အကယ်လို့ ဒီ Plan လေးတကယ်လုပ်ဖြစ်သွားခဲ့မယ်ဆိုရင် ပြောင်းလဲသွားမယ့်အရာတွေက
- App ရောင်းတာကို ရပ်လိုက်ပြီးတော့
- App ကို တစ်ကြိမ်ဝယ်ပြီး အကန့်အသတ်မရှိ သုံးလို့ရတာမျိုးမဟုတ်တော့ပဲ လစဉ်ကြေးပုံစံနဲ့ သွားဖို့လုပ်ထားပါတယ်
( အရင်ဝယ်ထားတဲ့သူတွေကတော့ အရင်အတိုင်း စိတ်ကြိုက် အကန့်အသတ်မရှိသုံးလို့ရနေမှာပါ၊ Update လည်း အမြဲရနေမှာပါ ၊ အရင်ဝယ်တဲ့သူတွေအတွက်က ကျနော်တို့ကို ယုံယုံကြည်ကြည်နဲ့ ပထမဆုံးအားပေးတဲ့သူတွေမို့ပါ ) - လစဉ်ကြေးဆိုတဲ့ ပုံစံကလည်း တကူးတကကြီး လစဉ်ကြေးပေးရမယ်မဟုတ်ပါဘူး။
အဓိကတော့ ကျနော်တို့နား စတားလင့် လစဉ်ကြေးဆောင်တဲ့ ဆားဗစ်လာအပ်ပေးရုံပါပဲ။
( စတားလင့်စက်ပိုင်ရှင်တွေအနေနဲ့လည်း မဟုတ်လည်း လစဉ်ဘေဆောင်နေရတာချင်းအတူတူ
ကျနောတို့ထံမှာ လစဉ် ဘေဆောင်မယ်ဆိုတာနဲ့ လစဉ်ကြေးကို ကျနော်တို့ထံ လစဉ်ဆောင်နေသရွေ့ App ကသုံးလို့ရနေမှာပါ၊ )
ဒါကတော့ လက်ရှိ ကျွန်တော်တို့ ပြောင်းသုံးဖို့ စဉ်းစားနေတဲ့ plan ဖြစ်ပါတယ်
တကယ်အတည်ဖြစ်/မဖြစ်ကို ပြန်လည်ကြေငြာပေးပါမည်။
#ruijieVoucherManager