ဒီတစ်ခေါက် cloud error ဖြစ်ပြီးနောက်မှာ ကြုံရတဲ့ပြသနာကတော့
အရင်လို phone ဒါမှမဟုတ် tablet တွေနဲ့ browser ကနေ
Ruijie Cloud Web ကနေပြီး
voucher code အသစ်ထုတ်ချင်တာတွေအတွက်
Add button နဲ့အခြား button တစ်ချို့ မမြင်ရတဲ့ပြသနာလေးရှိလာပါတယ်။

ဒီတစ်ခေါက် သူတို့ user management view မှာ front end code လေးတွေပြင်လိုက်တယ်ထင်ပါတယ်။
အဲ့အတွက် button တွေက ဘယ်ဘက်အပိုင်းမှာပုံသေမပေါ်တော့ပဲ
center align လိုဖြစ်သွားပြီး ခလုတ်တွေ ဘေးထဲဝင်သွားတာဖြစ်ပါတယ်။

အမှန်ကတော့ cloud web က pc user တွေအတွက်ဦးစားပေးလုပ်ထားတာကြောင့်လည်း ဖြစ်ပါတယ်။
အဲ့အတွက် screen size အသေးတွေမှာ ကြည့်ရအဆင်မပြေဖြစ်ကုန်တာပါ။

ပုံထဲမှာ ကြည့်ရင် သိနိုင်ပါတယ်။
ပုံ ( ၁ ) ကတော့ Screen အကြီးနဲ့ မြင်ရတဲ့မြင်ကွင်း ဖြစ်ပြီး
ပုံ ( ၂ ) ကတော့ screen size ချုံ့ပြီး မြင်ရတဲ့ မြင်ကွင်းပါ။

အရင်လိုပြန်ဖြစ်ဖို့ကတော့ ruijie support ဘက်ကို report တင်ရင် ရလောက်မယ်ထင်ပါတယ်။

ဖုန်းနဲ့ဆို အကောင်းဆုံးကတော့ သူ့ ruijie reyee app သုံးတာ ပိုအဆင်အပြေဆုံးပါပဲ။
ဒါမှမဟုတ် voucher delete / create / print အတွက်ဆို Time Code Manager ပေါ့ဗျာ။ :D


အခုလို Ruijie အကြောင်းလေးတွေ တင်ပေးနေလို့
ကျွန်တော်တို့ page ကို ruijie နဲ့သက်ဆိုင်တဲ့ page လို့မထင်စေချင်ပါဘူး။

ကျွန်တော်တို့ page က ruijie သုံးနေတဲ့သူတွေအတွက် ကိုယ်သိတဲ့အကြောင်းအရာလေးတွေကို တင်ပေးဖြစ်ရင်း၊
time code manager app ရောင်းတဲ့ page ပဲဖြစ်ပါတယ်။

ထို့အတွက် ruijie နဲ့သက်ဆိုင်တဲ့ error တွေ၊ ပြသနာတွေကို ကျွန်တော်တို့ မဖြေရှင်းပေးတတ်ပါဘူးခင်ဗျာ။


#timecodemanager#ruijieVoucherManager
 
 
Back to Top