ဒီနေ့ အကိုတစ်ယောက်လာမေးတယ်။
အချိန်ကနေ GB Limit ပြောင်းတာအတွက် company ဘက်ကို
၁ သိန်းခွဲသွင်းမယ်ဆိုပြီး သူတို့ကို point ပစ်ပေးတဲ့သူက
တောင်းလို့ လိမ်တောင်းတာထင်လို့ဆိုပြီး လာမေးတာပါ

တကယ်ကလဲ လိမ်တောင်းတာပါပဲ
ဂရုစိုက် သတိထားဖို့အတွက်လဲ ဒီ post ကိုတင်ပေးဖြစ်တာပါ
( လူကောင်းတွေရှိသလို
လူညစ် လူလိမ်တွေလဲရှိတတ်တာမို့
သတိထားဖို့ပါ )
ဆိုတော့ ...
အချိန်ကနေ GB Limit ပြောင်းဖို့က
၁ သိန်းခွဲလဲ သွင်းစရာမလို၊ software တွေလဲ ဝယ်စရာမလိုပဲ
Ruijie ရဲ့ original app / cloud ကနေကို
လွယ်လွယ်ကူကူပြောင်းလို့ရပါတယ်

တော်တော်များများကတော့ ကိုယ့် project ကို
ဆားဗစ်လုပ်ဖို့ အပ်ထားတဲ့ဆရာတွေကပဲ လုပ်ပေးသွားကြပါတယ်

ကိုယ်တိုင်နားလည်ရင်လဲ ပုံထဲလိုမျိုးမျိုးပဲ
- user group name လေးတစ်ခုသတ်မှတ်မယ်
- ပြီးရင် Total Duration မှာ ဘယ်လောက်အချိန်ထိပေးသုံးမယ်
- Quota မှာတော့ ဘယ်လောက် GB Limit လုပ်ထားမယ်ဆိုပြီး
ရွေးရုံပါပဲ

#timeCodeManager
 
 
Back to Top