အကိုတို့ App က VPN ကျော်သုံးခံနေရတာကို ပိတ်လို့ရတယ်ဆိုလို့
ဝယ်ချင်လို့ဆိုပြီး အမေးများလာပါတယ်။

တစ်ယောက်ချင်းစီ ဖြေတာနောက်ကျနေမှာစိုးလို့
Post တင်ပြီးပဲ ဖြေပေးလိုက်ပါတယ်။
ကျွန်တော်တို့ Ruijie Voucher Manager ( Time Code Manager ) App က
Ruijie စက်က ထုတ်ထားတဲ့ Voucher Code တွေကို
ကွန်ပျူတာမလိုပဲ ဖုန်းနဲ့ တိုက်ရိုက် Print ထုတ်ဖို့အတွက် ဦးစားပေး ဖန်တီးထားတာဖြစ်ပါတယ်ခင်ဗျ။
သို့ပေမယ့် App Update တွေထုတ်ပေးရင်းနဲ့
Ruijie စက်တွေမှာ VPN နဲ့ ကျော်သုံးနေရတာတွေ တွေ့လာရတော့
App ဝယ်သုံးထားတဲ့သူတွေအတွက်လည်း အဆင်ပြေသွားအောင်
VPN နဲ့ ကျော်သုံးတာကို ရှာပေးနိုင်မယ့် feature လေးကို ပေါင်းထည့်ခဲ့ပေးလိုက်ပါတယ်။
လက်ရှိမှာတော့ VPN ကျော်သုံးတာကို မပိတ်ပေးနိုင်ပါဘူး။
အဲ့ဒီအစား ကျော်သုံးလာတဲ့ ဖုန်းတွေကို ရှာဖွေပေးပြီးတော့
အလွယ်တကူ Block လို့ရတာမျိုးပဲ ရှိပါသေးတယ်။

ကျွန်တော်တို့ App က Voucher Code Printer ထုတ်ပေးတာ
သုံးပြီးသားကုဒ်တွေကို အလွယ်ဖျက်နိုင်တာ နဲ့
VPN ကျော်သုံးတဲ့သူတွေကို ရှာပြီး အလွယ် Block နိုင်တာမျိုးပဲ လုပ်နိုင်ပါသေးတယ်ဆိုတဲ့အကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျ။

https://www.facebook.com/share/p/1BeY9rUPnr/
 
 
Back to Top