ကိုယ့် ruijie cloud account မှာ Project တစ်ခုထပ်ပိုပြီးရှိနေရင်
အဲ့ဒီ Project တွေမှာ ထုတ်ထားတဲ့ voucher code တွေက
project တိုင်းမှာ လှည့်ပတ်ပြီး သုံးလို့ရတာတွေရှိပါတယ်...

နမူနာအနေနဲ့ ပုံထဲမှာဆိုရင်
Project A မှာ ထုတ်ထားတဲ့ Voucher Code တွေက
Project B , C , D ထဲက wifi တွေမှာ ထည့်သုံးလို့ရပါတယ်...

ပုံမှန်ကတော့ gateway sn / gateway id နဲ့ portal ကိုခွဲထားတာဖြစ်လို့
သုံးလို့မရရဘူး ဖြစ်ရမှာ ဆိုပေမယ့်
ကျွန်တော်စမ်းကြည့်မိတဲ့အချိန်တိုင်းမှာက သုံးလို့ရနေတဲ့အတွက်
သိထားသင့်တယ်ထင်လို့ တင်ပေးလိုက်တာပါ...

တစ်ချို့တွေက လာမေးကြတာရှိတယ်...
voucher code နဲ့တော့ ဝင်သုံးနေတာမှန်တယ်
ဒါပေမယ့် အဲ့ဒီ code ကို ကိုယ့် project မှာ ရှာလိုက်ရင်
မရှိဘူးဆိုတာမျိုးတွေက
အခုလိုမျိုး အကောင့်တစ်ခုအောက်ထဲမှာ project တွေများများပြီး
voucher code တွေရောသွားတာကြောင့်လဲ ဖြစ်တတ်ပါကြောင်း...

အကောင့်တစ်ခု project တစ်ခုပဲသုံးမလား
အကောင့်တစ်ခု project အများကြီးပဲ ထည့်ထားမလားဆိုတာတော့
ကိုယ်တိုင်ပဲဆုံးဖြတ်ပါ...

အားလုံးပဲအဆင်ပြေကြပါစေ...

#ruijieVoucherManager
#timecodemanager
 
 
Back to Top