Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။
#RuijieVoucherApp
#ASDF
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။
#RuijieVoucherApp
#ASDF
ဦးစားပေးရောင်းခဲ့တာက
2 လက်မဆိုဒ် Bluetooth Printer တွေနဲ့ပဲ print ထုတ်ဖို့အတွက်ပါ။
( App ရဲ့ ရည်ရွယ်ချက်ကလဲ Thermal Printer တွေနဲ့
Print အလွယ်ထုတ်ဖို့ပါပဲ )
နောက်မှသာ Connected Devices ဆိုပြီးတော့
ချိတ်ထားတဲ့ဖုန်းတွေကို ကြည့်လို့ရအောင်၊
code မသုံးထားတဲ့ဖုန်းတွေကို အနီနဲ့ပြပေးနိုင်အောင်
Block လုပ်နိုင်အောင်ဆိုပြီး update တွေမှာ
အခမဲ့ ထပ်ထည့်ခဲ့ပေးတာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ ကျွန်တော်တို့နားမှာ
ယုံယုံကြည်ကြည်နဲ့ လစဉ်ဘေဆောင်နေတဲ့သူတွေအတွက်
သူတို့အတွက် တစ်ခုခုတော့ လုပ်ပေးနိုင်အောင်ကြိုးစားရမယ်ဆိုပြီး
ကိုယ်တိုင်ဝင်လုပ်ရင် ခက်ခဲမယ့် အရာတွေကို
သူတို့ကိုယ်တိုင် လွယ်လွယ်ကူကူနဲ့ လုပ်လို့ရနိင်အောင်ဆိုပြီး
SVIP ဆိုတာကို သီးသန့် ပေါင်းထည့်ခဲ့တာပါ။
( ကျွန်တော်တို့နားမှာ ဘေဆောင်တဲ့စျေးက များပါတယ်။
များမှန်းသိရက်နဲ့ကို စျေးတစ်ချက်မစစ်ပဲ ယုံကြည်ပြီး
လစဉ်ဆောင်နေတဲ့သူတွေကြောင့် svip ဆိုတာ ဖြစ်ပေါ်လာတာပါ။ )
နောက်ပိုင်းမှာတော့ svip ထဲက တစ်ချို့ feature တွေက
တကယ်လဲအသုံးလိုလာတဲ့အချိန်မှာ ၊ ဘေမဆောင်ဖြစ်တဲ့သူတွေကလဲ
Read More : https://www.facebook.com/share/p/1biJDAdrwb/
- ဘယ်လောက် GB သုံးပြီးပြီလဲ
- GB ဘယ်လောက်ကျန်သေးလဲ ဆိုတာ
customer တွေကိုယ်တိုင် သူတိုဖုန်းထဲကနေ
အလွယ်ကြည့်နိုင်ဖိုအတွက်
"Data လက်ကျန်စစ်မယ်" ဆိုတဲ့ App လေးကို
ထည့်ပေးလိုက်ရုံပါပဲ။
( မှတ်ချက်။ ။ Data အတိအကျသိနိုင်ဖိုအတွက်
မိမိတို Ruijie Gateway က Firmware နောက်ဆုံးဗားရှင်းအထိ
မြင့်ထားဖို လိုအပ်ပါသည်။ )
--------
ဒေါင်းလုပ်ဆွဲရန်...
https://www.mediafire.com/file/y6xcjdhzf9oggmi/Data_လက်ကျန်စစ်မယ်.apk/file
https://t.me/ruijievouchermanager/657
လုပ်စရာမလိုပါဘူး
Click တစ်ချက်ပဲ နှိပ်ဖို့ လိုပါတော့တယ်။
GB နဲ့ရောင်းနေပြီဆိုရင်တော့
Hotspot မပိတ်လဲရပါပြီ။
သူတို့လွင့်သုံးလေ GB အကုန်မြန်လေမို့ပါ။
#timeCodeManager
ကျော်လို့ရနေသေးတယ်ဆိုတာက
- Gateway မခံထားတာ
- Firmware နောက်ဆုံးဗားရှင်းမဖြစ်သေးတာ
- Prevent Http Injection ဆိုတာကို မဖွင့်သေးတာတွေကြောင့်ဖြစ်ပါတယ်။
Gateway သုံးထားတယ်
Firmware နောက်ဆုံးဗားရှင်းလဲ ဖြစ်ထားတယ်ဆိုရင်တော့
Prevent Http Injection ဆိုတာကို မဖြစ်မနေ ဖွင့်သုံးဖို့လိုပါလိမ့်မယ်။
Time Code Manager မှာတော့ SVIP ထဲမှာ
တစ်ချက်နှိပ်ပြီး Prevent Http Injection ကိုဖွင့်လို့ရပါတယ်။
-
VPN ဖိုင်တွေရောင်းတဲ့သူတွေလဲ
သူတို့ဖိုင်ရောင်းရင် Old Version ဆိုပြီး ပါကြတာများပါတယ်။
အဲ့ဒါက firmware version နိမ့်နေတဲ့စက်တွေအတွက်ပါ။
ပြီးတော့ AP သီးသန့်နဲ့ code ထုတ်နေတဲ့သူတွေက အဲ့ဒီ
old version နဲ့က သာသာယာယာ ကျော်လို့ရနေမှာပါ။
ထို့အတွက် အပေါ်မှာရေးထားသလိုမျိုး အချက်တွေကို ပြန်စစ်လိုက်ရင်
သက်သာသွားပါမည်။
#timeCodeManager
လိုင်းပြန်မြန်ဖို့ Plan ပြောင်းသုံးခိုင်းတာတွေ တော်တော်များလာပါတယ်။
တစ်ချို့ကလဲ plan ပြောင်းလိုက်မယ်လေဆိုပြီး
အလွယ်တွေးကြတယ်။
ပြောင်းလို့ရမယ့် Plan ထဲမှာက
Local နဲ့ Global Priority ဆိုပြီး ၂ မျိုးရှိပါတယ်။
နှစ်ခုလုံးကတော့ GB နဲ့ သုံးသလောက်ဆောင်ရတာပါ။
အဲ့ဒီမှာ Local Priority ကတော့ စျေးသက်သာပါတယ်။
ဒါပေမယ့် Local ဖြစ်တဲ့အလျောက် မိမိတို့စက် register လုပ်ထားတဲ့
Region မှာပဲသုံးလို့ရမှာမျိုးပါ။
ဆိုလိုတာက ဖိလစ်ပိုင် region ဆိုရင် ဖိလစ်ပိုင်မှာပဲသုံးနေမှ အဆင်ပြေမှာပါ။
မဟုတ်ရင် Location Restrict ထိနိုင်ပါတယ်။
Global Priority ကတော့ နိုင်ငံတစ်ကာပတ်ပြီးသုံးလို့ရတဲ့ Plan ပါ။
( ဒါပေမယ့် တရားဝင်မရထားတဲ့ နိုင်ငံမှာ
ရေရှည်သုံးရ/မရတော့ သေချာမသိပါဘူး၊
မြန်မာနိုင်ငံအတွင်းဆိုရင် တရားဝင်မဟုတ်ထားပါဘူး )
Global Priority စျေးကလဲ ကြမ်းပါတယ်။
50GB ပဲကို အခု ဆောင်နေတဲ့ ၁ လစာတန်ဖိုးနီးပါရှိပါတယ်။
ဆိုတော့ Plan ပြောင်းရင် အဆင်ပြေလားဆိုရင်တော့
speed ကတော့ပြန်မြန်သွားပါမယ်။
ပြီးရင်တော့ ငွေလဲ အထုပ်လိုက် ပိုက်ပြီးတော့ကို
ဆောင်နိုင်မှပဲအဆင်ပြေပါမယ်။
https://www.facebook.com/share/p/18JEGfkPFR/
အခြား Region Server တွေပြောင်းပြီးတော့ project လုပ်ရင်
Error သက်သာပါတယ်။
( လက်ရှိ တစ်ချို့ US Server နဲ့သုံးနေတာ အေးဆေးပါပဲ )
နောက်တစ်ခုက အခြား region တွေမှာလဲ သွားသုံးပေးမှ
လူတွေများလာပြီး တစ်ခုခုဖြစ်ရင်
အဲ့ဒီ region server ကိုသုံးနေတဲ့ နိုင်ငံခြားသားတွေက
ကိုယ်တွေအစား complain ပိုတက်ပေးပါလိမ့်မယ်။
လက်ရှိမှာ တစ်နေ့ကလို cloud နှေးတာတွေ၊
error တွေက အခြား region မှာ သိပ်မဖြစ်ပါဘူး။
အဓိကတော့ ကုဒ် သူခိုးတွေလဲ အဲ့ဒီဘက်ကစက်တွေကို
သွားမခိုးသေးတာကြောင့်လဲပါပါမယ်။
အပြောင်းလဲလေးဖြစ်အောင် အကြံဉာဏ်လေးတစ်ခုပေးလိုက်တာပါ။
လုပ်ချင်တာမျိုးရှိရင်တော့ သက်ဆိုင်ရာ ဆားဗစ်ဆရာတွေကိုပြောပြီး
ပြောင်းကြည့်နိုင်ပါတယ်။
#timeCodeManager
Code တွေခိုးခံရတာအတွက်ကတော့
ကျွန်တော်အရင်ကပြောဖူးသလိုပဲ
Code တွေကို ဂဏန်း ၆ လုံးပဲသုံးတာမျိုးတွေရှောင်ပါ။
အနည်းဆုံး ဂဏန်း နဲ့ စာ တွဲရက် ၇ လုံးနဲ့ ၈ လုံး လောက်ထုတ်ပါ။
ဒါဆိုရင် ခိုးခံရဖို့ လုံး၀မဖြစ်တော့ပါဘူး။
ပြီးတော့ ကိုယ့်အကောင့် password အခြားသူသိနေလားစစ်ပါ။
ဆားဗစ်တွေအပ်တုန်းက password တွေပေးပြီးဝင်စစ်ခိုင်းထားလားစစ်ပါ။
အကောင့်တစ်ခုအောက်မှာ ကိုယ်နဲ့မဆိုင်တဲ့ Project တွေရှိလားစစ်ပါ။
အဲ့ဒါဆိုရင်တော့ code ထုတ်ရောင်းခံရတာမျိုး မရှိတော့ပါဘူး။
အပေါ်က ပေါက်နေတဲ့အကြောင်းကို ထပ်ဆက်ရမယ်ဆိုရင်တော့
ပုံထဲမှာပြထားတဲ့ client sync လိုမျိုးနဲ့ second လျော့ချထားရင်
တော်ရုံ တစ်ဖက်ကနေ လှမ်းပြီး code အတုတွေနဲ့ဝင်သုံးတာတွေ
သက်သာသွားပါမယ်။
ပြီးရင် အချိန်ပြည့်ပြီး လိုင်းမဖြတ်တာမျိုး၊
GB ပြည့်ပြီးလိုင်းမဖြတ်တာမျိုးတွေလဲ သက်သာသွားပါမယ်။
Client Sync Update App ကိုတော့
https://t.me/ruijievouchermanager/655 မှာဆွဲနိုင်ပါတယ်။
https://www.facebook.com/share/p/1CxcSxUPne/