အခုနောက်ပိုင်း Ruijie Gateway / AP / Router တွေ တော်တော်များများ
Firmware update လုပ်နေတုန်း မီးပိတ်မိလို့ ပျက်သွားတာတွေ၊
Firmware update error ဖြစ်ပြီး စက်ပြန်မပွင့်တော့တာတွေ ကြုံနေရပါတယ်။

အဲ့ဒီထဲက တစ်ချို့ Model တွေက self repair mode ရောက်နေရင်တော့
အလွယ်တကူ ပြန်ပြင်လို့ရပေမယ့်
- eth0 ( Lan ) မတက်လာတော့ပဲ
- SYS မီးပဲလင်းပြီး boot မတက်လာတော့တဲ့ အနေအထားတွေဖြစ်လာပြီဆိုရင်တော့
Ruijie က ပြောထားတဲ့ နည်းတွေအတိုင်း ပြန်ပြင်ဖို့ကမလွယ်တော့ပါဘူး။
( သူတို့ website မှာပေးတဲ့ ဖိုင်တွေကလည်း အသုံးမဝင်တော့ပါဘူး )

အဲ့ဒီလို စက်တွေကို ပြင်ဖို့အတွက်က
- စက်ဖြုတ်ရတယ်၊
- သူ့အတွက် သီးသန့် recovery firmware file တွေလိုအပ်လာပါတယ်။

သေချာတာတော့ u-boot အပိုင်းတွေ မကလိ၊ မထိထားရင် ပြန်ရဖို့ 100% သေချာပါတယ်။


Self Repair Mode မဝင်တော့ပဲ၊
Boot မတက်၊ bootloop ပတ်နေတဲ့ device တွေကို
ပြင်ပေးနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။

လက်ရှိမှာလည်း မြန်မာမှာအသုံးများတဲ့ recovery firmware file တွေကို ရသလောက်ရှာဖွေစုစည်းထားပါတယ်။


အကယ်လို့ ကျနော်တို့ service စလက်ခံဆောင်ရွက်ပေးတော့မယ့်အခါကြရင်
Post သီးသန့်တင်ပေးပါမည်။

#timecodemanager#ruijieVoucherManager
 
 
Back to Top