Connected Devices ထဲမှာ နာရီမပေါ်တဲ့ဟာလေးတွေက
VPN နဲ့ကျော်သုံးနေတာဖြစ်နိုင်လား ????
-------------

ဒီရက်ပိုင်း လက်ထဲ AP တစ်လုံးရောက်နေတာနဲ့
Standalone Portal လုပ်ပြီးတော့ ဖုန်းတွေချိတ်ပြီး
Voucher Code ထည့်သုံးတာ / Bypass လုပ်တာတွေ
သေချာစမ်းဖြစ်ပါတယ်။

စမ်းရင်းနဲ့ ပိုပြီးသေချာသတိထားမိလာတာက
Ruijie Cloud က voucher code နဲ့သုံးထားတဲ့ဖုန်းတစ်လုံးက
အချိန်ပြည့်သွားရင် voucher code က expire ဖြစ်သွားပေမယ့်
( voucher code ကိုဖျက်ချလိုက်ရင်တောင် )
သုံးထားတဲ့ဖုန်းနဲ့ voucher code တွဲမှတ်ထားတာကို မဖျက်ပေးသွားပါဘူး။
( ဒါက လက်ရှိ ruijie ရဲ့ အားနည်းချက်တစ်ခုဖြစ်နေပါတယ်။ )

ထို့ကြောင့် အဲ့ဒီဖုန်းက မိမိတို့ wifi မှာ ဆက်ချိတ်နေသေးရင်
ဖုန်းနဲ့ Voucher Code ကြီး တွဲပေါ်နေမှာဖြစ်ပါတယ်။

ကံကောင်းသွားတာက ကျွန်တော်တို့ time code manager app မှာ
voucher code က active ဖြစ်နေလား မဖြစ်တော့ဘူးလားဆိုတာကို
စစ်တဲ့ function ပါတော့
သုံးပြီးကုန်သွားတဲ့ ဖုန်းတွေနေရာမှာ voucher code သာပေါ်ပြီး
အချိန်မရှိတော့တဲ့အတွက် ပုံထဲကလိုမျိုး ခွဲပြီးပြပေးသွားနိုင်ခဲ့ပါတယ်။


အဲ့ဒီလို အချိန်မပြတော့တဲ့ဖုန်းတွေကို စောင့်ကြည့်ပြီး
အကယ်လို့ ဘေးနားက Download Size က MB တွေ
အများကြီးဆက်တက်နေတယ်ဆိုရင်တော့
သေချာပါတယ်၊ အဲ့ဒီဖုန်းက အခြားနည်းတစ်ခုခု ( VPN ဘာညာ ) နဲ့ အင်တာနက်ရနေပြီဆိုတာ။

ကျန်တာတော့ မိမိတို့ သဘောအတိုင်း
block မလား၊ ဒီအတိုင်းထားထားမလားဆိုတာ ဆုံးဖြတ်ရုံပါပဲ။

#timecodemanager
#ruijievouchermanager
 
 
Back to Top