Voucher Code တွေ အသစ်ထုတ်ရင် နံပါတ်တွေအစား
နံပါတ် + စာသား တွဲရက် ထုတ်ဖို့ အသိပေးလဲဆိုတာက
နံပါတ်သီးသန့်နဲ့ code တွေက လွယ်လွယ်ကူကူ ခန့်မှန်းလို့လွယ်ပါတယ်။
ဥပမာ - နံပါတ် ၆ လုံးနဲ့ voucher ထုတ်သုံးထားတယ်ဆိုရင်
000000 ကနေ 999999 အတွင်းပဲ ရှာလိုက်ရုံပါပဲ။
လူကိုယ်တိုင်ရိုက်ထည့်ရှာရင် မဖြစ်နိုင်ဘူးဆိုပေမယ့်
ကွန်ပျူတာ၊ ဖုန်းအကူညီနဲ့ဆိုရင် အချိန်ခဏလေးနဲ့
000000 ကနေ 999999 မှာရှိနေတဲ့ ကုဒ်တွေ
အကုန်ရှာတွေ့သွားနိုင်တာပဲဖြစ်ပါတယ်။
( လက်ရှိမှာ ruijie ဘက်ကတော့ captcha နဲ့ bot လား၊ လူလား
သေချာအောင်စစ်တဲ့ စနစ်နဲ့ ကာကွယ်ထားလိုက်ပြီဆိုပေမယ့်
ကိုယ့်ဘက်ကလဲ ပိုပြီး လုံခြုံအောင်အတွက်
နံပါတ်တွေအစား၊ နံပါတ် + စာသား တွဲရက်နဲ့သာ ထုတ်သုံးဖို့ပါ။ )
ရှေ့ post တွေမှာ သုံးဖူးထားတဲ့ စာသားအတိုင်းပါပဲ၊
နံပါတ်နဲ့စာသား တွဲထုတ်ပြီး အရေအတွက် ၇ လုံးအထက်ဆိုရင်
သူခိုးတွေအတွက် သိကြားမင်းဆင်းကူတောင် မလွယ်တော့ပါဘူး
နောက်တစ်ခု သတိထားရမယ့်အချက်အနေနဲ့
အရင်က မိမိတို့ထုတ်ထားတဲ့ voucher အဟောင်းတွေမှာလဲ
နံပါတ်ပဲသီးသန့် code တွေရှိရင် အကုန်ဖျက်ချထားဖို့ပါပဲ။

#ruijieVoucherManager
 
 
Back to Top