Ruijie တရုတ် market အလုံးတွေအတွက်
Voucher Code System မရဘူးလားဆိုပြီး လာမေးကြတဲ့သူတွေများလို့
ကျွန်တော် Ruijie China Cloud MACC ကိုဝင်ပြီး လေ့လာကြည့်ဖြစ်ပါတယ်။
( ဘာလို့ Ruijie China Cloud ကိုဝင်လေ့လာတာလဲဆိုရင် Ruijie တရုတ်အလုံးတွေက
Global Cloud မှာ လုံး၀ အလုပ်မလုပ်ပါဘူးဗျာ )

China MACC Cloud ထဲမှာတော့ Captive Portal Config ပါပါတယ်။
သို့ပေမယ့် ကျွန်တော်တို့ Global Cloud မှာ သုံးနေကြတဲ့ User Management ပိုင်း ( Voucher Code ) မပါဝင်ပါဘူး။

သူ့မှာပါတာက ပုံထဲအတိုင်း
- Security Questions / One Click Login တို့ / Fixed Account စတဲ့အရာတွေလောက်ပဲ ပါတာဖြစ်ပါတယ်။

Fixed Account နဲ့သုံးချင်ရင်တော့ ရပေမယ့်
username / password တွေ အသစ်လုပ်ရတဲ့ process က အဆင်သိပ်မပြေချင်ဘူး။
( Global Cloud သုံးနေကြမို့လည်း ပါမယ်ထင်ပါတယ်။ )

ဒါကြောင့် လက်ရှိမှာတော့ Ruijie တရုတ် အလုံးတွေအနေနဲ့
Cloud ရပြီး၊ Voucher Code System အတွက်က အဆင်ပြေဖို့ မလွယ်နိုင်သေးပါဘူး။

နောက်ဆုံး မဖြစ်မနေသုံးချင်တာဆိုရင်တော့
External Captive Portal Server တွေနဲ့ပဲ ချိတ်ပြီးသုံးတာမျိုးတော့ မဆိုးပါဘူး။

( တစ်ချို့က Global Firmware တင်မှာပေါ့ဆိုပြီး ပြောကြပါတယ်။
Ruijie Cloud က Firmware ထက်၊ SN နဲ့ အဓိက ခွဲထားတာမို့ မထူးခြားနိုင်သေးပါဘူး။ )

#ruijieVoucherManager
#timeCodeManager
 
 
Back to Top