Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
Time Code Manager ရဲ့
SVIP ထဲက update လေး။
သံသယရှိဖွယ် ကုဒ်တွေနဲ့ ဝင်သုံးနေတာမျိုး
ဥပမာ။ ။ code scan ဖတ်ပြီး ကိုယ့်နားမှာမရှိတဲ့
code တွေနဲ့ဝင်သုံးနေတာမျိုး
တွေကို auto ရှာဖွေပေးပြီး
Auto Stop လေးကို ဖွင့်ထားမယ်ဆိုရင်
အဲ့ဒီ ကုဒ်တွေကိုတွေ့တာနဲ့ auto stop ဖြုတ်ချပေးနိုင်တဲ့
Feature လေး
2.6j Version Update မှာပါဝင်လာပါပြီ။
SVIP ထဲက Client Code List ထဲမှာဝင်ပြီး
အသုံးပြုနိုင်ပါသည်။
နောက်တစ်ခုကတော့
Voucher Manager ထဲက
အသုံးပြုနေဆဲထဲမှာ Overdue / Full ဖြစ်နေတဲ့
ကုဒ်တွေကို အရင်က တစ်ခုချင်း select လုပ်ပြီး
delete လုပ်လို့ရခဲ့ပြီး
အခုတစ်ခေါက်မှာတော့ select all နဲ့
အကုန်တစ်ခါတည်းရွေးပြီး delete လုပ်နိုင်သွားပါပြီ။
Version update ကို
Google Playstore မှာ ဝင်ရောက်ပြီး
Update လုပ်နိုင်ပါပြီ။
( တစ်ချို့ ဖုန်းတွေ့ auto update ဖွင့်ထားမိရင်တော့
သူ့အလိုအလျောက် နောက်ဆုံးဗားရှင်း update ဖြစ်နေပါမယ်။ )

** Time Code Manager ရဲ့အားသာချက်ကလဲ
Google ရဲ့ တရားဝင် Playstore ပေါ်ကနေ
သွင်းယူပြီး သုံးရတာဖြစ်လို့
မိမိတို့အကောင့်လုံခြုံရေး၊အချက်အလက်လုံခြုံရေးတွေပါ Google ဘက်က စစ်ထားပြီးသားမို့
100% စိတ်ချ ယုံကြည်ရသလို...

Read more : https://www.facebook.com/share/p/19tTT7aybN/
Code တွေ scan ပြီးဝင်တယ်
ဒီကလဲ auto stop လိုက်လုပ်တယ်
အဲ့ဒါလေးကို ကြည့်နေရတာကိုက အရသာ။

ခိုးသုံးကုဒ်အစား
သံသယရှိဖွယ် Code ဆိုပြီးတော့
ပြင်ဆင်ရဦးမည်။

ကျော်သုံးနေတဲ့ Code အပြင်
တစ်ခါတစ်လေ Expire ဖြစ်သွားတာတောင်
Code ကသုံးရနေတာမျိုးတွေပါ
Auto stop ပေးနိုင်တာမို့။

မကြာခင် Update ရဲ့ SVIP ထဲမှာ
ပါလာပါမည်။

#timeCodeManager
Code ရှာတဲ့ script လေးရလိုက်လို့
စစ်လိုက်တဲ့အခါ ruijie ဘက်ကပဲ ယိုပေါက်မို့
စက်ပိုင်ရှင်တွေ အနေနဲ့က ဘာမှလုပ်မရနိုင်တော့ဘူး။

အဲ့တော့ code တွေစစ်ကြည့်တဲ့အခါမှာ
ကိုယ့်နားမှာမရှိတဲ့တွေနဲ့ ဝင်သုံးလို့ရတာသေချာသွားတယ်။

အဲ့ဒီအတွက် code ကျော်သုံးတာတွေကို
Auto stop လုပ်ပေးနိုင်မယ့် feature လေး
ထပ်လုပ်ဖြစ်သွားတယ်။

App ကိုဖွင့်ထားလိုက်ရင်
သူ့ဟာသူ scan လုပ်မယ်
ပြီးရင် ကျော်သုံးတဲ့ code တွေ့ရင်
stop ချက်ချင်းလုပ်မယ်။


SVIP Member တွေ အနေနဲ့
မကြာခင် update မှာ သုံးလို့ရပါမယ်။


#timeCodeManager
- ၁ ရက်မှာ Voucher ဘယ်လောက် Generate လုပ်လဲ
- ၁ ရက်မှာ GB ဘယ်လောက်အထိ စုစုပေါင်းသုံးထားလဲ
စတာတွေကို ကြည့်နိုင်မယ့် feature ပါတဲ့
Time Code Manager Update 2.6i လေး
Playstore ကနေ update လုပ်နိုင်ပါပြီ။

Data တွေအကုန်လုံးက Ruijie Cloud က
မိမိတို့Project အတွက် မှတ်သားပေးထားတာကို
အလွယ်ကြည့်လို့ရအောင်
ပြုလုပ်ထားခြင်းဖြစ်ပါတယ်။


GB ဘယ်လောက်သုံးထားလဲကြည့်တဲ့နေရာမှာတော့
လက်ရှိယနေ့သုံးနေတဲ့ဟာကို ချက်ချင်းသိရမှာမဟုတ်ပဲ
လွန်ခဲ့တဲ့ ၂၄ နာရီက အချက်အလက်ကိုကြည့်ရှုလို့ရမှာပဲ
ဖြစ်ပါတယ်။

ပြီးတော့ ဘယ်ရက်ကနေ ဘယ်ရက်အထိဆိုပြီးတော့
Filter လုပ်ပြီးလဲ ကြည့်လို့ရပါဦးမည်။

#timeCodeManager
Code တွေက GB/MB မဖြတ်ပဲ ဆက်ပြီးသုံးလို့ရနေတယ်ဆိုရင်
လုပ်လို့၇တာ ၂ ခုရှိပါတယ်။

ပထမတစ်ခုကတော့
- မိမိတို့ Gateway ကို နောက်ဆုံးဗားရှင်းအထိမြင့်တာ

ဒုတိယတစ်ခုကတော့
- Time Code Manager SVIP ထဲက
Client Sync Interval နဲ့ စမ်းကြည့်တာမျိုးပါ


SVIP ထဲက Client Sync ကတော့
သုံးနေတဲ့ code တွေမှာ GB/MB update မပြတာအတွက်
စမ်းကြည့်ရသလောက် အဆင်ပြေတာ တွေ့ရပါတယ်။

client sync မလုပ်ချင်မှာဆိုရင် 0MB ကနေ
update ပြဖို့ကို တော်တော်ကိုကြာတယ်၊
ပြီးတော့ update ဖြစ်ချင်မှလဲ ဖြစ်တယ်။

client sync အပြောင်းအလဲလုပ်လိုက်တဲ့အချိန်မှာတော့
update ဖြစ်လာတာတွေ့ရပါတယ်။


#timeCodeManager
မိမိတို့ customer တွေအတွက်
- ဘယ်လောက် GB သုံးပြီးပြီလဲ
- GB ဘယ်လောက်ကျန်သေးလဲ ဆိုတာ

customer တွေကိုယ်တိုင် သူတို့ဖုန်းထဲကနေ
အလွယ်ကြည့်နိုင်ဖို့အတွက်
"Data လက်ကျန်စစ်မယ်" ဆိုတဲ့ App လေးကို
ထည့်ပေးလိုက်ရုံပါပဲ။

( မှတ်ချက်။ ။ Data အတိအကျသိနိုင်ဖို့အတွက်
မိမိတို့ Ruijie Gateway က Firmware နောက်ဆုံးဗားရှင်းအထိ
မြင့်ထားဖို့ လိုအပ်ပါသည်။ )

--------
ဒေါင်းလုပ်ဆွဲရန်...
https://www.mediafire.com/file/y6xcjdhzf9oggmi/Data_လက်ကျန်စစ်မယ်.apk/file

https://t.me/ruijievouchermanager/657
Time code manger ရဲ့ 2.6h version မှာ
Project Overview ဆိုပြီးတော့ Item လေးပါနေတာတွေ
သတိထားမိမယ်ထင်ပါတယ်။

- အဓိကတော့ တစ်ရက်စာအတွက် GB ဘယ်လောက်သုံးသွားတယ်
- Voucher တွေ ဘယ်လောက် activate လုပ်သွားတယ်ဆိုတာမျိုးတွေနဲ့
အခြား စက်တွေနဲ့ဆိုင်တဲ့ အချက်လက်တွေကို တစ်နေရာတည်းမှာ
ကြည့်လို့ရအောင် ထည့်ပေးဖို့ ရည်ရွယ်ထားတာပါ။
( လက်ရှိမှာတော့ ဝင်ကြည့်လို့မရသေးပါဘူး။ )

ဒီနေရာမှာ overview နဲ့ပါတ်သက်ပြီး
Ruijie cloud မှာက
၁ရက်စာဆိုတာထက် လွန်ခဲ့တဲ့ ၂၄ နာရီဆိုတာအတွက်ပဲ
ကြည့်လို့ရတာဖြစ်နေတယ်။

Cloud ထဲက Network Overview မှာ
လက်ရှိအချိန်ထိ သုံးပြီးသွားတဲ့ GB ကို ချက်ချင်းစစ်မရနေဘူး။
အဲ့တော့ App မှာကြည့်လို့ရအောင်ထည့်ပေးတဲ့အခါမှာလဲ
Data က တစ်လွဲဖြစ်နေမှာကြောင့် အခြားနည်းနဲ့
ရနိုင်ဦးမလား ထပ်ရှာပေးနေပါတယ်။

ပြီးတော့ voucher overview,
Cloud မှာ တစ်ရက်အတွင်း ထုတ်ထားတာကိုတော့
summary ပေါင်းကြည့်လို့ရတယ်။
သို့ပေမယ့် Activated လုပ်လိုက်တဲ့ဟာတွေကိုတော့
Date နဲ့ သီးသန့် filter လုပ်ခွင့်မပေးထားတော့
ဒီနေ့တစ်ရက် code ဘယ်နှစ်ခု activate
ထည့်သုံးသွားလဲဆိုတာကို

Read more : https://www.facebook.com/share/p/19G8BXdbVr/
ဘေဆောင်ပေးနေတဲ့သူတွေ အသုံးအများဆုံးထဲပါတဲ့
Binance Exchange ကြီး Hack ခံရပြီးနောက်မှာတော့
ကဒ်ထဲငွေထည့်မရကြသေးတဲ့အတွက်
ဘေဆောင်တာတွေလဲ နှောင့်နှေးတာမျိုးဖြစ်နေပါတယ်။

အဲ့ဒါဆို ဆောင်လို့မရတော့ဘူးလားဆိုတော့
ဆောင်လို့ရပါသေးတယ်
ဒါပေမယ့် အခြား exchange မှာဝယ်တဲ့အခါ
ဒေါ်လာဈေးတွေက ဈေးအရမ်းများနေတော့
ဘေဆောင်တဲ့ဈေးတွေပါ တက်ကုန်မှာပါ။

အဲ့ဒီအတွက် ဘေဆောင်မယ့်စက်တွေအနေနဲ့
နောက်ထပ် ၁ ရက် ၂ ရက်လောက် ထပ်စောင့်ကြည့်စေချင်ပါတယ်။
( ဘယ်ဈေးဖြစ်ဖြစ် ဆောင်မယ်ဆိုရင်လဲ ရပါတယ်။
သို့ပေမယ့် ဈေးပြောရတာ မျက်နှာပူ အားနာရမှာဖြစ်လို့
ခဏထပ်စောင့်လိုက်တာက အကောင်းဆုံးပါခင်ဗျ )

Binance ဘက်ကပြန်အဆင်ပြေသွားရင်တော့
အကုန်လုံး အရင်လို ပုံမှန်ပြန်ဆောင်ပေးလို့ရသွားမှာဖြစ်ပါတယ်။

----
ကဲ Ruijie ကြီးက မလုံခြုံဘူး၊ အားနေပေါက်နေတာပဲဆိုပြီး
စိတ်တိုင်းမကျခဲ့ကြဘူး။
တကယ်က နည်းပညာနဲ့ပါတ်သက်ရင်
ဘယ်ဟာမှ လုံခြုံတယ်လို့ မရှိသေးဘူးဆိုတာ
အခုဖြစ်နေတဲ့ Binance ပြသနာက လက်တွေ့ပါပဲ။

အားလုံးပဲအဆင်ပြေကြပါစေ။

#timeCodeManager
Dnstt ( Slow Dns ) vpn နည်းနဲ့ ကျော်နေတာကို
တားဖို့အတွက် dnstt block မယ်ဆိုရင်
အရင်ဆုံး မိမိတို့ Gateway dns မှာ
8888 / 1111 တို့ သုံးထားလားဆိုတာ
စစ်ဆေးနည်းပါ။


မိမိတို့ Gateway eweb ကိုဝင်မယ်
ပြီးရင် WAN ထဲက DNS မှာစစ်မယ်
နောက်တစ်ခုက Advanced ထဲက
DNS မှာ စစ်ရုံပါပဲ။
မသုံးထားဘူးဆိုမှသာ
Dnstt vpn block တာကို အသုံးပြုပါ။


------
svip member များအနေနဲ့
Http injection ကိုတော့
မဖြစ်မနေဖွင့်ထားပါ။

#timeCodeManager
Http Inject VPN တွေနဲ့ကျော်တာကို ပိတ်ဖို့အတွက်
SVIP ထဲက HTTP injection attack prevention ကိုဖွင့်သုံးမယ်ဆိုရင်
မိမိတို့ Gateway အောက်က AP/Router တွေ
Offline မဖြစ်အောင်အတွက်
Mac Allow List ထဲဝင်ပြီး
တစ်ခါတည်း Allow List ထည့်ဖို့လိုအပ်ပါမည်။

( Dnstt ကတော့
မိမိတို့ Gateway Default Dns မှာ 8.8.8.8 dns လိုမျိုးတွေ
မသတ်မှတ်ထားဘူးဆိုရင် ဖွင့်သုံးပါ။
Http မဟုတ်တဲ့ အခြား VPN တွေကျော်သုံးတာ
တော်တော်သက်သာသွားပါမည်။
8.8.8.8 သုံးထားရင်တော့ ဖွင့်သုံးလို့အဆင်မပြေနိုင်ပါ )


အခုရက်ပိုင်း SVIP Member အတွက်
ဘေဆောင်တာ / လစဉ်ဈေးနဲ့ဝင်တာများလာတော့
SVIP ဖြစ်သွားရင် တစ်ခါတည်း လုပ်လို့ရအောင်
တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

#timeCodeManager
Voucher Code Group Setting ထဲမှာ
Bind SSID/Network ဆိုတဲ့ ဟာလေး ပါပါတယ်
တော်တော်များများကတော့ မဖွင့်ထားကြပါဘူး။

အကယ်လို့ ကိုယ်က
- wifi အမည်တစ်ခုတည်းပဲသုံးပြီးလွင့်ထားတယ်
- VLAN တစ်ခုကိုပဲ အဲ့ဒီ code တွေကို သုံးလို့ရချင်တာမျိုးဆိုရင်

Bind SSID/Network ကိုဖွင့်ပြီး ရွေးထားလိုက်ရင်
Voucher Code တွေကို ကိုယ်သတ်မှတ်ထားတဲ့
VLAN / Wifi Network မှာပဲ သုံးလို့ရတော့မှာဖြစ်ပါတယ်။

ဆိုလိုတာက အရင်လို Ruijie ဘက်က ယိုပေါက်ရှိလို့
ကိုယ့်ထဲက code တွေကို အခြား wifi မှာ သွားပြီးသုံးခံရတာမျိုးတွေ
သက်သာသွားပါမယ်။
( မသုံးရသေးပဲ expired ဖြစ်ဖြစ်သွားတာမျိုး သက်သာသွားပါမယ် )

#timeCodeManager
Back to Top