VPN ကျော်သုံးခံရတာကို ပိတ်ပေးထားတဲ့ဆိုတဲ့ Firmware တွေ Official ထွက်လာပါပြီ

---------

Ruijie Gateway / All In One Router စက်ပိုင်ရှင်တွေအတွက် သတင်းကောင်းရှိပါတယ်
Ruijie ဘက်ကနေ VPN ( Http Inject နည်း ) နဲ့ ကျော်သုံးခံနေရတဲ့ ပြသနာကို ဖြေရှင်းပေးထားတဲ့
Reyee OS Firmware အသစ် ထုတ်ပေးလာပါတယ်။

လက်ရှိမှာတော့ Cloud ကနေ online update လုပ်မရသေးပဲ
Local Update ပဲလုပ်လို့ရဦးမှာဖြစ်ပါတယ်။
မကြာခင်တော့ Online Update ရလာမယ်လို့ ထင်ပါတယ်။

EG Series တွေအတွက် ruijie website မှာ သက်ဆိုင်ရာ model အတိုင်း
Firmware တွေ Download လုပ်ပြီး Manual Update လုပ်နိုင်ပါတယ်။
( VPN ပိတ်လို့ရတဲ့ Firmware ဆိုပြီး ရောင်းနေတာတွေကိုလည်း ဝယ်စရာမလိုတော့ပါဘူး။ )


( Manual တင်ရင်း စက်ပျက်မှာစိုးတဲ့သူတွေအတွက် Ruijie ဘက်က OTA Update ပေးလာပါလိမ့်မယ်ဗျ။ )
 
 
Back to Top