Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
ဒီတစ်ခေါက် ruijie cloud error က ကြမ်းပါတယ်။
Voucher Code တွေ တစ်ခုမှ မပေါ်တော့ပါဘူး။
အဲ့ဒါမို့ time code manager မှာလည်း voucher manager ထဲဝင်ရင် ပြန်ထွက်သွားပါလိမ့်မယ်ဗျ။
ပိုဆိုးတာက တော်တော်များများ code မလိုပဲ လိုင်းချိတ်လို့ရနေတာတွေ ကြံရပါလိမ့်မယ်ဗျ။
တစ်ချို့ဆို code တောင်းတဲ့နေရာမပေါ်တော့ပဲ
Bad Gateway ဆိုပြီး ပေါ်နေတာတွေကြုံရပါမယ်ဗျ။
Ruijie Cloud ဘက်က ဖြစ်တာမို့
သူတို့ဘက်က ပြန်ကောင်းလာမှပဲ အရင်အတိုင်းပြန်သုံးလို့ရမှာဖြစ်ပါတယ်ခင်ဗျ။
မြန်မြန်ပြန်ကောင်းလာဖို့ပဲ စောင့်ရပါတော့မယ်ဗျ။
Ruijie Support မှာ သွားပြောတတ်ရင်တော့
report သွားလုပ်လေ ပိုမြန်လေဖြစ်လောက်မယ်ဗျ။

#ruijievouchermanager
#timecodemanager
Printer + App တွဲရက် အနည်းငယ်ရပါဦးမည်။
စျေးနှုန်း = 320,000 ကျပ်။
မန္တလေးမြို့တွင်း ဒါမှမဟုတ် ကားဂိတ်ပို့လို့အဆင်ပြေတဲ့သူကို ဦးစားပေးပို့ပေးပါမည်။
လမကုန်ခင်တော့ အလုံးရေများများထပ်ရောက်နိုင်ပါသည်။
#timecodemanager
#ruijievouchermanager
မနေ့က Recovery Firmware Post ကိုမြင်ပြီး
Recovery Firmware ဖိုင်တွေ ဘယ်ကနေယူရတာလဲဆိုပြီး မေးလာကြလို့ပါ။
-------------
Ruijie Recovery Firmware တွေအတွက်
စက်အကောင်းထဲကနေ ကူးထားစရာမလိုပဲ
ကိုယ်လိုချင်တဲ့ model အတိုင်း ရိုက်ထည့်ပြီး
Recovery ဖိုင်တွေ official ဆွဲလို့ရတဲ့ဟာလေးရှိပါတယ်။
Official Recovery ဖြစ်တဲ့အပြင်၊ rootfs တင်မဟုတ်ပဲ kernel တွေကအစပါဝင်ပါတယ်။
( Ruijie Website မှာတော့ recovery firmware တွေတင်ပေးထားတာမတွေ့ရသေးပါဘူး။ upgrade firmware ပဲတင်ထားတာပါ )
လက်ရှိမှာတော့ အလွယ်တကူ ရှာလို့ ဆွဲလို့၇အောင် App လေးလုပ်ပေးဖို့ စဉ်းစားထားပါတယ်။
App Release လုပ်ဖြစ်ရင် Post သီးသန့်တင်ပေးပါမည်။
#ruijievouchermanager
#timecodemanager
အခုနောက်ပိုင်း Ruijie Gateway / AP / Router တွေ တော်တော်များများ
Firmware update လုပ်နေတုန်း မီးပိတ်မိလို့ ပျက်သွားတာတွေ၊
Firmware update error ဖြစ်ပြီး စက်ပြန်မပွင့်တော့တာတွေ ကြုံနေရပါတယ်။

အဲ့ဒီထဲက တစ်ချို့ Model တွေက self repair mode ရောက်နေရင်တော့
အလွယ်တကူ ပြန်ပြင်လို့ရပေမယ့်
- eth0 ( Lan ) မတက်လာတော့ပဲ
- SYS မီးပဲလင်းပြီး boot မတက်လာတော့တဲ့ အနေအထားတွေဖြစ်လာပြီဆိုရင်တော့
Ruijie က ပြောထားတဲ့ နည်းတွေအတိုင်း ပြန်ပြင်ဖို့ကမလွယ်တော့ပါဘူး။
( သူတို့ website မှာပေးတဲ့ ဖိုင်တွေကလည်း အသုံးမဝင်တော့ပါဘူး )

အဲ့ဒီလို စက်တွေကို ပြင်ဖို့အတွက်က
- စက်ဖြုတ်ရတယ်၊
- သူ့အတွက် သီးသန့် recovery firmware file တွေလိုအပ်လာပါတယ်။

သေချာတာတော့ u-boot အပိုင်းတွေ မကလိ၊ မထိထားရင် ပြန်ရဖို့ 100% သေချာပါတယ်။


Self Repair Mode မဝင်တော့ပဲ၊
Boot မတက်၊ bootloop ပတ်နေတဲ့ device တွေကို
ပြင်ပေးနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။

လက်ရှိမှာလည်း မြန်မာမှာအသုံးများတဲ့ recovery firmware file တွေကို ရသလောက်ရှာဖွေစုစည်းထားပါတယ်။


အကယ်လို့ ကျနော်တို့ service စလက်ခံဆောင်ရွက်ပေးတော့မယ့်အခါကြရင်
Post သီးသန့်တင်ပေးပါမည်။

#timecodemanager#ruijieVoucherManager
Ruijie Gateway တွေမှာ လောင်းကစားဂိမ်း ( ကျွဲဂိမ်း၊ စလော့ဂိမ်း ) စတဲ့ Game တွေနဲ့ Website တွေကို ပိတ်ပေးနိုင်တဲ့
Block Gambling Sites Feature ထဲမှာ
ကျွန်တော်တို့ ရသမျှ data တွေကို ပေါင်းပြီး
အမြဲ Update လုပ်ပေးလျက်ရှိပါတယ်။

အခု feature ကို စမိတ်ဆက်တုန်းက URL 8 ခုသာ ရှိခဲ့ရာကနေ
အခုဆို 46 ခုအထိကို update လုပ်ပေးလာနိုင်ခဲ့ပါပြီ။


နေ့စဉ် လောင်းကစားဂိမ်းတွေ၊ စလော့ဂိမ်းတွေ အသစ်အသစ်တွေထွက်နေတာမို့၊ ရေရှည်အတွက်က အခုလို App ကနေ update နဲ့ လှမ်းပိတ်တာက အဆင်ပြေဆုံးထဲက တစ်ခုဖြစ်ပါတယ်။


( ပုံမှန်ကတော့ ဂိမ်းတွေကို မပိတ်လည်း ဘာမှတော့မဖြစ်ဘူးဆိုပေမယ့်
တစ်ချို့စက်ပိုင်ရှင်တွေအနေနဲ့ကလည်း
Facebook ပေါ်က post တွေအတိုင်း
လောင်းကစားဂိမ်းတွေကြောင့် မိမိတို့ အင်တာနက်စက် ပိတ်ခံရမှာစိုးတယ်ဆိုတဲ့အတွက် ပိတ်ချင်ကြတာတွေရှိပါတယ်။ )

အခု လောင်းကစားဂိမ်းတွေကို ပိတ်ပေးတဲ့ feature ကတော့
Time Code Manager မှာ SVIP လေးဖြစ်ထားမှသာ အသုံးပြုလို့ရမှာဖြစ်ပါသည်။


အားလုံးပဲ စက်တွေပိတ်ခံရခြင်းမှ ကင်းဝေးပြီး
အဆင်ပြေကြပါစေ။

#ruijievouchermanager
#timeCodeManager
SVIP တွေအတွက်
အခုတစ်ခေါက် Time Code Manager Update မှာ
- SVIP သက်တမ်းကုန်ဆုံးရက်
- စတားလင့်ဘေဆောင်ရမယ့်ရက်တွေနဲ့
- မိမိတို့ SL Account Name / ID ကို
ကြည့်လို့၇အောင် ပေါင်းထည့်ပေးထားပါသည်။

( ဘေဆောင်ရက်ကိုအလွယ်တကူမြင်နေရမှာဖြစ်တဲ့အတွက်
ရက်လွန်သွားပြီး လိုင်းပိတ်ခံရတဲ့ပြသနာတွေကင်းဝေးသွားပါမည်။ )


ထို့အပြင် 2.2 မှာ ကြုံတွေ့ရတဲ့ error တစ်ချို့ကိုလည်း
အခု ဗားရှင်းအမြင့်မှာ ပြင်ဆင်ပေးထားပါသည်။


မကြာခင် playstore မှာ update ဆွဲလို့ရပါမည်။
https://play.google.com/store/apps/details?id=com.neotech.wifivouchermanager

---
#ruijievouchermanager
#timeCodeManager
Time Code Manager App ဝယ်သုံးတဲ့သူများအနေဖြင့်
Account Activate လုပ်ပေးထားပြီး၊
Account Login ဝင်လို့ရပြီနောက်
- ၁ ရက်ကျော်သည်အထိ ငွေလွဲမဝင်လာသေးသော
(သို့မဟုတ်)
- reply ပြန်မလာသော account များကို
activate ပြန်ဖြုတ်ထားပါသည်။

ထို့အတွက် App ပြန်အသုံးပြုလိုပါက
ငွေလွဲထားတဲ့ screenshot နဲ့အတူ page message သို့
လာရောက်ဆက်သွယ်နိုင်ပါသည်။

#ruijievouchermanager #timecodemanager
Update... ( Login ပြန်ဝင်လို့ရပါပြီ )
————-
ကျွန်တော်တို့ App ရဲ့ backend service ကို
host လုပ်ထားတဲ့ cloudflare ရဲ့ network ကြီး
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ down နေတာဖြစ်လို့
လက်ရှိမှာလည်း Time Code Manager App Login ဝင်လို့မရပဲ
Loading မှာကြာနေပါတယ်။

cloudflare ဘက်က service တွေပြန်တက်လာခဲ့ရင်တော့
အရင်အတိုင်းပြန်လည်အသုံးပြုလို့ရလာပါမယ်ဗျ။
အဲ့အတွက် အချိန်တစ်ခုတော့စောင့်ရပါလိမ့်ဦးမယ်ခင်ဗျ။

#ruijievouchermanager #timeCodeManager
Time Code Manager ရဲ့ SVIP ဆိုတာ
——————

ွှTime Code Manager ရဲ့ SVIP က
လစဉ်ဘေဆောင်နေတဲ့သူတွေမှသာ အသုံးပြုလို့ရမှာဖြစ်ပါတယ်။

အကယ်လို့ နောက်လတွေမှာ ဆက်ပြီးမဆောင်ဖြစ်ရင် SVIP လည်း ပြန်ပိတ်သွားမှာဖြစ်ပါတယ်။


SVIP မဖြစ်တော့ရင်
Block Gambling Website သုံးပြီး လောင်းကစားဂိမ်းတွေ
ပိတ်ထားတာတွေ ဆက်ပြီး ပိတ်တော့မှာမဟုတ်ပါဘူး။


တကြိမ်ဆောင်ပြီး SVIP အမြဲရနေမှာမဟုတ်ပါဘူးခင်ဗျ။
ထို့အကြောင့် SVIP အမြဲဖြစ်နေချင်ရင်
လစဉ်ဘေဆောင်နေမှသာ ဖြစ်နေမှာဆိုတဲ့အကြောင်း
အသိပေးလိုက်ရပါတယ်ခင်ဗျ။

-
လက်ရှိ SVIP မှာ -
၁။ သုံးပြီးသားကုဒ်တွေကို တစ်ကြိမ်ဖျက် ၁၀၀၀ အထိဖျက်နိုင်ခြင်း

၂။ မသုံးရသေးတဲ့ ကုဒ်တွေကို ရက်စွဲနဲ့ရှာပြီး ၁၀၀ စီဖျက်နိုင်ခြင်း
( ကုဒ် ၅၀၀၀ ပြည့်သွားလို့ အသစ်ထပ်ထုတ်မရတဲ့ error အတွက် အဆင်အပြေဆုံး )

၃။ ဝင်သုံးထားတဲ့ voucher code တွေကို တိုက်ရိုက်ထွက်နိုင် ( logout ) လုပ်နိုင်ခြင်။
( ဥပမာ၊ ကိုယ့် voucher code ကိုခိုုးပြီးသုံးခံရတာမျိုးကို logout ထွက်နိုင်ခြင်း )

၄။ Ruijie Gateway တွေမှာ http injection ( vpn ကာတဲ့ feature ) ကို click တစ်ချက်နှိပ်ပြီး ဖွင့်ပေးနိုင်ခြင်း

၅။ လောင်ကစားဂိမ်း၊ website တွေကို အလွယ်တကူ block ( ပိတ် ) ပေးနိုင်တဲ့ feature တို့ ပါဝင်ပါသည်။

နောက်ထပ် နေ့စဉ်အတွက်အသုံးဝင်မည့် feature တွေကိုလည်း svip မှာ ပေါင်းထည့်ပေးသွားဦးမှာဖြစ်ပါသည်။

#ruijieVoucherManager
#timeCodeManager
Time Code ထည့်စရာမလိုပဲ
အင်တာနက်သုံးလို့ရနေတယ်ဆိုတဲ့
Ruijie Gateway တွေအတွက်
One Click Login ဖွင့်ထားမိလားဆိုတာ စစ်နည်း။

#ruijieVoucherManager
#timeCodeManager
မသုံးရသေးတဲ့ Voucher Code အရေအတွက် 5,000 ပြည့်တာနဲ့
နောက်ထပ် အသစ်တွေ ထုတ်မရတော့တာ တော်တော်များများကြုံလာရပါတယ်။

အဲ့အတွက်ဖြေရှင်းနည်းကတော့ မသုံးရသေးတဲ့ code အဟောင်းတွေကို ရှာပြီးတော့ ပြန်ဖျက်ဖို့ပါပဲ။
Time Code Manager SVIP ထဲက Delete Unused Codes ဆိုတာက
အခုလို ပြသနာတွေအတွက် အလွယ်ဖြေရှင်းပေးနိုင်ဖို့ လုပ်ပေးထားတာဖြစ်ပါတယ်။

Brower ကနေ Cloud တွေထိ အဆင့်ဆင့်ဝင်စရာမလို၊ အချိန်အများကြီးပေးစရာမလိုပဲ Click အနည်းငယ်နဲ့ ဖြေရှင်းပေးနိုင်ပါတယ်။

ကွန်ပျူတာရှိတဲ့သူတွေအတွက်ကတော့
https://www.youtube.com/watch?v=D-iXNu2R07Q မှာ ဖျက်နည်းလေးတင်ပေးထားပါတယ်။

SVIP ဖြစ်ထားတဲ့သူတွေကတော့ ဝင်မကြည့်လည်းရပါပြီ။
အခုပုံထဲကအတိုင်းလုပ်သွားတာနဲ့ အဆင်ပြေသွားပါလိမ့်မည်။

#timecodemanager#ruijieVoucherManager
လက်ရှိ Time Code Manager ရဲ့
SVIP မှာ ပါဝင်ထားတဲ့ Feature များ

#ruijieVoucherManager
#timeCodeManager
Ruijie Cloud ထဲက Captive Portal Advanced Setting ထဲမှာ
TTL Rule ဆိုပြီးတော့ feature အသစ်တစ်ခုပါလာခဲ့ပါပြီ။

လက်ရှိမှာတော့ အဲ့ဒီ feature ကို FIREWALL ပါတဲ့ devices တွေမှာသာ အလုပ်လုပ်ပါသေးတယ် ( ဥပမာ NBR Series .... )

ရေးထားတဲ့ description အရတော့
Authorized မရထားတဲ့ ထပ်ဆင့်လွင့် wifi မှာ ချိတ်သုံးတဲ့ ဖုန်းတွေကို
အင်တာနက်သုံးမရအောင်ဆိုပြီးတော့ပါ။

Gateway ထဲက ttl rule ပုံစံမျိုးပါပဲ။

NBR သုံးနေတဲ့သူတွေဆိုရင်တော့ စမ်းကြည့်နိုင်ပါပြီ။

Gateway တွေအတွက်ပါ cloud ကနေ အခုလိုမျိုးပါလာရင်တော့
Hotspot share သုံးနေတာကို ပိတ်ဖို့အတွက် အတွက်
app ကနေပဲ ခလုတ်လေးနဲ့ ပိတ်လိုက်လို့ရသွားမှာဖြစ်ပါတယ်။

#ruijievouchermanager#timeCodeManager
#ruijie
လောင်းကစားဂိမ်းတွေကြောင့်
အင်တာနက်လိုင်းတွေ ပိတ်ခံရနိုင်တယ်ဆိုတဲ့
post တွေကြောင့် ဘယ်လိုပိတ်ရမလဲဆိုပြီး
အမေးများလာကြပါတယ်။


လောင်းကစားဂိမ်း ( စလော့ဂိမ်း ) နဲ့
လောင်းကစား website တွေကို block ဖို့အတွက်က
လုပ်နည်းသိရုံနဲ့ အဆင်မပြေသေးပြန်ဘူး။


ထွက်ထားသမျှ Game တွေ / website တွေကို
ကိုယ်တိုင် ရှာဖွေရပြန်ရော။
ဒါမှသာ အနောက်မှာ ချိတ်ဆက်အလုပ်လုပ်နေတဲ့
web address / api address တွေကို သိပြီး
block လို့ရမှာပဲဖြစ်ပါတယ်။


ဆိုတော့ block လုပ်တာအတွက် ဆားဗစ်အပ်ရင်
ဘယ်တော့မှ အကုန်အပြီး ပိတ်နိုင်မှာမဟုတ်ပဲ
ခဏခဏ အပ်နေရမှာပါ။


ထို့အတွက် App ကနေ update list နဲ့
ဖြေရှင်းပေးတဲ့နည်းက အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးဖြစ်ပါတယ်။


အလွယ်တကူ Block နိုင်တဲ့ သီးသန့် App တစ်ခု
tplink / mikrotik တွေအတွက်ပါ ထုတ်ဖို့စဉ်းစားထားပါတယ်။


လက်ရှိ Ruijie အတွက်ကတော့
Time Code Manager ထဲက
SVIP ထဲမှာ စတင်အသုံးပြုလို့ရနေပါပြီ။
( Block တာအတွက် Gateway ခံထားမှ အဆင်ပြေပါမည်။ AP သီးသန့်တွေ ပိတ်မရသေးပါ )


#ruijieVoucherManager
#timeCodeManager
လောင်းကစားဂိမ်းတွေ၊ ကြာဖြန့် website တွေကြောင့် စတားလင့်တွေ ပိတ်ခံရတယ်ဆိ်ုပြီး တစ်ချို့တွေတင်နေကြတော့
Ruijie Gateway သုံးနေတဲ့သူတွေအတွက်
စတားလင့် အင်တာနက်ပိတ်ခံရတာကို သက်သာစေမယ့် feature လေးပါဝင်တဲ့
Time Code Manager Update လေး Playstore မှာ update လုပ်နိုင်ပါပြီ။

မှတ်ချက်။ ။ SVIP ဖြစ်မှာသာ အသုံးပြုလို့ရပါဦးမည်။

#timeCodeManager
#ruijieVoucherManager
Media is too big
VIEW IN TELEGRAM
လက်ရှိမှာတော့ Block Gambling Sites ဆိုတဲ့
( စလော့ဂိမ်း၊ လောင်းကစား website တွေနဲ့
ကြာဖြန့်နဲ့သက်ဆိုင်တဲ့ address ) တွေကို
သုံးမရအောင် ပိတ်ပေးတဲ့ feature လေးက
စမ်းသပ်ရေးသားတာ အဆင်ပြေသွားပါပြီ။
နောက်တစ်ဆင့်အနေနဲ့
စလော့ဂိမ်း ၊ လောင်းကစား နဲ့ ကြာဖြန့်နဲ့သက်ဆိုင်တဲ့ website လိပ်စာတွေကို လိုက်လံစုစည်းနေပါတယ်။
လုံလောက်တဲ့ အချက်အလက်တွေရပြီဆိုရင်တော့ နောက်ထွက်မယ့် version update မှာ ပေါင်းထည့်ပေးတော့မှာဖြစ်ပါတယ်။
ပုံမှန် eweb ကနေ ဝင်ရောက်ပြီး block လုပ်လို့ရပေမယ့်
web url တွေက အမြဲတမ်း အသစ် အသစ်တွေ ထွက်နေတာမို့
ထွက်နေသမျှ data update ကို ကိုယ်တိုင်ထည့်ဖို့က
အမြဲအဆင်မပြေနိုင်ပါဘူး။
ထို့အတွက် အခု feature လေးလုပ်ပေးဖို့ idea ရသွားတာပါ။
ကျွန်တော်တို့ ရှာတွေ့သမျှ web url တွေကို အမြဲ update အနောက်ကနေလုပ်ပေးနေမှာဖြစ်ပါတယ်။

This feature need SVIP.

#ruijieVoucherManager
#timeCodeManager
Block Gambling Sites ဆိုပြီးတော့
လောင်းကစားဂိမ်း၊ website တွေကို
အမြဲ update ဖြစ်ပြီး သုံးမရအောင်ပိတ်ပေးဖို့အတွက် ကြိုးစားပေးနေပါပြီ။

ပြီးတော့ ဒီရက်ပိုင်း ruijie ဘက်က client data အပြည့်မပါတာတွေကြောင့် block လုပ်မရတာတွေ၊ အမည်ပြောင်းမရတာတွေအတွက် update မှာ fix လုပ်ပေးလာပါမည်။

#ruijieVoucherManager
#timeCodeManager
Voucher Code 5000 ပြည့်ပြီး
code အသစ်တွေ ထပ်ထုတ်မရတော့လို့ ခေါင်းကိုက်နေရင်...

https://vt.tiktok.com/ZSU3jqLcp/

#timeCodeManager TikTok · ruijievouchermanager
ကြာဖျန့်တွေကြောင့် အင်တာနက်တွေ ပိတ်ခံရမှာ စိုးရိမ်တဲ့သူတွေများလာသလို

တစ်ဖက်မှာလည်း အဲ့ဒီလိုပိတ်ခံရတာကို သက်သာဖို့အတွက်
- လောင်းကစားဂိမ်း ( ကျွဲဂိမ်း / စလော့ဂိမ်းစသည့် )
- လောင်းကစား website တွေ
- ကြာဖျန့်နဲ့ ဆိုင်တဲ့ website တွေကို
သုံးမရ/ ဝင်မရအောင် ပိတ်ဖို့ပြောနေကြတာတွေလည်း တွေ့ရပါတယ်။

အဲ့အတွက် Ruijie Device တွေမှာ
App ကနေပြီး
အလွယ်တကူ ပိတ်လို့ရအောင်အတွက်ရယ်
ဂိမ်းတွေ / website လိပ်စာတွေ အမြဲတမ်း list update နဲ့ ပိတ်နိုင်အောင်အတွက် Feature တစ်ခုအကောင်ထည်ဖော်နေပါပြီ။

ဘေဆောင်နေကြသူတွေရဲ့ SVIP Feature ထဲမှပဲ ပေါင်းပေးဖြစ်မလား
( ဒါမှမဟုတ် )
App သီးသန့်ထုတ်ဖြစ်မလားဆိုတော့

သီးသန့် Post တင်ပေးပါမည်။

#timeCodeManager #ruijieVoucherManager
 
 
Back to Top