Wifi ပြုတ်သွားလို့ ပြန်ချိတ်လိုက်ရင်
သုံးနေတဲ့ Voucher Code က အချိန်မပြည့်သေးပေမယ့်
Code ပြန်တောင်းတာမျိုး တော်တော်များများကြုံနေရပါတယ်။

အဓိကတော့ Ruijie Portal ရဲ့ authentication က
ချိတ်လာတဲ့ ဖုန်းရဲ့ Mac Address နဲ့
Voucher Code နဲ့ တွဲပြီး မှတ်သားတာဖြစ်ပါတယ်။

အခုနောက်ပိုင်းထွက်တဲ့ဖုန်းတွေမှာက Privacy / Security အတွက်
Random Mac Address ဆိုပြီးတော့ feature ပါဝင်လာပါတယ်။

အဲ့ဒီ Random Mac Address ကြောင့်
voucher code ပြန်တောင်းတဲ့ ပြသနာကြုံလာရတာပဲဖြစ်ပါတယ်။

ထိုပြသနာကိုဖြေရှင်းဖို့က Ruijie ဘက်ကနေပြင်ရမှာမဟုတ်ပဲ
ချိတ်သုံးမယ့် ဖုန်းတွေထဲက Wifi Setting ထဲမှာ
Use Device Mac Address ဆိုတာမျိုးကို
ပြောင်းပြီး ချိတ်ရမှာပဲဖြစ်ပါတယ်။

၁ ပတ်၊ ၁ လ ကုဒ်တွေ code ပြန်တောင်းတာ၊
Code ပြန်ထည့်တော့လည်း STA Limit ပြပြီး သုံးမရတာတွေအတွက်
ဒီနည်းအတိုင်းပဲ ချိတ်တဲ့ဖုန်းမှာ ပြောင်းပေးလိုက်ရင် အဆင်ပြေပါတယ်။

အခုပုံထဲကတော့ Android ဖုန်းတွေမှာ
Use Device Mac ပြောင်းနည်းလေးပါ။

ဖုန်းအမျိုးအစား တစ်ခုနဲ့တစ်ခုတော့ ကွဲလွဲမူရှိနိုင်ပါလိမ့်မယ်။

Comment ထဲမှာလဲ iPhone တွေအတွက် လုပ်နည်းလေးတင်ပေးထားပါ တယ်။
https://timecodeweb.vercel.app/?post=3663cda2-76bb-464b-83c8-35a86c13c84a

---------
App Page : https://bit.ly/ruijie-app-page
Tiktok : https://www.tiktok.com/@ruijievouchermanager/
Telegram : https://t.me/ruijievouchermanager
#timecodemanager
#ruijieVoucherManager
 
 
Back to Top