Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
VPN အတွက်
- HTTP Injection attack prevention
- DNSTT VPN Block
ဆိုတဲ့ ၂ ခုကို ဖွင့်ထားလိုက်ရင်
95% လောက်ထိကို ကာကွယ်သွားနိုင်ပါလိမ့်မယ်။
- DNSTT ကိုဖွင့်မယ်ဆိုရင်
မိမိတို့ Gateway ရဲ့ DNS က
8.8.8.8 , 1.1.1.1 တို့မဖြစ်နေရပါဘူး။
- Http Injection attack prevention ကိုဖွင့်မယ်ဆိုရင်
MAC Allow List လေးထဲမှာ
add Mac allowlist ဆိုတာလေးနဲ့
Gateway အောက်ထဲက AP/Router တွေ
Offline မဖြစ်အောင် လုပ်လို့ရပါတယ်။
#timeCodeManager
တစ်ချိုစတားလင့်စက်ပိုင်ရှင်တွေလဲ
ဒုက္ခက မသေးဘူးခင်ဗျ

ဘေဆောင်တာကို ဆောင်နေကြနေရာကနေ
အခြားနေရာကို ပြောင်းဆောင်တော့မယ်ဆိုရင်
Owner transfer ပါ တစ်ခါတည်း လုပ်ပါဆိုပြီး
ပြောတာတွေလဲ တွေ့ရတယ်

လိုမှ မလိုအပ်တာကြီးတွေ
Professional ဆန်ဆန်လေးလုပ်ကြပါ
ဝန်ဆောင်ခလဲယူထားကြပြီးသား
အဲ့ဒါကို ကိုယ့်နားမှာမဆောင်တော့လို
အခြားနေရာပြောင်းဆောင်တော့
စက်ပိုင်ရှင်ကို တမင် စိတ်ဒုက္ခထပ်ပေးကြသေးတာ

ပြီးတော့ အခုနောက်ပိုင်းက
ဘေဆောင်ရင် use new payment ကနေအမြန်ထည့်ပြီး
ဆောင်လိုရတာတွေရှိနေပြီ။

Read more : https://t.me/starlinkbillmm/111
အလုပ်ကိစ္စလေးနဲ့ လိုင်းအခက်ခဲကြောင့်
App ဝယ်တဲ့ Reply လေးတွေရယ် /
ဘေဆောင်ပေးတာတွေအတွက်
ကြန့်ကြာမှုများရှိနိုင်မှာမို့ပါ။
လိုင်းရရင် ရသလို Reply လေးတွေ
တတ်နိုင်သလောက်ပြန်ပေးပါမည်။

App ဝယ်ယူ Activate အတွက်လဲ
ချက်ချင်း Reply မရောက်လာခဲ့ရင်
ကျေးဇူးပြုပြီး စောင့်ပေးပါခင်ဗျ။

ကျေးဇူးတင်လျက်
#timeCodeManager
Time Code Manager 2.6h Update လေး
Playstore မှာ update လုပ်လို့ရပါပြီ။

https://www.facebook.com/share/r/1FCrvxwTrJ/

#timeCodeManager
ကိုယ်တိုင် ယာဉ်မောင်းလိုင်စင်နဲ့ ID တင်ဖို့အတွက်
လုပ်နည်းပါ။

တစ်ဆင့်ချင်းသာလုပ်သွားပါ။
လွယ်လွယ်ကူကူလေးပါ။
လက်ရှိလဲ ဒီနည်းနဲ့ရသွားတဲ့သူတွေ အများကြီးရှိနေပါပြီ။

#
- Voucher ကုဒ် ခိုးသုံးခံရတာ
- Voucher ကုဒ်တွေ မသုံးရသေးပဲ expired ဖြစ်သွားတာ
စတာတွေအတွက် အဓိက တရားခံထဲမှာ

"Project ကို share လုပ်ပေးထားတာလဲပါပါတယ်။"

ကိုယ်ထဲမှာမရှိတဲ့ code နဲ့တင်ကို ဝင်သုံးလို့ရပါတယ်။
Share လုပ်ထားတဲ့ account ထဲက project အချင်းချင်း
code တွေက အတူတူသုံးလို့ရနေတာမျိုးကြောင့်ပါ။

အဲ့အတွက် လို-တို-ရှင်း ကတော့
မိမိတို့ project တွေ အခြားသူကို share လုပ်ပေးထားဖူးရင်
အခုတစ်ခါတည်း share ဖြုတ်ပါ။
( အခြားသူကို ပေးဝင်ထားဖူးရင်လဲ
Password တွေပြောင်းပါ။ အခြားသူရဲ့ Projectတွေလဲ
ကိုယ့်ထဲမှာ share ဖြစ်နေရင် ပြန်ဖြုတ်ပါ။ )

ကျွန်တော်တို့ထံကို စစ်ဆေးဖို့၊ portal ထည့်ပို့
share လုပ်ပေးကြတဲ့ project တွေအားလုံးကိုလဲ
ကျွန်တော်တို့ share အကုန်ပြန် cancel လုပ်ပေးထားပါပြီ။


#timeCodeManager
ကိုယ့်ရဲ့ ယာဉ်မောင်းလိုင်စင်နဲ့တင်လိုက်ရင်ကို
ID က တန်းအောင်ပါတယ်။

အကောင့်က အမည်နဲ့မတူလဲရတယ်
ချက်ချင်းကိုအောင်တာပါ။

အဲ့တော့ ကိုယ့်နားမှာ ယာဉ်မောင်းလိုင်စင်မရှိရင်တောင်
အသိသူငယ်ချင်းနားကနေ ခဏငှားပြီးတင်ပါ။

ပိုက်ဆံလဲ ၁ သိန်းကျော်လောက်သက်သာသွားမယ်
ပြီးတော့ ကိုယ့်အကောင့်ကိုလဲ သူများကိုပေးဝင်ပြီး
လုပ်ခိုင်းစရာမလိုတော့ဘူး။

ဆားဗစ်အပ်တော့လဲ
လုပ်ပေးတဲ့သူက လိုင်းစက်ကဒ် ၃ ၄ ခုနဲ့
ရှိသမျှ စက်တွေအကုန်တင်ထားတာနဲ့ကြုံရင်
ကိုယ့်စက်လဲ အဲ့ထဲပါသွားမှာက
စိုးရိမ်ရပါသေးတယ်။
( ပိုက်ဆံယူထားလို့ ပြန်တာဝန်ယူပေးရင်တော့
တစ်မျိုးပေါ့ )

မဖြစ်ခင်ကတော့ ဘာမှမဖြစ်သေးဘူးခင်ဗျ
ဖြစ်လာရင်လဲ အတွဲလိုက်ပါမှာစိုးရသေးတော့
ယာဉ်မောင်းလိုင်စင်ရှိရင် ကိုယ်တိုင်သာတင်ပါ။

ထမင်းစားရေသောက်သလိုပဲ
လွယ်လွယ်လေးပါ။
Starlink ID တင်တာက Admin အကောင့်ပေးစရာမလိုပဲနဲ့
billing / technical နဲ့တင် တင်လို့ရပါတယ်။

လက်ရှိ ID တင်ပေးဖို့ ဆားဗစ်အပ်ရင်
Admin အကောင့်ကြီးပေးဝင်လိုက်ပီး
Admin ဖြုတ်ချခံရတာတွေ တွေ့လာရတာမို့ပါ။

တကယ်ဆိုရင်
Admin မလိုပဲ Billing ကနေကိုတင်ပေးလို့ရပါတယ်

ထို့ကြောင့် id service အပ်မယ်ဆိုရင်လဲ
Admin အကောင့်နဲ့ တောင်းပြီး တင်ပေးမယ်ဆိုရင်
စိတ်ချရတဲ့သူ ဟုတ်မဟုတ် သေချာစစ်ပြီးမှသာ
အပ်ပါ။
All Perfect
- Code ဆက်တိုက်မှားထည့်လို့
Captcha တောင်းလဲ ထည့်လို့ရတာပါတယ်
- Loading 98% အထိ သက်သာမယ်
- မလိုအပ်တဲ့ code တွေ၊ ပုံတွေကို
ဖြုတ်ချထားတဲ့အတွက် Page ပေါ်ဖို့
အရမ်းမြန်လာမယ်
- Date ( MB/GB ) စား သက်သာမယ်
ဒီဇိုင်းအလှ၊ ပုံအလှတွေကိုကြိုက်တာတော့
လူတိုင်းပါပဲ။
ဒါပေမယ့် အခုလက်ရှိအခြေအနေနဲ့
ပြန်ပြီး စဉ်းစားနေရတဲ့အချိန်မှာ
ရိုးရှင်းပြီး အလုပ်မြန်မြန်ပြီးတာမျိုးမှပဲ
အဆင်ပြေတော့မှာပါ။
မကြာခင် Local Portal လဲထပ်လာပါမယ်။
local portal ရလာရင်တော့
cloud မလိုတော့ပဲ စက်ထဲမှာတင်
run ပြီး အချိန်၊ GB ၊ အကုန်အတိအကျဖြတ်လာမယ်
ပြီးတော့ cloud လိုင်းကျမှာမပူရတော့ဘူး
code hack ခံရမှာတွေမပူရတော့ဘူး။
( အဲ့အတွက် voucher စနစ်အသစ်ဖြစ်လာတော့မှာပါ။ )
#timeCodeManager
ှID မတူပဲ အတုတွေနဲ့အတင်လွန်ပြီး
Travel ID Block သွားတဲ့စက်တွေတော့
Service Disabled တွေကြုံလာရပါပြီ
Time Code Manager နဲ့
Click တစ်ချက်နှိပ်ပြီး
Http inject နည်းနဲ့ ကျော်သုံးတဲ့
VPN တွေကို ကာကွယ်ခြင်း

https://www.facebook.com/reel/1095825692821974/
အခုနောက်ပိုင်း ruijie ရဲ့
captive portal error ကြောင့်ဖြစ်မယ်ထင်တယ်
VPN ကျော်သုံးနေတယ်ထင်လို့ Block လိုက်တယ်
ပြီးတော့ Block ပြန်ဖြည်လိုက်ရင်
အဲ့ဒီဖုန်းက code မတောင်းတော့ပဲ
အကန့်သတ်မရှိ Free သုံးလို့ရသွားတာတွေ
ပိုဖြစ်လာပါတယ်။

အရင်ကရင်း သတိထားမိခဲ့လို့
Block က အဆင်မပြေတော့တာနဲ့
ကန့်သတ်မည် ( Restrict ) ကို သပ်သပ်ပြန်စမ်းပြီး
ထည့်ခဲ့ထားတယ်။

ဆိုတော့ လက်ရှိမှာ Block လုပ်လိုက်ပြီး
Block ပြန်ဖြည်လိုက်ရင် 100 မှာ 90 လောက်က
free သုံးလို့ရနေပါတယ်။
( ဘာမှကို ကျော်စရာမလိုပဲနဲ့ပါ )

အကယ်လို့ SVIP ဖြစ်နေတယ်ဆိုရင်တော့
Block အစား Restrict ကိုအသုံးပြုပါ။

#timeCodeManager
Http inject နည်းနဲ့ VPN တွေသုံးမရအောင်ပိတ်တဲ့
Prevent Http injection attack ကိုဖွင့်လိုက်ရင်
Gateway အောက်က AP / Router တွေ
Offline ဖြစ်သွားတာကို
Online ပြန်ဖြစ်အောင်အတွက်
Mac Allow List ပါတဲ့ 2.6g update လေး
Playstore ကနေ update လုပ်နိုင်ပါပြီ။
နောက်တစ်ခုကတော့
မိမိတို့မသိအောင် စက်ထဲမှာ
ဖုန်းတွေ code မလိုပဲသုံးလို့ရအောင်
သူတို့ဖုန်းရဲ့ MAC ထည့်ခံရထားဖူးရင်လဲ
အခု Mac Allow List က ဖယ်ထုတ်ပြီး
AP/Router သီးသန့်ပဲ ထည့်ပေးမှာဖြစ်ပါတယ်။
---------
Need SVIP Member
#timeCodeManager
တစ်ချို့တွေ firmware နောက်ဆုံးဗားရှင်းမြင့်ထားပေမယ့်
လက်ကျန် GB စစ်မရဘူးဆိုပြီး လာမေးကြတာတွေရှိတယ်ဗျ။

လက်ရှိက ruijie ဘက်က ကိုယ်တိုင်တောင်
သေချာမရှင်းပြထားတော့
စက်ပိုင်ရှင်တွေလဲ အခက်တွေ့။

အခုပုံထဲက EG105G-V3 အတွက် နောက်ဆုံးဗားရှင်းမှာဆိုရင်

New main changes :
5. Auth & Accounts: data plan expiration and quota exhaustion notifications, as well as rate-limiting policies
Note: Above 1-6 features not supported by the RG-EG1XX series

နံပါတ် ၅ အချက်က GB လက်ကျန်စစ်လို့ရတာပါတယ်ဆိုပြီး
changes မှာရေးထားပါတယ်။
ဒါပေမယ့် အောက်က စာကြောင်း

Read More : https://www.facebook.com/share/p/1DqFWVdsFq/
Wifi Setting ထဲမှာ
Client Isolation ဆိုတာလေး ဖွင့်ထားသင့်တယ်။
သက်ဆိုင်ရာ Ruijie ဘက်ကဆရာတွေလဲ
အဲ့ဒါလေးကို ဖွင့်ထားဖို့အတွက်
ပြောထား၊ share ထားတာမျိုးလဲ မတွေ့မိသေးလို့
တင်ပေးလိုက်ပါတယ်။

အဲ့ဒါဖွင့်ထားလိုက်ရင်
ကိုယ့် wifi မှာ လာချိတ်နေတဲ့ ဖုန်းတွေအချင်းချင်း
အချိတ်ဆက်လုပ်လို့မရတော့ပါဘူး။

အဓိကတော့ ဖုန်းတစ်လုံးက
ကိုယ့် wifi ကိုချိတ်ပြီးတော့
မိမိတို့ wifi network ထဲမှာ
- Device ဘယ်နှစ်ခုချိတ်ထားတာတွေ
- ချိတ်ထားတဲ့ Device Mac တွေ
ရှာတာမျိုး လုပ်မရတော့ပါဘူး။

ချိတ်ထားတဲ့ Device Mac ကိုရှာလို့ရနေရင်လဲ
mac ပြောင်းလို့ရတဲ့ ဖုန်းမှာဆိုရင်
code မလိုပဲ အဲ့ဒီ mac ပြောင်းပြီး ထည့်သုံးရင်
ရနေတာမျိုးတွေရှိပါတယ်။

အဲ့အတွက် Client Isolation ကို
ဖွင့်ထားဖို့လိုပါတယ်။
ဒါက အခြေခံ လုံခြုံရေးအတွက်
လုပ်ကိုလုပ်ထားရမယ့်အရာပါ။

အားလုံးပဲအဆင်ပြေကြပါစေ။

#timeCodeManager
- အချိန်ပြည့်တယ် လိုင်းမဖြတ်သွားသေးဘူး
- GB ပြည့်တယ် အများကြီးထပ်သုံးလို့နေပြီး
လိုင်းမဖြတ်သွားသေးဘူး
- Session url ဆိုလားဘာလား
ကျော်တဲ့ app တွေနဲ့
ကျော်နေကြတယ်ဆိုတာတွေကို

သက်သာဖို့က SVIP ထဲက Client Sync က
အပြည့်မဟုတ်တောင် 90% အရေးပါပါတယ်။

ထို့အတွက် SVIP ဖြစ်နေတဲ့သူများ
မဖြစ်မနေ ဝင်စစ်ပြီး 10s ဖြစ်အောင်ပြောင်းထားသင့်ပါတယ်။

ပြီးတော့ cloud ကြောင့် ပြန်ပြောင်းသွားတတ်တာမို့
၁ ပတ်တစ်ခါတော့ ပြန်ပြီး ဝင်စစ်ကြပါ။
10 မဖြစ်နေရင် 10 ဖြစ်အောင် ပြန်ပြောင်းပါ။

-----------
10 ပြောင်းဖို့အတွက်က
မိမိတို့ ဖုန်းက Ruijie Gateway အောက်က Wifi မှာ
ချိတ်ထားမှသာ success ဖြစ်မှာ ဖြစ်ပါတယ်။

Portal setting တွေပြောင်းပြီးတိုင်းလဲ
ပြန်စစ်ပါ။

#timeCodeManager
Back to Top