ဒီတစ်ခေါက် Time Code Manager Update ထဲက
သုံးနေဆဲကုဒ်တွေကို တစ်နေရာတည်းမှာ ပေါင်းကြည့်လို့ရသွားပြီးတော့
- Expired ဖြစ်ပြီး ကျန်နေသေးတဲ့ Code တွေကို
အနီနဲ့ ပြပေးလိုက်တော့ တော်တော်လေးအဆင်ပြေသွားပါတယ်။
အနီဖြစ်နေတဲ့ဟာလေးတွေဆိုရင် "SELECT" လုပ်ပြီး
Delete လုပ်လိုက်ရုံပါပဲ။
ဘာအတွက်ကောင်းသွားလဲဆိုရင်
တစ်ချို့ Code အဟောင်းတွေနဲ့ ပြန်သုံးလို့ရနေတာမျိုးတွေ
သက်သာသွားပါတယ်။
Expired ထဲရောက်သွားရင် ကုဒ်က လုံး၀သုံးမရတော့ပေမယ့်
in use ထဲမှာရှိနေရင် သူက session active ဖြစ်နေသေးတာမို့
ဂရုစိုက်ရပါတယ်။
ကျွန်‌တော် ဒီဗားရှင်းမှာ တစ်ခုလိုသွားတာက
GB Limit နဲ့ဟာတွေကို သတိမထားမိလိုက်တာပါ။
အချိန် expire ကိုပဲ filter လုပ်ပေးလိုက်မိပြီး
GB Limit ပြည့်သွားတာကိုတော့ အနီနဲ့ပြဖို့ မလုပ်ပေးလိုက်ရပါဘူး။
နောက် Update မှာ GB Limit ပြည့်သွားတာကိုလဲ
အနီနဲ့ပြပေးနိုင်အောင် ထည့်ပေးလာပါမယ်။


#timeCodeManager
 
 
Back to Top