Time Code Manager မှာ Voucher Code အသစ်ထုတ်တဲ့အချိန်
"Create voucher failed" ဆိုပြီးတော့ အခုလိုမျိုး error ပြလာခဲ့ရင်...
အကြောင်းရင်းကတော့ Ruijie က limit လုပ်ထားတဲ့အတိုင်း
Project တစ်ခုမှာ မသုံးရသေးတဲ့ ဘောက်ချာကုဒ် 5000 ထိဆိုတဲ့
အရေအတွက်ပြည့်သွားလို့ပါ။

( နေ့စဉ် ကုဒ်အသစ်တွေ ထုတ်နေရတဲ့အတွက် စက်တိုင်းနီးပါး ဒီ error ကို
တစ်ချိန်မဟုတ် တစ်ချိန် ကြုံရမှာပါ။ )

အဲ့အတွက် ဖြေရှင်းနည်းကတော့ -
မသုံးရသေးတဲ့ code အဟောင်းတွေကို ရှာဖွေပြီး ပြန်ဖျက်ရမှာပဲဖြစ်ပါတယ်။

ကွန်ပျူတာ၊ ဒါမှမဟုတ် tablet သုံးနေရင်
Ruijie Cloud ကိုဝင်ပြီးတော့
Voucher တွေကို ရက်စွဲအပိုင်းအခြားလေးနဲ့ ရှာပြီးတော့
မသုံးရသေးတဲ့ code အဟောင်းတွေကို ဖျက်လို့ရပါတယ်။


---
Time Code Manager မှာတော့
https://www.facebook.com/share/p/16vjagjRRY/ ထဲကအတိုင်း အလွယ်ဖျက်နိုင်ပါတယ်။

#ruijievouchermanager
#timecodemanager
 
 
Back to Top