Ruijie Gateway တွေမှာ VPN ကျော်သုံးတာကို ပိတ်ဖို့အတွက်
ဖုန်းကနေ ဝင်လုပ်ဖို့ အဆင့်တွေများပြီး၊ Screen သေးသေးလေးနဲ့လုပ်ရတာမို့ စိတ်ရှည်ရပါတယ်။

ပြီးတော့ တစ်ချို့ မလုပ်တတ်တဲ့သူတွေကြတော့လည်း VPN ပိတ်ပေးတယ်ဆိုပြီး ပိတ်ခ ၅ သောင်း ၁ သိန်းပေးလိုက်ရတာတွေလည်းကြားဖူးပါတယ်။
( တကယ်က ruijie ဘက်ကတရားဝင်ထည့်ပေးလာတဲ့ ခလုတ်လေးတစ်ခုကို ဖွင့်လိုက်ရုံပါပဲ )


အခုတော့ Time Code Manager App ထဲမှာ
ခလုတ်တစ်ချက်နှိပ်တာနဲ့ Http Injection Attack ( VPN ကျော်တာကို ကာပေးနိုင်တဲ့ Feature ) ကို ဖွင့်ပေးနိုင်တာလေး
Version update မှာ ပါလာပါမည်။

ဘေဆောင်နေကြသူတွေအတွက် သီးသန့်သုံးလို့ရတဲ့
SVIP Feature ထဲမှာပဲ ထည့်ပေးရမလားဆိုတာတော့
Update ထွက်ခါနီးမှာ Post တင်ပေးပါမည်။

#timecodemanager
#ruijievouchermanager
 
 
Back to Top