မကြာခင်မှာ နောက်ထပ်ရောင်းပေမယ့် App တွေမှာ
- ကျွန်တော်တို့နားကနေဝယ်ယူထားတဲ့ Printer တွေရယ်
- ကျွန်တော်တို့နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ Printer အရောင်းဆိုင်တွေက
ဝယ်ယူထားတဲံ့ Printer တွေနဲ့ပဲ
Time Code Manager နဲ့ ချိတ်ဆက်အသုံးပြုလို့ရတော့မှာဖြစ်ကြောင်း
အသိပေးလိုက်ရပါတယ်ခင်ဗျ။


( App သီးသန့်အတွက် ဝယ်ထားပြီး ငွေချေပြီးထားတဲ့ အကောင့်များအားလုံးကတော့ အရင်အတိုင်း ကြိုက်ရာ Printer နဲ့ ဆက်လက်အသုံးပြုလို့ရနေမှာဖြစ်ပါတယ်။ )


ရှေ့ ဗားရှင်းတုန်းကရင်း အဲ့ဒီ feature ကို ထည့်ခဲ့ပေမယ့်
အားလုံး ဘယ်နေရာကနေ ဝယ်ဝယ်အသုံးပြုလို့ရအောင်ဆိုပြီး
အဲ့ဒီ feature ကို မဖွင့်ခဲပါဘူး။

အခုတော့ နောက်ပိုင်း ဝယ်ယူမယ့် အကောင့်တွေမှာ
Print ထုတ်ဖို့အတွက်ဆိုရင်
- ကျွန်တော်တို့နားက ဝယ်ယူ/ရောင်းချထားတဲ့ Printer
- ကျွန်တော်တို့နဲ့ လက်တွဲထားတဲ့ Printer အရောင်းဆိုင်က
printer တွေနဲ့သာ ချိတ်ဆက်လို့ရတော့မှာဖြစ်ပါတယ်။

ထို့အကြောင့် ကျွန်တော်တို့နားကမဟုတ်ပဲ၊
အပြင်က Printer ဆိုင်တွေကနေ အများဝယ်ယူထားတဲ့ Printer တွေအတွက်
App ဝယ်ယူအသုံးပြုလိုပါက အရင်ဆုံး မိမိတို့ဝယ်ယူထားတဲ့ Printer ဆိုင်အမည်၊ ဘောက်ချာတစ်ခုခု ကြိုပြီး ပြောပေးပါ။
သို့မှသာ အဲ့ဒီ printer တွေနဲ့ သုံးလို့ရ / မရ အကြောင်းပြန်ပေးပါမည်။

( ကျွန်တော်တို့နဲ့ လက်မတွဲထားတဲ့ ဆိုင် ( သို့မဟုတ် ) blacklist ဖြစ်နေတဲ့ဆိုင်ရဲ့ Printer တွေဖြစ်နေပါက ကျွန်တော်တို့ App နဲ့အသုံးပြုလို့ရဖို့အတွက် မသေချာတော့ပါ။ )

( မိမိကိုယ်တိုင် အခြားဆိုင်ကနေ Printer ဝယ်ပြီးသုံးလိုပါကလည်း
မိမိဝယ်မည့်ဆိုင်ရဲ့ Printer နဲ့ချိတ်သုံးလို့အဆင်ပြေမပြေကိုလည်း
ကျွန်တော်တို့ထံကို လာရောက်စုံစမ်းမေးမြန်းနိုင်ပါသည်။ )

#timecodemanager#ruijieVoucherManager
 
 
Back to Top