Time Code Manager update မှာ
အကောင့်တစ်ခုအတွက် default အနေနဲ့ Project 3 ခုပဲသုံးလို့ရတော့မှာဖြစ်ပါတယ်။
ကိုယ်ပိုင်အကောင့် ကိုယ်ပိုင် project ပိုင်ရှင်တွေအတွက်က
၃ ခုဆိုတာ လုံလောက်တဲ့ ပမာဏပါ။
ပိုင်ရှင်တစ်ဦးတည်း Gateway အများကြီးနဲ့
Project ၅ ခုနဲ့ရှိတယ်ဆိုတာ အရမ်းကိုရှားပါတယ်။

Time Code Manager ကလဲ personal သုံးအတွက်မို့
App တစ်ခုလိုက်ကြီးမဟုတ်ပဲ account တစ်ခုစာ activate ဆိုပြီးပဲရောင်းခဲ့တာပါ။
ထို့အတွက် Share ( received project ) တွေကအစ သုံးလို့မရခဲ့ပါဘူး။

အခုတစ်ခေါက်မှာတော့ အကောင့်တစ်ခုနဲ့ ကိုယ်နဲ့မသက်ဆိုင်တဲ့
Project တွေအများကြီး ပေါင်းထည့်ထားပြီး အသုံးပြုနေတာမျိုးအတွက်
တားဆီးဖို့ Project 3 ခုအထိသာ
ဖော်ပြပေးအောင် ပြောင်းလဲထားပါတယ်။

အကယ်လို့ မိမိကိုယ်ပိုင် Project တင် အမှန်အကန် ၃ ခုအထက်ပိုရှိတယ်ဆိုရင်လဲ ကျွန်တော်တို့ကို time code manager မှာ ဝင်သုံးနေတဲ့
email လေးပို့ပေးပါ။
ကိုယ်တစ်ဦးတည်း အပိုင် Project တွေ မှန်ကန်မှုရှိမရှိ စစ်ဆေးပေးပါမည်။
မှန်ကန်ပါက၊ ထို Project တွေအတွက် သုံးလို့ရအောင် ပြင်ဆင်ပေးပါမည်။

ဆက်လက်ဖတ်ရန် ။
https://www.facebook.com/share/p/1DfyeVRSUK/
 
 
Back to Top