hotspot share ပိတ်ထားတာတွေကို
သုံးလို့ရအောင်လုပ်တဲ့နည်းက
လက်ရှိအချိန်ထိတော့ လုံး၀ကို ပိတ်လို့မရတဲ့အထဲ ပါနေပါသေးတယ်
Ruijie စက်မှမဟုတ်ပါဘူး
အခြား TTL Rule ကို 1 နဲ့ ပိတ်လို့ရပါတယ်ဆိုပြီး ကြော်ငြာတွေတွေ့နေရတဲ့ Mikrotik လိုမျိုးတွေမှာတောင် သုံးလို့ရနေပါတယ်
ထို့ကြောင့် hotspot share တာကို ပိတ်လို့မရတဲ့အတွက်
Speed Limit ( ဒါမှမဟုတ် ) Data Quota Limit နဲ့ ပြောင်းလဲပြီးလုပ်မယ်ဆိုရင်တော့ အတော်အသင့်လျော့ချပေးနိုင်မှာပါ
Data Quota Limit ( 1GB / 2GB ) စတဲ့ code တွေနဲ့ လုပ်မယ်ဆိုရင်တော့
Ruijie တွေနဲ့အဆင်မပြေနိုင်သေးပါဘူး
အဲ့အစား MikorTik ( ဒါမှမဟုတ် ) Ubiquit Gateway Controller တွေပြောင်းသုံးမှပဲ အဆင်ပြေမှာပါ
Ruijie မှာက Cloud Base နဲ့သွားတဲ့အတွက်
Data Limit က မတိကျတဲ့အပြင် powerful မဖြစ်သေးတာကြောင့်ပါ
ပြီးတော့ AP ပဲဝယ်ထားပြီး hotspot ပိတ်မရလို့ဆိုပြီး စိတ်ညစ်နေတဲ့သူတွေအတွက်
Gateway ဝယ်တပ်လည်း ပိတ်လို့မရဘူးဆိုတာ သိရတဲ့အတွက် စိတ်သက်သာရာရသွားမယ်ထင်ပါတယ်၊ Time code လောက်နဲ့ပဲ ဝိုင်ဖိုင်လွင့်ချင်တဲ့သူများအတွက် Gatway ဖိုးပိုက်ဆံ ထပ်ဆင့်မကုန်တော့ဘူးပေါ့