-
၁။ Voucher Code ကျော်သုံးလို့ရခဲ့တဲ့အချိန်တုန်းက
မိမိတို့စက်မှာ ကျော်သုံးခံထားရပြီး၊
Ruijie ဘက်က ပိတ်သွားသည့်တိုင် အရင်ကျော်ထားတဲ့သူက
ဆက်လက်အသုံးပြုနေလို့ရတာတွေ ကျန်နေပါသေးသည်။
ထိုကျန်နေတဲ့ code/device များကို
Auth Clients ကနေရှာပြီးတော့ Logout လုပ်လို့ရပါသည်။
၂။ One Click Login ကို ဖွင့်မိထားလိုက်လို့
One Click Login နဲ့ ဝင်သုံးထားတာတွေကို
Project / Portal အသစ်ပြင်စရာမလိုပဲ
သုံးမရတော့အောင်အတွက်
Auth Clients ကနေဝင်ပြီးတော့ Logout လုပ်လို့ရပါသည်။
၃။ တစ်ချို့ ၁ ပတ်၊ ၁၅ ရက်၊ ၁ လကုဒ်တွေ
အကြောင်းအမျိုုးမျိုးကြောင့် ထွက်သွားပြီး
code ပြန်တောင်းတဲ့အခါမျိုးမှာလဲ
code အသစ်ပြန်ထုတ်ပေးစရာမလိုပဲ
ဝင်ထားပြီးသား code ကို Auth clients ကနေရှာပြီးတော့
logout လုပ်ပေးလိုက်ရင် code အဟောင်းကို
သူတို့ဖုန်းမှာပဲ ပြန်ထည့်ပြီးဝင်လို့ရသွားမှာဖြစ်ပြီး၊
လက်ကျန်ရက်အတိုင်း မပြောင်းလဲပဲ ဆက်သုံးလို့ရမှာဖြစ်ပါသည်။
ဆက်လက်ဖတ်ရှူရန် :
https://www.facebook.com/share/p/1EGksfibUc/
#ruijieVoucherManager