စျေးနှုန်းတွေထည့်လို့ရကြောင်း လမ်းပြပြီးတဲ့နောက်မှာ
တော်တော်များများလဲ ထည့်လာကြတာတွေ့ရပါတယ်။
သို့ပေမယ့် Ruijie မှာအရေးကြီးတာက ဒီဇိုင်းထက်
ဖုန်းအဟောင်းနဲ့ တစ်ချို့ဖုန်းတွေမှာ loading မဖြစ်အောင်ရယ်
မလိုအပ်ပဲ ပုံတွေကြောင့် MB/GB တွေ မတက်သွားအောင်ရယ်
ထည့်စဉ်းစားရပါတယ်။
ဒီအတိုင်း ဒီဇိုင်းပြောင်းရုံကတော့ အခု အေအိုင်ခေတ်မှာက
အရမ်းကိုလွယ်ပါတယ်။ Code တွေမရေးတတ်တောင်
အေအိုင်ကို ခိုင်းလိုက်တာနဲ့ ရပါတယ်။
ဒါပေမယ့် ruijie စနစ်ရဲ့ အဓိကကို နားလည်ထားမှသာ
စက်အားလုံးအဆင်ပြေအောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။
နောက်မကြာခင်မှာလဲ
App တစ်ခုက ကိုယ်သေချာမသိပဲ ၊ စိတ်မချ၇ပဲ
ကိုယ့်အကောင့်နဲ့ ထည့်သုံး စမ်းမိတာမျိုးက ဘယ်လောက်ထိ
ဆိုးကျိုးရှိနိုင်တယ်၊ ကိုယ့်အကောင့်တွေကို ခိုးသုံးလို့ရသွားတယ်ဆိုတာကို
ထပ်တင်ပေးပါဦးမည်။
Time Code Manage App ကိုလဲ စိတ်ချရအောင်အတွက်
အပြင်ကနေ zapya တွေ၊ သီးသန့် ဒေါင်းလုပ်ဆွဲသွင်းတာမျိုးမလုပ်ပဲ
လုံခြုံရေးအတွက် စစ်ဆေးခံထားပြီး စိတ်ချရတဲ့
Play Store ကနေသာ တရားဝင် သွင်းကြဖို့ပါ။
အားလုံးပဲအဆင်ပြေကြပါစေ။
#timeCodeManager