Code အသစ်ထုတ်တာ / Code ဖျက်တာတွေမှာ အရမ်းကိုကြာနေတာတွေကြုံနေရပါတယ်။
တစ်ချို့က Time Code Manager App ကြောင့်လို့ထင်ကြတယ်။
ဖြစ်ချင်တော့ update ထွက်ပြီးနောက်မှာ အခုလိုကြုံရတော့
Time Code Manager Update မှာပဲ
error ပါလာတယ်ထင်ကြတာလည်းရှိပါတယ်။
အဲ့အတွက် ရှင်းရှင်းလင်းလင်းလေးဖြစ်သွားအောင်
မတူညီတဲ့ အချိန် နှစ်ခုမှာ delete ဖျက်ပြထားပါတယ်။
ရှေ့ Post တစ်ခုမှာလည်း code ထုတ်တာ / ဖျက်တာတွေ
ကြာနေတာတွေ ဖြစ်နေတဲ့အကြောင်းလေးတင်ပေးဖူးပါတယ်။
အခု ဒီ Video ထဲမှာ
ဘယ်ဘက်က ၇ နာရီနဲ့ ခန့်မှန်း ၉ နာရီကြားမှာ အဖြစ်များတဲ့
ruijie cloud ဘက်က ကြာနေတဲ့ error နဲ့
ညာဘက်ကတော့ ၁၀ နာရီနောက်ပိုင်းမှာ ပြန်စမ်းပြထားတဲ့ဟာပါ။
Video ကြည့်လိုက်ရင် အဖြေပေါ်ပါတယ်။
ဒါကြောင့် လက်ရှိမှာ code အသစ်ထုတ်တာနဲ့ဖျက်တာကို မကြာချင်ဘူးဆိုရင်
ညပိုင်းမှာ ကြိုလုပ်ထားဖို့ပါ။
Ruijie Cloud ဘက်က ဖြစ်တာကြောင့် သူတို့ဘက်က ပြင်ပြီးသွားမှပဲ အရင်လိုပြန်ကောင်းနိုင်မှာပါ။
------------
( Time Code Manager App သည် App ဖွင့်ဖွင့်ခြင်း Login ဝင်တာကလွဲလို့ ကျန်တဲ့ အပိုင်းတွေအကုန်လုံးက Ruijie cloud နဲ့သာ ချိတ်ဆက်ထားခြင်းဖြစ်သည့်အတွက်၊ ruijie cloud ဘက်က error ဖြစ်တာနဲ့ App မှာလည်း error ဖြစ်ပါတယ်။ )#timecodemanager
#ruijieVoucherManager