VPN နဲ့ကျော်သုံးခံနေရတဲ့ ပြသနာတွေကြောင့်
အခုနောက်ပိုင်း ကျွန်တော်တို့ Page မှာ စက်ပြောင်းသုံးဖို့ ဘယ်အမျိုးအစားပြောင်းသင့်လဲ လာမေးကြတာတွေရှိလာပါတယ်။

အဲ့လိုလာမေးတဲ့အထဲမှာ တစ်ချို့ အခြားနေရာတွေမှာလည်း စုံစမ်းခဲ့ပြီးတော့
ဒီစက်ကတော့ VPN ကျော်သုံးလို့မရဘူး၊ Hotspot Share လည်းလုပ်မရဘူးဆိုပြီးတော့ အဲ့စက်တွေဝယ်သင့်လားပေါ့။

လက်ရှိ VPN ကျော်သုံးခံရမှာစိုးရင်တော့ စက်ပြောင်းသုံးတာအဆင်ပြေပါတယ် ( ဒါကလည်း အခုလက်ရှိအချိန်ခဏပါ၊ Ruijie ဘက်ကလည်း ပိတ်ပေးဖို့ ကြိုးစားနေကြပါတယ် )

Hotspot Share ကိုလည်း လုံး၀ပိတ်လို့ရတယ်ဆိုတာတော့
မဖြစ်နိုင်တဲ့အတွက် အဲ့ဒါကို ထည့်မတွက်ဖို့ အကြံဉာဏ်လေးပေးချင်ပါတယ်။

Hotspot Share တာကို 99% သော စက်တွေ လုံး၀ပိတ်လို့ရတယ်ဆိုတာ မရှိပါဘူး။
1% ချန်ထားတာက နည်းပညာလောကမှာ တစ်ချို့မထင်ထားတာတွေလည်း ရှိတတ်လို့ပါ။


ဒါကြောင့် VPN ကျော်သုံးခံရတာကိုပဲ သက်သာချင်တယ်ဆိုရင်တော့ စက်ပြောင်းသုံးပါ။
Hotspot Share တာကိုလည်း ပိတ်ပေးနိုင်လို့ လန်းတယ်ဆိုပြီးတော့
သွားမပြောင်းမိစေပါနဲ့ မထူးပါဘူးခင်ဗျာ။
 
 
Back to Top