အခုနောက်ပိုင်း Ruijie ရဲ့ Captive Portal တွေကို Voucher Code မလိုပဲ VPN သုံးပြီးတော့ ကျော်သုံးခံရတာ ပိုများလာပါတယ်
( ဒါတောင် hotspot share လုပ်သုံးတာမပါသေးပါဘူး )

အင်တာနက်ကို အချိန်နဲ့ ပိုက်ဆံရှာရတာဖြစ်တဲ့အတွက် - ပိုက်ဆံမရတဲ့ ကျော်သုံးတဲ့သူတွေများလေလေ ဝင်ငွေသိသိသာသာထိခိုက်လေပါပဲ
ကျနော်တို့ App မှာတော့ ကျော်သုံးတဲ့သူတွေကို ရှာပေးနိုင်ပြီး block နိုင်တဲ့ feature ပါပါတယ်
သို့ပေမယ့် အမြဲ block လိုက် / လာဝယ်သုံးတဲ့အချိန် ပြန်ပြီး unblock လိုက်နဲ့ အလုပ်ကတော့ရှုပ်နေပါသေးတယ်

အဲ့အတွက် ဒီလိုကျော်သုံးနေတာတွေကို စက် company ဘက်ကသာ ကာကွယ်ပေးနိုင်အောင်လုပ်ပေးလာရင်ပိုကောင်းမှာပါ

တစ်ချို့ App ပဲလာဝယ်တဲ့သူတွေ မဝယ်ခင်မေးတာတွေရှိပါတယ်
Ruijie Voucher Manager App က vpn ကျော်သုံးတာကို တကယ်ပိတ်ပေးနိုင်လားပေါ့
- အဖြေကတော့ ကျနော်တို့ App က ပိတ်ပေးတာမဟုတ်ပဲ၊ ကျော်သုံးလာတာကို သိတာနဲ့ block အလွယ်တစ်ကူလုပ်လို့ရအောင်ပဲ လုပ်ပေးနိုင်တာပါ

တကယ့်တကယ်ပိတ်ပေးနိုင်မှာက စက် company ဘက်ကဖြစ်တဲ့အတွက်
vpn နဲ့ကျော်သုံးခံရတာများတယ်ဆိုရင် ပိတ်ဖို့အတွက် company ဘက်က technician တွေကိုလုပ်ခိုင်းရင်ရနိုင်မှာပါ

#ruijieVoucherManager
 
 
Back to Top