Ruijie Gateway တွေမှာ လောင်းကစားဂိမ်း ( ကျွဲဂိမ်း၊ စလော့ဂိမ်း ) စတဲ့ Game တွေနဲ့ Website တွေကို ပိတ်ပေးနိုင်တဲ့
Block Gambling Sites Feature ထဲမှာ
ကျွန်တော်တို့ ရသမျှ data တွေကို ပေါင်းပြီး
အမြဲ Update လုပ်ပေးလျက်ရှိပါတယ်။

အခု feature ကို စမိတ်ဆက်တုန်းက URL 8 ခုသာ ရှိခဲ့ရာကနေ
အခုဆို 46 ခုအထိကို update လုပ်ပေးလာနိုင်ခဲ့ပါပြီ။


နေ့စဉ် လောင်းကစားဂိမ်းတွေ၊ စလော့ဂိမ်းတွေ အသစ်အသစ်တွေထွက်နေတာမို့၊ ရေရှည်အတွက်က အခုလို App ကနေ update နဲ့ လှမ်းပိတ်တာက အဆင်ပြေဆုံးထဲက တစ်ခုဖြစ်ပါတယ်။


( ပုံမှန်ကတော့ ဂိမ်းတွေကို မပိတ်လည်း ဘာမှတော့မဖြစ်ဘူးဆိုပေမယ့်
တစ်ချို့စက်ပိုင်ရှင်တွေအနေနဲ့ကလည်း
Facebook ပေါ်က post တွေအတိုင်း
လောင်းကစားဂိမ်းတွေကြောင့် မိမိတို့ အင်တာနက်စက် ပိတ်ခံရမှာစိုးတယ်ဆိုတဲ့အတွက် ပိတ်ချင်ကြတာတွေရှိပါတယ်။ )

အခု လောင်းကစားဂိမ်းတွေကို ပိတ်ပေးတဲ့ feature ကတော့
Time Code Manager မှာ SVIP လေးဖြစ်ထားမှသာ အသုံးပြုလို့ရမှာဖြစ်ပါသည်။


အားလုံးပဲ စက်တွေပိတ်ခံရခြင်းမှ ကင်းဝေးပြီး
အဆင်ပြေကြပါစေ။

#ruijievouchermanager
#timeCodeManager
 
 
Back to Top