Printer ကရှိပြီးသားမို့ Print ထုတ်ဖို့အတွက် App ရချင်တာမျိုး။
အခုတော့ လာဝယ်ကြတဲ့ပုံစံလေးက ပြောင်းလဲသွားပြီ။
Voucher Code မဝယ်ပဲ ခိုးသုံးနေတာကို အနီနဲ့ပြပေးတဲ့ ဆော့ဝဲရှိလားဆိုပြီးတော့။
ဘယ်လိုပဲ လာမေးပြီးဝယ်ဝယ်၊ လာရောက်မေးမြန်းဝယ်ယူသူတိုင်းကို
ကျေးဇူးအထူးတင်ရှိပါတယ်။
----
Time Code Manager App ရဲ့ မူရင်းရည်ရွယ်ချက်ကတော့
Bluetooth Printer တွေနဲ့ ကွန်ပျူတာမလိုပဲ ဖုန်းကနေအလွယ်တကူ
Print ထုတ်ဖို့အတွက် ဖန်တီးထားတာဖြစ်ပါတယ်။
ပြီးမှသာ Connected Devices ဆိုတဲ့ ချိတ်ထားတဲ့ဖုန်းတွေကိုပါ
တစ်ခါတည်းကြည့်နိုင်အောင်ဆိုပြီး App ရဲ့ ရည်ရွယ်ချက်ထဲမှာမပါပဲ
ငွေကြေးထပ်မတောင်းပဲ update တွေမှာ အခမဲ့ ပေါင်းထည့်ပေးခဲ့တာပါ။
----
update နောက်ပိုင်းမှာ
voucher code / wifi name / portal ip address တွေကို
လိုသလို တိုက်စစ်ပြီးတော့ voucher code မသုံးထားတဲ့ devices တွေကို
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခွဲခြားနိုင်အောင် ထပ်ပေါင်းထည့်ခဲ့ပေးပြီး
ထို device တွေကို အနီနဲ့ ပြပေးပြီး ၊
Block ချင်ရင် တစ်ခါတည်း block လို့ရအောင်
ဘေးနားမှာ "Block" ခလုတ်ပါ တစ်ခါတည်းထည့်ပေးခဲ့တာပါ။
Ruijie ရဲ့ connected devices data နဲ့ auth method data က
realtime မဖြစ်တဲ့အတွက်
Time Code Manager App မှာ ခွဲခြားပေးနိုင်တဲ့အရာကလည်း
လုံး၀ တိကျမှာတော့မဟုတ်ပါဘူး။
သိုပေမယ့်၊ သူ့ original app မှာရော၊ Cloud မှာရော၊
Time Code Manager App လို ရှင်းရှင်းလင်းလင်းမမြင်ရနိုင်တဲ့အတွက်
Ruijie စက်သုံးတဲ့သူတွေအတွက် ဒီ feature လေးက
တစ်ထောင့်တစ်နေရာကနေ အသုံးဝင်လာခဲ့တာပဲဖြစ်ပါတယ်။----------
Time Code Manager App ကို ဝယ်သုံးထားတဲ့
- Customer ၃၀၀၀ ကျော်ရော၊
- နောက်ထပ် အခြားသူတွေကိုလည်း
ဝယ်သုံးဖို့ ညွန်းပေးကြတဲ့သူတွေရော၊
- Time Code Manager ကိုတစ်ဆင့်ဝယ်ယူပေးကြတဲ့
Ruijie Service ဆရာတွေရော
အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
#timeCodeManager #ruijieVoucherManager