အရင်ဆုံး အဲ့ဒီ ပြသနာရဲ့ အရင်းမြစ်ကို သိအောင်အရင်လုပ်ရပါတယ်။
ပုံထဲက program လေးကတော့
Starlink Dish တွေ reboot / shutdown ချခံရတာတွေကို
ဘယ်ကနေ ဘယ်လိုဝင်လုပ်လို့ရနေတာလဲဆိုတာကို
အသေးစိတ်သိနိုင်ဖို့ စမ်းလုပ်ထားတဲ့ program ပါ။
( Starlink App နဲ့က ကိုယ့် wifi ကို လာချိတ်မှသာ လုပ်လို့ရတာပါ။
အခု ကျွန်တော်စမ်းထားတဲ့ဟာကတော့ အဝေးကနေကို လှမ်းလုပ်လို့ရတာမျိုးပါ။ )
ဆိုတော့ Time Code Manager နဲ့ကတော့ starlink app သုံးမရအောင်
local အတွက်ပိတ်လို့ရသွားပြီဆိုပေမယ့်
Cloud ကနေဆိုရင်တော့ လုပ်လို့ရနေဦးမှာဖြစ်ပါတယ်။
ထို့အတွက် မိမိတို့ ruijie account ကို မျှသုံးနေတာ၊
မိမိ ruijie project ကို အခြားသူကို share လုပ်ပေးထားတာမျိုးတွေ ရှိထားပြီး
အဲ့ဒီသူကလဲ မယုံကြည်ရဘူးဆိုရင်
- account password ပြန်ပြောင်းတာ၊
- Project Share တွေကို ဖြုတ်တာတွေ လုပ်ထားသင့်ပါတယ်။
-------
#timecodemanager#ruijieVoucherManager