ထပ်ပြီး ပြန်ချိတ်ခံနေရတယ်ဆိုတဲ့ အကြောင်းအရင်း
-------------------
ချိတ်ထားတဲ့ ဖုန်းတစ်လုံးကို VPN ကျော်သုံးထားတယ်ထင်လို့ Block လုပ်လိုက်တယ်။
( Time Code Manager ကပဲဖြစ်ဖြစ်၊ သူ့ Official App ကပဲဖြစ်ဖြစ် Block လိုက်တယ် )
ဒါပေမယ့် မကြာဘူး အဲ့ဒီဖုန်းအမည်နဲ့ ထပ်ချိတ်လာပြန်ရော။
ဒီနေရာမှာ ကျွန်တော်တို့ Time Code Manager App ကနေ Block လုပ်တဲ့သူတွေအနေနဲ့ကတော့ Block လုပ်တာ အဆင်မပြေဘူး၊ ထိထိရောက်ရောက်မဖြစ်ဘူးပေါ့ ဆိုပြီး ထင်ကြတယ်။
( တကယ်က ကျွန်တော်တို့ App မှာပါတဲ့ Block Feature က Ruijie ရဲ့ App ကအတိုင်းပဲ အလုပ်လုပ်တာပါ။
- Block လုပ်လိုက်လို့ Blacklist Device ထဲမဝင်သွားရင်တော့
ကျွန်တော်တို့ App Error ဖြစ်တာပါ။
- Blacklist Device ထဲရောက်ရဲ့သားနဲ့ ပြန်ချိတ်ခံနေရတယ်ဆိုရင်တော့
Ruijie Wifi ဘက်က Block မလုပ်နိုင်တော့တာရယ်၊
ဖုန်းမှာ feature တစ်ခု သုံးထားလို့ပါ။
( အဲ့ဒီ ဖုန်းမှာပါတဲ့ Feature ကိုတော့ ကျွန်တော်မပြောပြတော့ပါဘူး၊
လူတိုင်း အဲ့ဒီ feature သိသွားရင် ဘယ် wifi router မှ Block မနိုင် ဖြစ်သွားနိုင်တာမို့ပါ။ )
ဒါကြောင့်
- Block လုပ်လိုက်တယ်၊ Blacklist Devices ထဲမှာမပေါ်လာဘူးဆိုရင်
ကျွန်တော်တို့ App Error ဖြစ်တာများပါတယ်။
အဲ့အတွက် ကျွန်တော်တို့ကို ဆက်သွယ်ပေးပါ၊ ကူညီဖြေရှင်းပေးပါမယ်။
- Block လုပ်လိုက်တယ်၊ Blacklist Deivces ထဲလဲ ရောက်တယ်။
ဒါပေမယ့် ပြန်ချိတ်သုံးနေတယ်လို့ တွေ့ရင်တော့ ဘာမှမလုပ်မရတော့ပါဘူး။
( အဲ့ဒီ Device ကို Speed Limit လုပ်လိုက်တာမျိုးပဲ ကျန်ပါတော့မယ်။ )
အားလုံးကိုကျေးဇူးတင်လျက်
#ruijievouchermanager
#timecodemanager