Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
ကျွန်တော်တို့နားကနေ Printer နဲ့ App တွေ မဝယ်ခင် သိထားရမည့် အချက်လေး ပြောပြချင်ပါတယ်ခင်ဗျ
______________________

ကျွန်တော်တို့ Printer နဲ့ App ဟာဆိုရင်ဖြင့်
- Ruijie Gateway / Ruijie AP ( Standalone Portal ) စတဲ့စက်တွေသုံးထားပြီး လက်ရှိ Voucher System ( Time Code System ) နဲ့ အသုံးပြုနေတယ်ဆိုမှသာ ချိတ်ဆက်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။


- ကျွန်တော်တို့ Printer နဲ့ App က code ထုတ်ပေးတာမဟုတ်ပါဘူးဗျ
Ruijie Cloud ကနေ ထုတ်ထားတဲ့ voucher code တွေကို စာရွက်ပေါ်မှာ ပေါ်အောင်အတွက်ပဲ Print ထုတ်ပေးတာပါ။
( တော်တော်များများက code ထုတ်စက်ဆိုပြီး ထင်နေကြလို့ပါ )


- Printer က thermal printer မို့ မှင်မလိုပါဘူး ( စက္ကူရယ်၊ သူ့ thermal print head အပူနဲ့ ပေါင်းပြီး စာတွေထင်အောင်လုပ်ပေးတာပါ )
စာတွေ မမှိန်အောင်၊ ရေရှည်သုံးလို့ရအောင်အတွက် ဆက်တိုက် print ထုတ်တာမျိုးတွေမလုပ်ပဲ၊ မိမိတို့လိုအပ်သလောက်ထုတ်ပြီး ခဏနားပြီး ထပ်ထုတ်စေချင်ပါတယ် ၊
ပြီးတော့ စက်အတွင်း စက္ကူလိပ်ထည့်တဲ့ အတွင်းကိုလည်း ဖုန်မှုန့်တွေ၊ စက္ကူလိပ်ကထွက်တဲ့ အမှုန့်တွေ အမြဲသန့်ရှင်းရေးလုပ်ပေးပါ။


ကျေးဇူးတင်လျက်
Ruijie Voucher Manager

#ruijievouchermanager
February လလည်း ကုန်ပြီဆိုတော့
ကျွန်တော်တို့ Ruijie Voucher Manager Page ကနေ
FEB လအတွင်း
Printer တွေ၊ စက္ကူလိပ်တွေ ပို့ပေးခဲ့သမျှ
ပါဆယ်ပုံတွေ နဲ့ ဂိတ်ချလန်တွေထဲက
ပုံတစ်ချို့လေး တင်ပေးလိုက်ပါတယ်။

Follower And Like 1000 တောင်မပြည့်သေးတဲ့
ကျွန်တော်တို့ Page ကနေ
ယုံယုံကြည်ကြည်နဲ့ မှာယူ/ဝယ်ယူ ကြတဲ့
တစ်ဦးတစ်ယောက်စီတိုင်းကို
ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။

လောလောဆယ်မှာတော့ မန္တလေးမြို့တွင်းလည်း အိမ်ရောက်ငွေချေတာကို ယာယီနားထားပါသည်။
ကျွန်တော်တို့ ပစ္စည်းအမြဲပို့နေတဲ့ လမ်းကြောင်းနဲ့ သင့်ရင်တော့ COD ဝင်ပို့ပေးပါမည်။

( အခြားမြို့တွေလည်း ငွေလွဲဝင်တာနဲ့ သက်ဆိုင်ရာကားဂိတ်တွေကို ပို့ပေးပါသည်။ )

******
စျေးနှုန်းများ
- Printer + App ( ၁ စုံ ) = ၂ သိန်းကျပ်
- Printer သီးသန့် = ၁ သိန်း ၄ သောင်းကျပ်
- Application သီးသန့် = ၁ သိန်းကျပ်
- စက္ကူလိပ် ၁ လိပ် = ၁၅၀၀ ကျပ်


#ruijievouchermanager
ကျွန်တော်တို့ App လေးကို Google Play Store ကနေလည်း Download and Install လုပ်နိုင်ပါပြီ။

-----------------------
ကျွန်တော်တို့ Ruijie Voucher Manager App ကို external download link ကနေ Install လုပ်ဖို့ခက်နေသူများအတွက်
Google Play Store မှာ App လေးကို တင်ပေးလိုက်ပါပြီ
( ကျွန်တော်တို့ Printer နဲ့ App ကို တစ်ဆင့်ရောင်းချပေးတဲ့သူတွေအတွက်လည်း app ထည့်ပေးရတဲ့ဒုက္ခလေးကင်းဝေးသွားပါမယ်ဗျ။ )
*****
Google ရဲ့ Name and Title Policy ကြောင့်
Ruijie Voucher Manager အစား
Time Code Manager ဆိုပြီးတော့ အမည်ပြောင်းပြီးတင်ပေးထားတာဖြစ်ပါတယ်
လက်ရှိသုံးနေတဲ့ Ruijie Voucher Manager နဲ့ Time Code Manager က အကုန်အတူတူပါပဲ။
မတူတာက App အမည်နဲ့ Icon ပါ။ App ဝယ်သုံးထားတဲ့သူမှန်သမျှ အကုန်ဝင်သုံးလို့ရပါတယ်။

Google Play Store Link :
https://play.google.com/store/apps/details?id=com.neotech.wifivouchermanager

#ruijieVoucherManager
Update
Ruijie Backend ဘက်က login မှာ error ဖြစ်နေတာပါ
လောလောဆယ်မှာတော့ login ဝင်လို့ request body is null ပြနေတယ်ဆိုရင် နောက်ထပ် ၂ ကြိမ် ၃ ကြိမ်လောက် ပြန်ပြီး login try ကြည့်ပေးပါ



Ruijie Voucher Manager App မှာ
account အသစ်ဝင်တာမျိုးမှာ Error ဖြစ်နေပါတယ်ခင်ဗျ
အရင်ဝင်ပြီးသားသူတွေကတော့ လက်ရှိသုံးလို့ရနေပါသေးတယ်။

Error ကို လက်ရှိကြိုးစားပြီး စစ်ကြည့်ပေးနေပါတယ်ခင်ဗျ။
Update ကို ထပ်တင်ပေးပါမယ်ခင်ဗျ။
Ruijie Voucher Manager နဲ့ တွဲရောင်းမယ့် Printer တွေထဲက
နောက်ထပ် Model တစ်မျိုး။

App နဲ့ အဆင်ပြေအောင် ပြုပြင်တာတွေ လုပ်ပြီးသွားပြီမို့
မကြာခင် အခု Printer လေးနဲ့ပါ တွဲရောင်းပေးတော့မှာ ဖြစ်ပါတယ်။

*** လက်ရှိမှာတော့
မန္တလေးမြို့တွင်းကအမှာတွေကိုလည်း အိမ်ရောက်ငွေချေတာကို နားထားလိုက်ပါပြီ။
အခြားမြို့ကို ပို့သလိုပဲ ငွေလွဲဝင်ပြီးမှ သက်ဆိုင်ရာလိပ်စာကို ပို့ပေးမှာဖြစ်ပါတယ်။

****
ဒီတစ်ခေါက် Printer Stock ကုန်ပြီး
နောက်တစ်သုတ်ရောက်တဲ့အချိန်
Printer + App တွဲရက်ကိုလည်း ၂ သိန်းကျပ်ကနေ
မူရင်းဈေးအတိုင်း
- Printer = 140,000
- Software = 100,000
စုစုပေါင်း 240,000 ဖြင့် ပြောင်းလဲရောင်းချသွားတော့မှာဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျ။

လက်ရှိမှာတော့ ၁ စုံကို ၂ သိန်းနဲ့ရောင်းချပေးနေပါသေးသည်။


#ruijieVoucherManager
ကျွန်တော်တို့ Ruijie Voucher Manager ကနေ
App + Printer တွဲရက်ရောင်းချပေးနေတဲ့ Printer တွေက
ပုံစံတစ်မျိုးတည်း မဟုတ်ပဲ
ဒီဇိုင်းပေါင်စုံ တံဆိပ်ပေါင်းစုံဖြစ်နေရတဲ့အကြောင်းအရင်းလေးပါ

အခုလည်း နောက်ထပ် Printer Model တစ်မျိုးနဲ့ တွဲရောင်းပေးနိုင်ဖို့ App နဲ့အဆင်ပြေအောင် စမ်းသပ်နေပါပြီ

ဝယ်ယူအားပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်
မနေ့က FB မှာတင်ပေးဖြစ်တဲ့ Android Proxy Server နဲ့
hotspot share ပိတ်ထားတာတွေကို
သုံးလို့ရအောင်လုပ်တဲ့နည်းက
လက်ရှိအချိန်ထိတော့ လုံး၀ကို ပိတ်လို့မရတဲ့အထဲ ပါနေပါသေးတယ်

Ruijie စက်မှမဟုတ်ပါဘူး
အခြား TTL Rule ကို 1 နဲ့ ပိတ်လို့ရပါတယ်ဆိုပြီး ကြော်ငြာတွေတွေ့နေရတဲ့ Mikrotik လိုမျိုးတွေမှာတောင် သုံးလို့ရနေပါတယ်


ထို့ကြောင့် hotspot share တာကို ပိတ်လို့မရတဲ့အတွက်
Speed Limit ( ဒါမှမဟုတ် ) Data Quota Limit နဲ့ ပြောင်းလဲပြီးလုပ်မယ်ဆိုရင်တော့ အတော်အသင့်လျော့ချပေးနိုင်မှာပါ

Data Quota Limit ( 1GB / 2GB ) စတဲ့ code တွေနဲ့ လုပ်မယ်ဆိုရင်တော့
Ruijie တွေနဲ့အဆင်မပြေနိုင်သေးပါဘူး
အဲ့အစား MikorTik ( ဒါမှမဟုတ် ) Ubiquit Gateway Controller တွေပြောင်းသုံးမှပဲ အဆင်ပြေမှာပါ

Ruijie မှာက Cloud Base နဲ့သွားတဲ့အတွက်
Data Limit က မတိကျတဲ့အပြင် powerful မဖြစ်သေးတာကြောင့်ပါ

ပြီးတော့ AP ပဲဝယ်ထားပြီး hotspot ပိတ်မရလို့ဆိုပြီး စိတ်ညစ်နေတဲ့သူတွေအတွက် 
Gateway ဝယ်တပ်လည်း ပိတ်လို့မရဘူးဆိုတာ သိရတဲ့အတွက် စိတ်သက်သာရာရသွားမယ်ထင်ပါတယ်၊ Time code လောက်နဲ့ပဲ ဝိုင်ဖိုင်လွင့်ချင်တဲ့သူများအတွက် Gatway ဖိုးပိုက်ဆံ ထပ်ဆင့်မကုန်တော့ဘူးပေါ့
Hotspot Share တာကို ပိတ်လို့ရတယ်ဆိုပြီး ပိတ်လိုက်ပေမယ့်
တကယ်ပိတ်ရ/မရ ကို
ကိုယ်တိုင်စမ်းသပ်ချင်တဲ့သူတွေရော၊

ပိတ်ထားတဲ့ wifi ကနေ Hotspot Share လုပ်သံုးချင်တဲ့သူတွေအတွက်ပါ လုပ်နည်းလေး ကြည့်လို့ရမယ့် post လေး share လုပ်ပေးထားပါတယ်

Facebook Post
https://www.facebook.com/share/p/18Jxmup9NR/
ကျွန်တော်တို့ Printer နဲ့ App ကို လာဝယ်တဲ့အချိန်
Gateway တွေနဲ့ ဘယ်လိုချိတ်သုံးရတာလဲဆိုပြီး အမေးများပါတယ်။

တကယ်ကတော့ စက်နဲ့ တိုက်ရိုက်ချိတ်တာမဟုတ်ပဲ
Ruijie Reyee Cloud Account နဲ့ ဝင်သုံးရတာမျိုးဖြစ်ပါတယ်။

Video ထဲမှာ ရှင်းပြပေးထားပါတယ်ဗျ

#ruijie
#ruijieVoucherManager
Voucher Code တွေကိုပဲ သီးသန့် ရချင်တဲ့သူတွေအတွက်
-------------------------
ဘောက်ချာကုဒ်တွေကို Printer အသေးနဲ့ Print မထုတ်ချင်ပဲ
- ကွန်ပျူတာနဲ့သုံးပြီး A4 စာရွက်တွေလိုမျိုးမှာ ကိုယ်တိုင်စီပြီး Print ထုတ်ချင်တဲ့သူတွေအတွက်ရော
- ကိုယ်က Project ထိန်းပေးထားရပြီး တစ်ဖက်ကို code တွေပဲ သီးသန့် ပို့ပေးချင်သူတွေအတွက်
Voucher Code သီးသန့် Export လုပ်ပေးတဲ့ function လေး update မှာ ထပ်တိုးပေးလာမှာဖြစ်ပါတယ်

Ruijie Cloud Web မှာလည်း csv export function ပါပေမယ့်
ရှိသမျှ code တွေကို export လုပ်တာမျိုးပဲရှိသေးတဲ့အပြင်
သုံးပြီးသား/ မသုံးရသေးတဲ့ code တွေပါ အကုန်ရောနေပြီး
Policy Group တွေလည်းရောနေတော့ ခွဲရခက်ပါတယ်

အခု Export Function ကတော့ ကိုယ် export လုပ်ချင်တဲ့ group ထဲက
မသုံးရသေးတဲ့ code တွေသီးသန့် လုပ်ပေးတာဖြစ်လို့ group တွေရောနေမှာမျိုးမပူရပါဘူး။
ပြီးတော့ code တွေပဲသီးသန့် copy လုပ်ပေးတာမို့
မိမိစိတ်ကြိုက် print software တစ်ခုမှာ code တွေစီပြီးတော့လည်း Printer အကြီးတွေနဲ့ A4 တစ်ရွက်မှာ code တွေအများကြီးဆန့်အောင် print ထုတ်လို့ရသွားပါတယ်။



#ruijievouchermanager #ruijie
Media is too big
VIEW IN TELEGRAM
Back to Top