SL ရဲ့ Policy အသစ်ရဲ့ Mail တွေတော့
ဝင်ထားကြပြီမို့ ဖတ်ပြီးကြလောက်ပြီထင်ပါတယ်။
စိတ်မကောင်းစရာကတော့
Policy အသစ်မှာ
Register လုပ်ထားတဲ့ location ကနေ
အခြားနေရာမှာ ယူသုံးမယ်ဆိုရင်
အရင်က ၆၀ ရက်ထိ ခွင့်ပြုထားရာကနေ
အခုတော့ ရက် ၃၀ ပဲရပါတော့တယ်။
အကယ်လို့ ရက် ၃၀ ထက် ကျော်ပြီးသုံးလိုရင်
သူတို့ပြောသလို Priority plans တစ်ခုခုပြောင်းသုံးလို့ရတယ်ပြောပါတယ်။
Priority plans ရဲ့ စျေးတွေကို ခဏဖယ်ထားပြီး
လက်တွေ့အရင် စဉ်းစားရမှာက
မြန်မာမှာရော Priority plans က အလုပ်လုပ်ပါ့မလားဆိုတာပါပဲ။
သူတို့ခွင့်ပြုထားတဲ့ နိုင်ငံတွေထဲမှာပဲ
Priority plans က အလုပ်လုပ်မယ်ဆိုရင်တော့
မြန်မာမှာ သုံးနေတဲ့ စက်တွေအတွက်ကတော့
မျော်လင့်ချက်နည်းသလောက်ဖြစ်သွားပါတယ်။
ဆိုတော့
နောက်လ August 17 မှာတော့ အဖြေတစ်ခုသိရဖို့တော့များပါတယ်။
အခုအချိန်ကတော့ လိုင်းပေါ်မှာ တစ်ယောက်တစ်မျိုးစီး
နားလည်သလောက်လေးတွေ ရေးနေကြဦး၊ ဖတ်နေကြရဦးမှာပါ။
လက်တွေ့ကတော့ အခု Policy အသစ်က
မြန်မာမှာ SL အသုံးပြုရနိုင်ဖို့
အရမ်းကိုခက်ခဲသွားပြီဆိုတာတော့ အမှန်အကန်ပါပဲ။
 
 
Back to Top