Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
လက်ရှိမှာ VPN နဲ့ ကျော်သုံးခံနေရတာ တော်တော်ဆိုး
...............................................

ကျွန်တော်တို့ Ruijie Voucher Manager ( Time Code Manager ) App ရဲ့
Connected Device ထဲမှာ
အခုလိုမျိုး အနီရောင်လေးနဲ့ Block ဆိုတဲ့ ခလုတ်ပေါ်နေတိုင်း
VPN ကျော်သုံးနေတယ်လို့ ချက်ချင်း သတ်မှတ်လို့မရသေးပါဘူး

သူ့ဘေးနားက သုံးထားတဲ့ MB လေးတွေကို ကြည့်ရပါဦးမယ်
MB လေးတွေက 100MB အထက် ဖြစ်နေပြီး
အခုပုံထဲကလို အနီရောင် ပြနေပြီဆိုရင်တော့
ကုဒ်မဝယ်ပဲ VPN နဲ့ သုံးနေတယ်ဆိုတာ 90% သေချာပါပြီ။


—————————
App သီးသန့်ရောင်းတာလည်း
စျေးပြောင်းမှာမို့ ယာယီ နားထားပါပြီ

လောလောဆယ်မှာတာ့ Printer + App တွဲရက်ဝယ်လို့ရနေပါဦးမည်။

#ruijieVoucherManager
Ruijie Voucher Manager က ဘယ်စက်တွေနဲ့ ချိတ်သုံးလို့ရတာလဲ ?
-------------------
တကယ်က ကျွန်တော်တို့ Ruijie Voucher Manager က စက်တွေနဲ့
တိုက်ရိုက်ချိတ်သုံးတာမဟုတ်ပါဘူး။

Ruijie Reyee Official App နဲ့ voucher code system သုံးနေတဲ့
"Ruijie Account" နဲ့ ဝင်ပြီးသုံးရတာဖြစ်ပါတယ်။

ထို့အတွက် Ruijie Reyee App နဲ့ voucher code system သုံးနေတာမျိုးမဟုတ်ဘူးဆိုရင်
ကျွန်တော်တို့ Ruijie Voucher Manager လည်း သုံးလို့ရမှာမဟုတ်ပါဘူး။

ပြီးတော့ နာရီတွေဖြတ်ပေးတာတွေက ကျွန်တော်တို့ Ruijie Voucher Manager App ကလုပ်ပေးတာမဟုတ်ပါဘူး။

ကျွန်တော်တို့ App က ရိုးရှင်းပါတယ်။

Ruijie Cloud မှာ နာရီကုဒ်ထုတ်ထားတဲ့ data တွေကို
Printer နဲ့ ချိတ်ပြီး အလွယ်တကူ Print ထုတ်ပေးတာကိုလုပ်ပေးတဲ့
ကြားခံ App လေးတစ်ခုပဲဖြစ်ပါတယ်။


#ruijievouchermanager #ruijie
Media is too big
VIEW IN TELEGRAM
Gateway တော့ Gateway ပဲ ၊
ဒါပေမယ့် အမဲရောင် Gateway က Free VPN နဲ့ ကျော်သုံး ( Free သုံး ) လို့ ရပြီး
အဖြူရောင်နဲ့ Gateway ကတော့ လက်ရှိ တော်ရုံ VPN နဲ့ ကျော်သုံးလို့မရသေးပါဘူး။


အဖြူရောင်ကတော့ Ubiquiti ရဲ့ Unifi Cloud Gateway ဖြစ်ပါတယ်

MikroTik တွေလည်း VPN နဲ့ကျော်သုံးဖို့မလွယ်သေးပါဘူး

သို့ပေမယ့်
အကုန်လုံးကတော့ Hotspot Sharing ( QR Share ) ကို လုံး၀ပိတ်လို့မရပါဘူးဗျာ။

#ruijie
#ruijieVoucherManager
#unifi
#mikrotik
VPN ကျော်သုံးခံရတယ်ဆိုတာ
———————
Ruijie ရဲ့ Voucher စနစ်က
Cloud Portal မို့ cloud server ကိုသွားတဲ့ url link ကို ဖွင့်ကိုဖွင့်ထားရပါတယ်။
အဲဒီ url ကပဲ portal အတွက် အပေါက်ဖြစ်သွားပြီး
HTTP Inject / HTTP Header နဲ့တင်
Voucher Code မလိုပဲ ဒီအတိုင်းသုံးခွင့်ရသွားတာပါ။

ပုံထဲမှာဆိုရင် HA Tunnel ထဲက
Port 80 ရတဲ့ Server တစ်ခုခုကိုရွေးပြီး
Custom Host Header မှာ ruijie ဘက်က ဖွင့်ထားရတဲ့
domain လေးကို ရိုက်ထည့်ပြီး Connect လုပ်လိုက်တာနဲ့
Portal ကို Bypass လုပ်ပြီးသားဖြစ်သွားပါတယ်။

အခု Post က POC ပြပေးချင်တာရယ်
သက်ဆိုင်ရာဘက်က ဒီအပေါက်လေးကို သိသွားပြီး
အမြန်ဆုံး ပြင်ဆင်နိုင်အောင်အတွက် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

စက်ပိုင်ရှင်တွေအနေနဲ့လည်း
ကိုယ့်စက်မှာ အခုလိုမျိုး ရမရ ကိုယ်တိုင် Install လုပ်ပြီး စမ်းသပ်ကြည့်ကြည့်ပါ။

#ruijievouchermanager
လက်ရှိမှာ Ruijie Voucher Manager App ကို ပုံစံတစ်မျိုးနဲ့ ပြောင်းပြီး ဖြန့်ဝေဖို့ စဉ်းစားထားတာလေး ချပြချင်ပါတယ်

အကယ်လို့ ဒီ Plan လေးတကယ်လုပ်ဖြစ်သွားခဲ့မယ်ဆိုရင် ပြောင်းလဲသွားမယ့်အရာတွေက
- App ရောင်းတာကို ရပ်လိုက်ပြီးတော့
- App ကို တစ်ကြိမ်ဝယ်ပြီး အကန့်အသတ်မရှိ သုံးလို့ရတာမျိုးမဟုတ်တော့ပဲ လစဉ်ကြေးပုံစံနဲ့ သွားဖို့လုပ်ထားပါတယ်

( အရင်ဝယ်ထားတဲ့သူတွေကတော့ အရင်အတိုင်း စိတ်ကြိုက် အကန့်အသတ်မရှိသုံးလို့ရနေမှာပါ၊ Update လည်း အမြဲရနေမှာပါ ၊ အရင်ဝယ်တဲ့သူတွေအတွက်က ကျနော်တို့ကို ယုံယုံကြည်ကြည်နဲ့ ပထမဆုံးအားပေးတဲ့သူတွေမို့ပါ ) 


- လစဉ်ကြေးဆိုတဲ့ ပုံစံကလည်း တကူးတကကြီး လစဉ်ကြေးပေးရမယ်မဟုတ်ပါဘူး။
အဓိကတော့ ကျနော်တို့နား စတားလင့် လစဉ်ကြေးဆောင်တဲ့ ဆားဗစ်လာအပ်ပေးရုံပါပဲ။
( စတားလင့်စက်ပိုင်ရှင်တွေအနေနဲ့လည်း မဟုတ်လည်း လစဉ်ဘေဆောင်နေရတာချင်းအတူတူ
ကျနောတို့ထံမှာ လစဉ် ဘေဆောင်မယ်ဆိုတာနဲ့ လစဉ်ကြေးကို ကျနော်တို့ထံ လစဉ်ဆောင်နေသရွေ့ App ကသုံးလို့ရနေမှာပါ၊ )

ဒါကတော့ လက်ရှိ ကျွန်တော်တို့ ပြောင်းသုံးဖို့ စဉ်းစားနေတဲ့ plan ဖြစ်ပါတယ်
တကယ်အတည်ဖြစ်/မဖြစ်ကို ပြန်လည်ကြေငြာပေးပါမည်။

#ruijieVoucherManager
Ruijie Cloud Captive Portal တွေက VPN ကျော်တဲ့ဒဏ်ကို အခုထိ ခံနေရတုန်းပါပဲ။
Cloud Portal ဖြစ်တဲ့အတွက် အပေါက်က အမြဲရှိနေဦးမှာဖြစ်ပါတယ်။

အခု Screenshot ကတော့ အသိမိတ်ဆွေတစ်ယောက်လာပြလို့ ခွင့်တောင်းပြီး တင်လိုက်တာပါ။
HTTP Inject နည်းနဲ့က လုံး၀ကို ပွင့်နေပါသေးတယ်။
ပိုဆိုးတာက အခု HTTP Inject ကိုမှ Shadowsocks နဲ့သုံးထားတာဆိုတော့
ကျော်သုံးတဲ့ဖုန်းက Hotspot ပါထပ်လွင့်လိုက်ပြီး
ကျန်တဲ့ဖုန်းတွေက သူ့ proxy port ကို ချိတ်လိုက်တာနဲ့ TTL Rule ကလည်း ဘာမှ မတတ်နိုင်တော့ဘူးဖြစ်သွားပါတယ်။
VPN နဲ့ကျော်သုံးတာကိုလည်း လုံး၀ပိတ်လို့မရသေးပေမယ့်
Ruijie Cloud Web ကနေ Client တွေကို အမြဲထိုင်ပြီးစစ်နိုင်မယ်ဆိုရင်တော့
VPN ကျော်သုံးလာတဲ့ဖုန်းတွေကို Block လုပ်လို့ရနိင်ပါတယ်
ပြီးတော့ ကျွန်တော်တို့ Voucher Manager App မှာလည်း
ဘောက်ချာကုဒ်တွေကို Print ထုတ်ဖို့အဓိကဆိုပေမယ့်
App ဝယ်သုံးတဲ့သူတွေအတွက် အဆင်ပြေအောင် VPN ကျော်သုံးတဲ့ ဖုန်းတွေကို စစ်ပေးနိုင်တဲ့ function လေးပေါင်းထည့်ပေးထားပါတယ်
အဲ့ဒီ function ကနေပြီးလည်း အလွယ်တကူ ဖုန်းထဲကနေ Block လုပ်နိုင်ပါတယ်။
#ruijieVoucherManager
#ruijie #voucher
Printer နဲ့ App လည်း ဝယ်သုံးပေးကြတယ်

App ထဲကနေ ဘေဆောင်တဲ့ကြော်ငြာလေးတွေ့ပြီးတော့ ယုံယုံကြည်ကြည်နဲ့ လာဆောင်ပေးကြတယ်

အခု မနက် ဆောင်ပေးဖြစ်တဲ့စက်နဲ့ပေါင်းရင်
၇ ရက်အတွက် ၂၆ လုံးအထိ
App ကနေ သီးသန့် ဘေဆောင်ဆားဗစ်လက်ခံရရှိခဲ့ပါတယ်

ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျ
Update : All Sold Out ဖြစ်သွားပါတယ်ဗျ


Airmetro 460(G) ၁၀ လုံးလောက်ရနိုင်ပါမယ်
( ၅ စုံ ) ပေါ့

နောက် ၂ ရက်လောက်ရောက်ပါမယ်ဗျ

လိုအပ်ရင် ဆက်သွယ်နိုင်ပါတယ်

@mr_moonrider
ပစ္စည်းအမှာတွေကို ( ကားဂိတ်ချတာ / ကားဆရာထံအပ်တာ / မြို့တွင်းအိမ်အရောက်ပို့ပေးတာ )
နေ့လယ်ပိုင်း ၁ နာရီခွဲကနေ စပို့ပေးဖြစ်ပါတယ်။
ထို့အတွက် နေလယ်ပိုင်း ၁ နာရီခွဲကနေ ပစ္စည်းပို့ရတဲ့ နေရာများရင် များသလို ညနေပိုင်း ၅ နာရီအထိရောက်သွားတာလည်း ရှိတတ်တဲ့အတွက်
ပစ္စည်းပို့နေချိန်အတွင်းမှာ App အတွက် Activate လုပ်ပေးတာတွေ
ကြန့်ကြာမှုရှိနိုင်ပါကြောင်း ကြိုတင်အကြောင်းကြားပါရစေဗျ။
ထို့အပြင် ၁ နာရီနောက်ပိုင်းမှ ဝင်လာတဲ့ Order တွေကလည်း
နောက်ရက်မှပဲ ပစ္စည်းပို့ပေးဖို့အဆင်ပြေတော့မှာဖြစ်ပါတယ်
12 မခွဲခင် Order လုပ်ပေးခဲ့ရင်တော့ ရက်မခြားပဲ ပစ္စည်းပို့ပေးနိုင်အောင် ကြိုးစားပေးပါမယ်ခင်ဗျ

ကျေးဇူးတင်လျက်
#RuijieVoucherManager

https://www.facebook.com/share/p/168C4wtjHM/
Style 3 အနေနဲ့ပါလာမယ့် Printout ပုံစံလေးဖြစ်ပါတယ်

#ruijieVoucherManager
Ruijie Voucher Manager
( Time Code Manager App ) နဲ့ တွဲသုံးနိုင်တဲ့ Printer လေးတွေ

#ruijieVoucherManager
ကျွန်တော်တို့နားကနေ Printer နဲ့ App တွေ မဝယ်ခင် သိထားရမည့် အချက်လေး ပြောပြချင်ပါတယ်ခင်ဗျ
______________________

ကျွန်တော်တို့ Printer နဲ့ App ဟာဆိုရင်ဖြင့်
- Ruijie Gateway / Ruijie AP ( Standalone Portal ) စတဲ့စက်တွေသုံးထားပြီး လက်ရှိ Voucher System ( Time Code System ) နဲ့ အသုံးပြုနေတယ်ဆိုမှသာ ချိတ်ဆက်အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။


- ကျွန်တော်တို့ Printer နဲ့ App က code ထုတ်ပေးတာမဟုတ်ပါဘူးဗျ
Ruijie Cloud ကနေ ထုတ်ထားတဲ့ voucher code တွေကို စာရွက်ပေါ်မှာ ပေါ်အောင်အတွက်ပဲ Print ထုတ်ပေးတာပါ။
( တော်တော်များများက code ထုတ်စက်ဆိုပြီး ထင်နေကြလို့ပါ )


- Printer က thermal printer မို့ မှင်မလိုပါဘူး ( စက္ကူရယ်၊ သူ့ thermal print head အပူနဲ့ ပေါင်းပြီး စာတွေထင်အောင်လုပ်ပေးတာပါ )
စာတွေ မမှိန်အောင်၊ ရေရှည်သုံးလို့ရအောင်အတွက် ဆက်တိုက် print ထုတ်တာမျိုးတွေမလုပ်ပဲ၊ မိမိတို့လိုအပ်သလောက်ထုတ်ပြီး ခဏနားပြီး ထပ်ထုတ်စေချင်ပါတယ် ၊
ပြီးတော့ စက်အတွင်း စက္ကူလိပ်ထည့်တဲ့ အတွင်းကိုလည်း ဖုန်မှုန့်တွေ၊ စက္ကူလိပ်ကထွက်တဲ့ အမှုန့်တွေ အမြဲသန့်ရှင်းရေးလုပ်ပေးပါ။


ကျေးဇူးတင်လျက်
Ruijie Voucher Manager

#ruijievouchermanager
February လလည်း ကုန်ပြီဆိုတော့
ကျွန်တော်တို့ Ruijie Voucher Manager Page ကနေ
FEB လအတွင်း
Printer တွေ၊ စက္ကူလိပ်တွေ ပို့ပေးခဲ့သမျှ
ပါဆယ်ပုံတွေ နဲ့ ဂိတ်ချလန်တွေထဲက
ပုံတစ်ချို့လေး တင်ပေးလိုက်ပါတယ်။

Follower And Like 1000 တောင်မပြည့်သေးတဲ့
ကျွန်တော်တို့ Page ကနေ
ယုံယုံကြည်ကြည်နဲ့ မှာယူ/ဝယ်ယူ ကြတဲ့
တစ်ဦးတစ်ယောက်စီတိုင်းကို
ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။

လောလောဆယ်မှာတော့ မန္တလေးမြို့တွင်းလည်း အိမ်ရောက်ငွေချေတာကို ယာယီနားထားပါသည်။
ကျွန်တော်တို့ ပစ္စည်းအမြဲပို့နေတဲ့ လမ်းကြောင်းနဲ့ သင့်ရင်တော့ COD ဝင်ပို့ပေးပါမည်။

( အခြားမြို့တွေလည်း ငွေလွဲဝင်တာနဲ့ သက်ဆိုင်ရာကားဂိတ်တွေကို ပို့ပေးပါသည်။ )

******
စျေးနှုန်းများ
- Printer + App ( ၁ စုံ ) = ၂ သိန်းကျပ်
- Printer သီးသန့် = ၁ သိန်း ၄ သောင်းကျပ်
- Application သီးသန့် = ၁ သိန်းကျပ်
- စက္ကူလိပ် ၁ လိပ် = ၁၅၀၀ ကျပ်


#ruijievouchermanager
Back to Top