ့ Code တွေနဲ့ portal ကျော်သုံးနေရင်
ခဏခဏ ပြန်ပြန်ပြုတ်သွားပြီး သုံးမရဖြစ်ပါမယ်။

- GB နဲ့ရောင်းထားရင် GB ဘယ်လောက်သုံးပြီးပြီလဲဆိုတာကို
Connected Devices ထဲမှာ update မြန်မြန်သိနိုင်ပါတယ်။

- အချိန်ပြည့်ပြီး လိုင်းမဖြတ်သွားတာ၊
GB ပြည့်ပြီး လိုင်းမဖြတ်ပဲ ဆက်သုံးလို့ရနေတာတွေ
သက်သာသွားပါမယ်။

ကျန်တဲ့ အကျိုးကျေးဇူးတွေ ရှိသေးပေမယ့်
အပေါ်က အချက်သုံးက အရေးကြီးတာမို့
ဦးစားပေးပြောပြပေးတာဖြစ်ပါတယ်။

ပြီးတော့ Client Sync က
မူလအခြေအနေပြန်ရောက်သွားတတ်တာမို့
၁ ပတ်တစ်ခါလောက်တော့ ဝင်ဝင်ပြီး စစ်ပေးသင့်ပါတယ်။
အကယ်လို့ 600 ပြနေရင် 10/15 မိမိအဆင်ပြေရာ
ပြန်ပြောင်းလိုက်ပါ။


#timeCodeManager
Hotspot ပိတ်တာအတွက် အဆင့်တွေအများကြီး
လုပ်စရာမလိုပါဘူး
Click တစ်ချက်ပဲ နှိပ်ဖို့ လိုပါတော့တယ်။
GB နဲ့ရောင်းနေပြီဆိုရင်တော့
Hotspot မပိတ်လဲရပါပြီ။
သူတို့လွင့်သုံးလေ GB အကုန်မြန်လေမို့ပါ။
#timeCodeManager
RUIJIE မှာ HTTP injection ပါတဲ့ VPN တွေနဲ့
ကျော်လို့ရနေသေးတယ်ဆိုတာက
- Gateway မခံထားတာ
- Firmware နောက်ဆုံးဗားရှင်းမဖြစ်သေးတာ
- Prevent Http Injection ဆိုတာကို မဖွင့်သေးတာတွေကြောင့်ဖြစ်ပါတယ်။
Gateway သုံးထားတယ်
Firmware နောက်ဆုံးဗားရှင်းလဲ ဖြစ်ထားတယ်ဆိုရင်‌တော့
Prevent Http Injection ဆိုတာကို မဖြစ်မနေ ဖွင့်သုံးဖို့လိုပါလိမ့်မယ်။
Time Code Manager မှာတော့ SVIP ထဲမှာ
တစ်ချက်နှိပ်ပြီး Prevent Http Injection ကိုဖွင့်လို့ရပါတယ်။
-
VPN ဖိုင်တွေရောင်းတဲ့သူတွေလဲ
သူတို့ဖိုင်ရောင်းရင် Old Version ဆိုပြီး ပါကြတာများပါတယ်။
အဲ့ဒါက firmware version နိမ့်နေတဲ့စက်တွေအတွက်ပါ။
ပြီးတော့ AP သီးသန့်နဲ့ code ထုတ်နေတဲ့သူတွေက အဲ့ဒီ
old version နဲ့က သာသာယာယာ ကျော်လို့ရနေမှာပါ။
ထို့အတွက် အပေါ်မှာရေးထားသလိုမျိုး အချက်တွေကို ပြန်စစ်လိုက်ရင်
သက်သာသွားပါမည်။
#timeCodeManager
ဒီတစ်ခေါက် update မှာ
- client sync အတွက်လဲ သီးသန့် app တစ်ခုနဲ့
စစ်စရာမလိုတော့အောင်ရယ်
- hotspot share တာကိုလဲ
တစ်ချက်နှိပ်ပြီး ပိတ်ပြီးနိုင်မယ့်ဟာရယ်
ပါဝင်လာပါမည်။
update မထွက်ကြားထဲ နောက်ထပ် feature အသစ်တွေ
ထပ်ပေါင်းထည့်ဖြစ်ရင်လဲ post တင်ပေးပါမည်။
------
Time Code Manager App သည်
Ruijie Company နှင့်သက်ဆိုင်ခြင်းမရှိပါ။
ထို့ကြောင့် Time Code Manager App Error မှလွဲ၍
Ruijie နှင့်သက်ဆိုင်သော
- Error များ
- မေးခွန်းများ နှင့် setting လုပ်နည်းတွေအတွက်
သက်ဆိုင်ရာ Ruijie Company / Ruijie Dealer တွေနဲ့
သက်ဆိုင်ရာ ဆားဗစ်ဆရာများထံတွင်သာ မေးမြန်းပါ။
** Time Code Manager နဲ့ပါတ်သက်ပြီး
Error ဖြစ်ရင်တော့ အချိန်မရွေး
Page မှာ လာရောက် မေးမြန်းနိုင်ပါသည်။
#timeCodeManager
Ruijie Cloud က Asia Server မှာ error ခဏခဏတက်လို့ဆိုရင်လဲ
အခြား Region Server တွေပြောင်းပြီးတော့ project လုပ်ရင်
Error သက်သာပါတယ်။
( လက်ရှိ တစ်ချို့ US Server နဲ့သုံးနေတာ အေးဆေးပါပဲ )

နောက်တစ်ခုက အခြား region တွေမှာလဲ သွားသုံးပေးမှ
လူတွေများလာပြီး တစ်ခုခုဖြစ်ရင်
အဲ့ဒီ region server ကိုသုံးနေတဲ့ နိုင်ငံခြားသားတွေက
ကိုယ်တွေအစား complain ပိုတက်ပေးပါလိမ့်မယ်။
လက်ရှိမှာ တစ်နေ့ကလို cloud နှေးတာတွေ၊
error တွေက အခြား region မှာ သိပ်မဖြစ်ပါဘူး။

အဓိကတော့ ကုဒ် သူခိုးတွေလဲ အဲ့ဒီဘက်ကစက်တွေကို
သွားမခိုးသေးတာကြောင့်လဲပါပါမယ်။

အပြောင်းလဲလေးဖြစ်အောင် အကြံဉာဏ်လေးတစ်ခုပေးလိုက်တာပါ။
လုပ်ချင်တာမျိုးရှိရင်‌တော့ သက်ဆိုင်ရာ ဆားဗစ်ဆရာတွေကိုပြောပြီး
ပြောင်းကြည့်နိုင်ပါတယ်။


#timeCodeManager
Voucher Code ဒီဇိုင်းတွေ ထည့်ဖို့အတွက်
မိမိတို့ရဲ့ project ကို share လုပ်နည်းလေးပါ။

#timeCodeManager
စျေးနှုန်းပေါင်းစုံအတွက် ပြင်ဆင်ပေးရမှာမို့
ဒီလို software နဲ့မှပဲ အဆင်ပြေတော့မယ်။

လစဉ်ဘေဆောင်နေတဲ့သူတွေနဲ့
SVIP Member တွေအတွက် မကြာခင်
ဒီဇိုင်းလေးတွေ လုပ်ပေးနိုင်အောင် ကြိုးစားနေပါတယ်။


အခြားစက်ပိုင်ရှင်တွေအနေနဲ့လဲ
Ruijie Dealer အရောင်းဆိုင်နဲ့
Ruijie Gateway / Router တွေဝယ်ခဲ့တဲ့ဆိုင်တွေနဲ့
ဆားဗစ်တွေထံကနေ
Design ဖိုင်တွေ ယူလို့ရမယ်လို့ ထင်ပါတယ်။


------
Time Code Manager App သည်
Ruijie Company နှင့်သက်ဆိုင်ခြင်းမရှိပါ။
ထို့ကြောင့် Time Code Manager App Error မှလွဲ၍
Ruijie နှင့်သက်ဆိုင်သော
- Error များ
- မေးခွန်းများ နှင့် setting လုပ်နည်းတွေအတွက်
သက်ဆိုင်ရာ Ruijie Company / Ruijie Dealer တွေနဲ့
သက်ဆိုင်ရာ ဆားဗစ်ဆရာများထံတွင်သာ မေးမြန်းပါ။
** Time Code Manager နဲ့ပါတ်သက်ပြီး
Error ဖြစ်ရင်တော့ အချိန်မရွေး
Page မှာ လာရောက် မေးမြန်းနိုင်ပါသည်။

#timeCodeManager
Media is too big
VIEW IN TELEGRAM
ကိုယ့် customer တွေက voucher code ထည့်လိုက်ရင်
GB ဘယ်လောက်ပါတယ်၊ ဘယ်အချိန်မှာ ပြည့်မယ်ဆိုတာကို
သူတို့ code ထည့်ပြီး login ဝင်လိုက်တာနဲ့ ဖော်ပြပေးချင်တာဆိုရင်
ပုံ ( ၁ ) ထဲမှာပြထားတဲ့ Show Balance Page ကို
ဖွင့်ပေးလိုက်ရင်ရပါတယ်။

ပုံ ( ၂ ) ကတော့ ကိုယ့် portal login စာမျက်နှာမှာ
voucher ထည့်သုံးမယ့်သူတွေကို
သိစေချင်တဲ့ စာတွေ၊ကြေငြာချက်လေးတွေ
ရေးလို့ရပါတယ်။

---------

Time Code Manager App သည်
Ruijie Company နှင့်သက်ဆိုင်ခြင်းမရှိပါ။
ထို့ကြောင့် Time Code Manager App Error မှလွဲ၍
Ruijie နှင့်သက်ဆိုင်သော
- Error များ
- မေးခွန်းများ နှင့် setting လုပ်နည်းတွေအတွက်
သက်ဆိုင်ရာ Ruijie Company / Ruijie Dealer တွေနဲ့
သက်ဆိုင်ရာ ဆားဗစ်ဆရာများထံတွင်သာ မေးမြန်းပါ။

** Time Code Manager နဲ့ပါတ်သက်ပြီး
Error ဖြစ်ရင်တော့ အချိန်မရွေး
Page မှာ လာရောက် မေးမြန်းနိုင်ပါသည်။

#timeCodeManager
GB Limit နဲ့ ကုဒ်ထုတ်ရောင်းနေတဲ့သူတွေအတွက်
သုံးနေတဲ့သူတွေက သူတို့ GB ဘယ်လောက်ကျန်လဲဆိုတာကို သိနိုင်အောင်အတွက်
APP လေးပါ။

သုံးတဲ့သူရဲဲ့ ဖုန်မှာ အခု App ‌ေလး install လုပ်ခိုင်းပြီးတော့
လက်ကျန်ကို APP လေးဖွင့်ပြီး စစ်ခိုင်းလို့ရပါတယ်။

မှတ်ချက်။ ။ မိမိတို့ project မှာ data လက်ကျန်တွေကို သုံးစွဲသူဘက်က ကြည့်လို့ရအောင်အတွက်
Gateway တွေကို နောက်ဆုံး version မြင့်ထားဖို့လိုပါမည်။

#timeCodeManager
Data_လက်ကျန်စစ်မယ်.apk
1.2 MB
Ruijie စက်ပိုင်ရှင်တွေအတွက် ဝမ်းသာစရာသတင်းကောင်းလေးကတော့
အခုနောက်ဆုံး EG Series Firmware update မှာ
GB Limit တွေကို အတိအကျနီးပါးအထိ ဖြတ်ပေးနိုင်သွားပြီဖြစ်ပါတယ်။
( cloud မှာတော့ အရင်လိုပဲ update နောက်ကျတာကလွဲပြီး )

ပြီးတော့ customer တွေဘက်ကနေလဲ
သူတို့သုံးထားတဲ့ GB/MB တွေလဲ ကြည့်လို့ရသွားပြီဖြစ်ပါတယ်။

လက်ရှိကတော့ သူတို့ထည့်ပေးလာတဲ့ web လေးက
ကြည့်ရတာ နည်းနည်းပိုရှုပ်သွားပေမယ့်
လက်ကျန် GB ကြည့်လို့ရတာကို တော်တော်လန်းသွားပါပြီ။

အဲ့အတွက် သုံးတဲ့သူတွေဘက်က ရှင်းရှင်းလင်းလင်းနဲ့
လက်ကျန်လေးတွေကြည့်လို့ရအောင်
app သေးသေးလေးတစ်ခုထုတ်ပေးပါဦးမည်။

ဒီတစ်ခေါက် Ruijie ရဲ့ action ယူပေးလာတာလေး
မဆိုးဘူးပြောရမယ်။

လက်ရှိ မိမိတို့ စက်ကို နောက်ဆုံး ဗားရှင်း Update လုပ်ပြီးသုံးလိုက်ရင်
အခု feature တွေပါလာပါလိမ့်မည်။

( မှတ်ချက်။ ။ update လုပ်တဲ့အချိန် မီးမပျက်အောင် ဂရုစိုက်ပါ။ )

#timeCodeManager
အခု App အကြောင်းကို
https://t.me/ruijievouchermanager/654 မှာ ဖတ်နိုင်ပါသည်။
Ruijie_Client_Sync_Update.apk
1.5 MB
- အချိန်ပြည့်သွားပေမယ့် လိုင်းမဖြတ်သွားပဲ 
  ဆက်သုံးလို့ရနေတာ၊
- GB Limit ပြည့်သွားပေမယ့်၊ လိုင်းမဖြတ်ပဲ
  ဆက်ပြီးသုံးလို့၇နေသေးတာ


စတာတွေကို သက်သာအောင် ပြုလုပ်ပေးနိုင်မယ့်
Ruijie Client Sync Update Application

( Client Sync က ၂ ရက်တစ်ခါ ၅ ရက်တစ်ခါလောက်
ပြန်ပြီး ဝင်ဝင်စစ်ပေးနေရမှာပါ။ သူက Auto ပြန်ပြီးတော့
600s ပြန်ဖြစ်သွားနိုင်တာမို့ပါ။
600s ပြန်ဖြစ်သွားရင်လဲ ပြန်ပြီးတော့ 10s ပြန်လုပ်လိုက်ရုံပါပဲ။ )


ွှTime Code Manager ရဲ့ SVIP မှာ ပေါင်းထည့်ပေးဖို့
မလွယ်ကူသေးတာနဲ့
App သီးသန့်လေး အရင်လုပ်ပေးလိုက်တာပါ။

Time Code Manager ရဲ့ SVIP အဖွဲ့ဝင်ဖြစ်နေမှသာ
သုံးလို့ရမှာဖြစ်ပါတယ်။

Application Download ဆွဲရန်
https://t.me/ruijievouchermanager/655


#timeCodeManager
Gateway မှာ speed limit လုပ်ထားလိုက်ပြီလေ။
အဲ့တော့ အေးဆေးပဲဆိုပြီးတော့ သေချာမစစ်ပဲနဲ့
ပစ်မထားကြပါနဲ့ဦး

speed limit လုပ်ထားတာက အလုပ်လုပ်လား၊ မလုပ်ဘူးလားဆိုတာကို
ကိုယ်တိုင် ဖုန်းမှာ voucher code ထည့်ပြီးတော့
speed test တွေ သေချာပြန်စစ်ကြည့်ပါ။

Ruijie ရဲ့ Smart Traffic Control ကြောင့်ရယ်၊
တစ်ချို့ စာသေချာမဖတ်ပဲ
Hardware acceleration သွားဖွင့်ထားမိရင်
Voucher code မှာ speed limit လုပ်ထားလဲ
သုံးနေတဲ့ဖုန်းတွေက ပျော်ပျော်ကြီး Unlimited Speed နဲ့ဖြစ်နေပါမယ်။


#timeCodeManager
GB နဲ့ ပြောင်းပြီး ကုဒ်ထုတ်နေတဲ့သူတွေအတွက်လဲ
- Connected Devices မှာ code မှာသတ်မှတ်ထားတဲ့ GB ရယ်
ဘယ်လောက်သုံးထားပြီလဲဆိုတာ ဖော်ပြပေးထားပါတယ်။
- Print အတွက်လဲ GB Limit လေးပါချင်သူတွေအတွက်
Style 4 အသစ်ထပ်ထည့်ပေးထားပါသည်။


Time Code Manager 2.6c update လေးထုတ်ပေးထားပါတယ်။
Google Play Store မှာ သွားရောက်ပြီး update လုပ်နိုင်ပါပြီ။

———-

GB Limit နဲ့လုပ်ထားပေမယ့်
GB ပြည့်သွားတာတောင် လုံး၀မပိတ်သွားတဲ့ပြသနာအတွက်လဲ
ပြင်လို့ရနိုင်မယ့် App သီးသန့် တစ်ခုထုတ်ပေးပါမည်
( သို့မဟုတ် ) svip ထဲမှာ ပေါင်းထည့်ပေးပါမည်။



#timeCodeManager
ဒီအတိုင်းပဲပြန်ဖွင့်ပေးလိုက်တာလား ဘာလားတော့ သေချာမသိပေမယ့်
ှေရှ့ ၁ လကျော်တုန်းကရင်း ပိတ်သွားတဲ့ Mini လေး
ပိုင်ရှင်က ဒီအတိုင်းပစ်ထားတာ။

ဒီနေ့မှ bill လဲရက်လွန်ပြီး billing issue လဲဖြစ်နေတော့ အကြွေးလေး ဆောင်ကြည့်လိုက်မယ်ဆိုပြီး
ဆောင်ကြည့်လိုက်တာ
ဆောင်ပြီး ခဏနေတော့ location restrict တော့ ပေါ်သေးတယ်။
နောက် ခဏနေတော့ အကုန်လုံးပြန်ပွင့်သွားပြီး
Location ကြောင့်ပိတ်တယ်ဆိုတဲ့ စာတန်းလဲမရှိတော့ဘူး။

စက်ပိုင်ရှင်တော့ ကံကောင်းတယ်ပဲ ပြောရမယ်။

#timeCodeManager
GB Limit နဲ့ ပြောင်းမှာမို့
App ထဲက Connected Devices ထဲမှာ
GB ဘယ်လောက် limit ကို ဘယ်လောက်ထိသုံးထားပြီလဲ ပြပေးတာလေး
Update မှာ ထည့်ပေးနေပါတယ်။

ကိုယ်ကသာ ထည့်ပေးလိုက်ပေမယ့်
ပြသနာက ရှိသေးတယ်။

အဓိကတော့ ruijie cloud ရဲ့ sync နှေးတာရယ်
History တွေ ဖျက်မရတာတွေရယ်ကြောင့်
အခုပုံထဲမှာပြထားတဲ့အတိုင်း
694MB က ကိုယ့်စက်မှာ ချိတ်သုံးထားသမျှ MB စုစုပေါင်း

ဒုတိယနေရာမှာပြထားတဲ့ 2GB/2MB ဆိုတာက
လက်ရှိ ထည့်သုံးထားတဲ့ code ရဲ့ limit နဲ့သုံးနေတဲ့ ပမာဏ။

အဲ့ဒီမှာ model ဘေးမှာတော့ 694MB ကြီးနဲ့
code က usage မှာက 2MB ပဲသုံးရသေးတယ်ဆိုပြီး
ဘာကြောင့်ဆိုတဲ့ မေးခွန်းတွေ အမေးများလာဦးမှာ မြင်ယောင်မိ။

ဘယ်လိုပဲဖြစ်ဖြစ်၊ အပြောင်းအလဲကို မီအောင်တော့ လိုက်ပြီး
update လုပ်ပေးနိုင်အောင် ကြိုးစားပေးနေပါတယ်။

data တိကျတာ၊ မကျတာကတော့ Ruijie အပိုင်းပေါ့ဗျာ။

#timeCodeManager
တော်တော်များများ အင်တာနက်သုံးတာက Social / Video နဲ့ သတင်းတွေကြည့်တာမျိုး အများဆုံးဖြစ်ပါတယ်။

ထို့အတွက် သိပ်အရေးမကြီးတဲ့ ဖိုင် size ကြီးတဲ့
download လုပ်တာမျိုးတွေကို တားဖို့အတွက်

Ruijie Reyee App Block ထဲက
- Databank / P2P Software စတာတွေကို block လုပ်သင့်ရင် လုပ်ထားပါ။

- Online လောင်းကစားတွေအတွက်ကတော့ Online_Gambling
VPN Protocol တွေကိုပိတ်ချင်ရင်တော့ NetworkService ဆိုတာတွေကို
ထည့်ပြီးပိတ်နိုင်ပါတယ်။

လက်ရှိ Data Plan ပြောင်းခိုင်းခံရတဲ့စက်တွေကလဲ
ကျွန်တော့် တစ်ဦးတည်းအမြင်အရဆိုရင်
Traffic သုံးတာများတယ် မများဘူးထက်
File Storage / Hosting တွေကနေ ဖိုင်ကြီးတွေ ဒေါင်းလုပ်အဆွဲများတာမျိုး၊
ပြီးတော့ ကန့်သတ်ထားတဲ့ ဖိုင်မျိုး၊ copyright ပါတဲ့ ဖိုင်များ ( ဥပမာ ဇာတ်ကားတွေ၊ crack software တွေ etc.. ) တွေ ဆွဲတာများတာမျိုးကြောင့်လဲ
ဖြစ်နိုင်ပါတယ်။

ထို့အတွက် ကိုယ်ကတော့ မဆွဲဘူးဆိုပေမယ့်၊ wifi လွင့်ထားတော့
အောက်က သုံးနေတဲ့သူတွေက ဆွဲနေရင်လဲ ကိုယ့်စက်ပဲ ထိနိုင်မယ့်အမျိုးဆိုတော့
Social / Video / News တွေကိုသာ ဦးစားပေးဖွင့်ထားပြီး
ကျန်တာတွေကို ပိတ်ထားတာက အနည်းအကျဉ်းသက်သာပါလိမ့်မည်။

#timecodemanager
Expired ဖြစ်သွားတဲ့ Voucher Code တွေကို အမြဲ ဖျက်ထားသင့်လားဆိုတာ..
တစ်ချို့ဆိုရင် expired ဖြစ်နေတဲ့ voucher တွေပဲကို
4000 ကျော်လောက်ထိမဖျက်ပဲ ထားထားတာတွေ့ဘူးပါတယ်။

မဖျက်တာလဲပါမယ် ဒါမှမဟုတ် ဖျက်ရမယ်ဆိုပြီးတော့
ပြောပြမယ့်သူမရှိတာလဲပါလောက်ပါမယ်။

အကောင်းဆုံးကတော့ expired code တွေကို
ပြန်လိုက်စစ်မှာမဟုတ်ရင် ဖျက်ထားတာကောင်းပါတယ်။

ဒါက မိမိ project ( gateway id တစ်ခုစာ ) အတွက် voucher code allocate ( database ) အတွက်လဲ ပိုမိုပေါ့ပါးစေနိုင်ပါလိမ့်မယ်။
ထို့အတူ ruijie cloud ဘက်မှာလဲ data တွေ ရယူရတာ၊ generate လုပ်ရတာတွေအတွက်လဲ ဝန်ပေါ့စေသွားမှာပါ။

သုံးပြီးသား code တွေကို လွယ်လွယ်ကူကူနဲ့ အမြန်ဖျက်ဖို့အတွက်
အောက်ပါနည်းလမ်းလေးတွေနဲ့ ဖျက်နိုင်ပါသည်။
ဖျက်နည်း ( ၁ )
https://www.facebook.com/share/p/1AAQsvwZHP/
ဖျက်နည်း (၂)
https://www.facebook.com/share/v/1DN4npLai8/

#timeCodeManager
- တစ်ချို့ Code ထည့်ရတာကြာတယ်၊
- Code ထည့်တဲ့ဟာ ပေါ်ဖို့ကြာတယ်
- ထည့်ထားတဲ့ code တွေလဲ ပြန်ပြုတ်ပြုတ်သွားတယ်ဆိုပြီး
လာမေး၊ လာပြောကြတာတွေရှိပါတယ်။

မိမိတို့လဲ အဲ့လိုကြုံနေရရင် အကုန်လုံးဖြစ်နေပါလားဆိုတာ
သိရအောင် post တင်ပေးခြင်းဖြစ်ပါသည်။

"မြန်မြန် ပြန်အဆင်ပြေဖို့အတွက်ကတော့
Ruijie ဘက်ကို report ဝိုင်းတင်ဖို့ပဲ အကြံပေးဖြစ်ပါတယ်ခင်ဗျ"

ကျွန်တော်တော့ ကြားထဲကနေ error ဖြစ်တိုင်း
report လုပ်ပေးရတာပင်ပန်းလာပြီမို့ နားပါပြီ။
အမြဲ report လုပ်ပေးပြီး error တွေကိုလဲ
အချိန်နဲ့တစ်ပြေးညီ တင်ပေးဖြစ်၊ ကူညီပေးဖြစ်ပြန်တော့လဲ
ကျွန်တော့်ကို ruijie ဘက်ကလူထင်ပြီး
တစ်ချို့တွေက မင်းတို့ ruijie က ဘာညာတွေနဲ့ လာဆဲတာမျိုးတွေ၊
အထင်လွဲတာမျိုးတွေ ကြုံခဲ့ရပါတယ်။

ဆိုတော့ စက်ပိုင်ရှင်တွေနဲ့ ruijie ကြား error တစ်ခုခုဖြစ်တိုင်း
ကူညီပြီး report တင်ပေးတာမျိုးတွေ နားလိုက်ပြီဆိုတာ အသိလာပေးတာပါ။

ကိုယ်တိုင် report တင်လို့ရအောင်အတွက်လဲ
အရင်က post လေးတင်ပေးထားဖူးပါတယ်။

---------
လက်ရှိတော့ ကိုယ်လက်ခံထားတဲ့ Project တွေအတွက်လောက်ပဲ
အားပိုစိုက်ပေးဖြစ်ပါတော့မယ်။

အားလုံးပဲအဆင်ပြေကြပါစေ။

#timeCodeManager
#ruijieVoucherManager
 
 
Back to Top