Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။
#RuijieVoucherApp
#ASDF
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။
#RuijieVoucherApp
#ASDF
နောက်ထပ် အသစ်တွေ ထုတ်မရတော့တာ တော်တော်များများကြုံလာရပါတယ်။
အဲ့အတွက်ဖြေရှင်းနည်းကတော့ မသုံးရသေးတဲ့ code အဟောင်းတွေကို ရှာပြီးတော့ ပြန်ဖျက်ဖို့ပါပဲ။
Time Code Manager SVIP ထဲက Delete Unused Codes ဆိုတာက
အခုလို ပြသနာတွေအတွက် အလွယ်ဖြေရှင်းပေးနိုင်ဖို့ လုပ်ပေးထားတာဖြစ်ပါတယ်။
Brower ကနေ Cloud တွေထိ အဆင့်ဆင့်ဝင်စရာမလို၊ အချိန်အများကြီးပေးစရာမလိုပဲ Click အနည်းငယ်နဲ့ ဖြေရှင်းပေးနိုင်ပါတယ်။
ကွန်ပျူတာရှိတဲ့သူတွေအတွက်ကတော့
https://www.youtube.com/watch?v=D-iXNu2R07Q မှာ ဖျက်နည်းလေးတင်ပေးထားပါတယ်။
SVIP ဖြစ်ထားတဲ့သူတွေကတော့ ဝင်မကြည့်လည်းရပါပြီ။
အခုပုံထဲကအတိုင်းလုပ်သွားတာနဲ့ အဆင်ပြေသွားပါလိမ့်မည်။
#timecodemanager#ruijieVoucherManager
SVIP မှာ ပါဝင်ထားတဲ့ Feature များ
#ruijieVoucherManager
#timeCodeManager
———————————-
https://play.google.com/store/apps/details?id=com.neotech.wifivouchermanager
#ruijieVoucherManager
#timeCodeManager
TTL Rule ဆိုပြီးတော့ feature အသစ်တစ်ခုပါလာခဲ့ပါပြီ။
လက်ရှိမှာတော့ အဲ့ဒီ feature ကို FIREWALL ပါတဲ့ devices တွေမှာသာ အလုပ်လုပ်ပါသေးတယ် ( ဥပမာ NBR Series .... )
ရေးထားတဲ့ description အရတော့
Authorized မရထားတဲ့ ထပ်ဆင့်လွင့် wifi မှာ ချိတ်သုံးတဲ့ ဖုန်းတွေကို
အင်တာနက်သုံးမရအောင်ဆိုပြီးတော့ပါ။
Gateway ထဲက ttl rule ပုံစံမျိုးပါပဲ။
NBR သုံးနေတဲ့သူတွေဆိုရင်တော့ စမ်းကြည့်နိုင်ပါပြီ။
Gateway တွေအတွက်ပါ cloud ကနေ အခုလိုမျိုးပါလာရင်တော့
Hotspot share သုံးနေတာကို ပိတ်ဖို့အတွက် အတွက်
app ကနေပဲ ခလုတ်လေးနဲ့ ပိတ်လိုက်လို့ရသွားမှာဖြစ်ပါတယ်။
#ruijievouchermanager#timeCodeManager
#ruijie
အင်တာနက်လိုင်းတွေ ပိတ်ခံရနိုင်တယ်ဆိုတဲ့
post တွေကြောင့် ဘယ်လိုပိတ်ရမလဲဆိုပြီး
အမေးများလာကြပါတယ်။
လောင်းကစားဂိမ်း ( စလော့ဂိမ်း ) နဲ့
လောင်းကစား website တွေကို block ဖို့အတွက်က
လုပ်နည်းသိရုံနဲ့ အဆင်မပြေသေးပြန်ဘူး။
ထွက်ထားသမျှ Game တွေ / website တွေကို
ကိုယ်တိုင် ရှာဖွေရပြန်ရော။
ဒါမှသာ အနောက်မှာ ချိတ်ဆက်အလုပ်လုပ်နေတဲ့
web address / api address တွေကို သိပြီး
block လို့ရမှာပဲဖြစ်ပါတယ်။
ဆိုတော့ block လုပ်တာအတွက် ဆားဗစ်အပ်ရင်
ဘယ်တော့မှ အကုန်အပြီး ပိတ်နိုင်မှာမဟုတ်ပဲ
ခဏခဏ အပ်နေရမှာပါ။
ထို့အတွက် App ကနေ update list နဲ့
ဖြေရှင်းပေးတဲ့နည်းက အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးဖြစ်ပါတယ်။
အလွယ်တကူ Block နိုင်တဲ့ သီးသန့် App တစ်ခု
tplink / mikrotik တွေအတွက်ပါ ထုတ်ဖို့စဉ်းစားထားပါတယ်။
လက်ရှိ Ruijie အတွက်ကတော့
Time Code Manager ထဲက
SVIP ထဲမှာ စတင်အသုံးပြုလို့ရနေပါပြီ။
( Block တာအတွက် Gateway ခံထားမှ အဆင်ပြေပါမည်။ AP သီးသန့်တွေ ပိတ်မရသေးပါ )
#ruijieVoucherManager
#timeCodeManager
လောင်းကစားဂိမ်းတွေ၊ ကြာဖြန့် website တွေကြောင့် စတားလင့်တွေ ပိတ်ခံရတယ်ဆိ်ုပြီး တစ်ချို့တွေတင်နေကြတော့
Ruijie Gateway သုံးနေတဲ့သူတွေအတွက်
စတားလင့် အင်တာနက်ပိတ်ခံရတာကို သက်သာစေမယ့် feature လေးပါဝင်တဲ့
Time Code Manager Update လေး Playstore မှာ update လုပ်နိုင်ပါပြီ။
မှတ်ချက်။ ။ SVIP ဖြစ်မှာသာ အသုံးပြုလို့ရပါဦးမည်။
#timeCodeManager
#ruijieVoucherManager
Ruijie Gateway သုံးနေတဲ့သူတွေအတွက်
စတားလင့် အင်တာနက်ပိတ်ခံရတာကို သက်သာစေမယ့် feature လေးပါဝင်တဲ့
Time Code Manager Update လေး Playstore မှာ update လုပ်နိုင်ပါပြီ။
မှတ်ချက်။ ။ SVIP ဖြစ်မှာသာ အသုံးပြုလို့ရပါဦးမည်။
#timeCodeManager
#ruijieVoucherManager
လောင်းကစားဂိမ်း၊ website တွေကို
အမြဲ update ဖြစ်ပြီး သုံးမရအောင်ပိတ်ပေးဖို့အတွက် ကြိုးစားပေးနေပါပြီ။
ပြီးတော့ ဒီရက်ပိုင်း ruijie ဘက်က client data အပြည့်မပါတာတွေကြောင့် block လုပ်မရတာတွေ၊ အမည်ပြောင်းမရတာတွေအတွက် update မှာ fix လုပ်ပေးလာပါမည်။
#ruijieVoucherManager
#timeCodeManager
Voucher Code 5000 ပြည့်ပြီး
code အသစ်တွေ ထပ်ထုတ်မရတော့လို့ ခေါင်းကိုက်နေရင်...
https://vt.tiktok.com/ZSU3jqLcp/
#timeCodeManager
code အသစ်တွေ ထပ်ထုတ်မရတော့လို့ ခေါင်းကိုက်နေရင်...
https://vt.tiktok.com/ZSU3jqLcp/
#timeCodeManager
တစ်ဖက်မှာလည်း အဲ့ဒီလိုပိတ်ခံရတာကို သက်သာဖို့အတွက်
- လောင်းကစားဂိမ်း ( ကျွဲဂိမ်း / စလော့ဂိမ်းစသည့် )
- လောင်းကစား website တွေ
- ကြာဖျန့်နဲ့ ဆိုင်တဲ့ website တွေကို
သုံးမရ/ ဝင်မရအောင် ပိတ်ဖို့ပြောနေကြတာတွေလည်း တွေ့ရပါတယ်။
အဲ့အတွက် Ruijie Device တွေမှာ
App ကနေပြီး
အလွယ်တကူ ပိတ်လို့ရအောင်အတွက်ရယ်
ဂိမ်းတွေ / website လိပ်စာတွေ အမြဲတမ်း list update နဲ့ ပိတ်နိုင်အောင်အတွက် Feature တစ်ခုအကောင်ထည်ဖော်နေပါပြီ။
ဘေဆောင်နေကြသူတွေရဲ့ SVIP Feature ထဲမှပဲ ပေါင်းပေးဖြစ်မလား
( ဒါမှမဟုတ် )
App သီးသန့်ထုတ်ဖြစ်မလားဆိုတော့
သီးသန့် Post တင်ပေးပါမည်။
#timeCodeManager #ruijieVoucherManager
ဒီတစ်ခေါက်စျေးကတော့
Printer + App တွဲရက် 320000 ဖြစ်သွားပါတယ်။
လက်ရှိမှာတော့ အရေအတွက်ဘယ်လောက်ရမလဲ သေချာမသိသေးလို့ order အသစ်တွေလက်မခံထားသေးပါဘူး။
အရင်က order လုပ်ထားတဲ့သူတွေကိုလောက်သာ ရနိုင်ပါဦးမည်။
အရေအတွက်များများရလာရင်တော့ Post သီးသန့်တင်ပေးပါမည်။
( လက်ရှိ အပြင်ဆိုင်တွေကနေ ပြန်ရောင်းဖို့ printer တွေ အများကြီး ဝယ်ထားတဲ့သူအနေနဲ့လည်း
မိမိလက်ထဲ ကုန်နိုင်သမျှ မြန်မြန်ရောင်းထားကြဖို့ပါ။
နောက်ဆိုရင် အပြင်က printer တွေနဲ့ Time Code Manager App နဲ့ ချိတ်သုံးမရတာတွေရှိလာတော့မှာမို့ပါ။ )
#ruijieVoucherManager
#timeCodeManager
လိုင်းပိတ်ခံရမှာစိုးလို့ Global Plan ပြောင်းရင်ရော ပြန်ရမှာသေချာလား ?
——————————-
Starlink လိုင်းတွေ restricted ဖြစ်လို့
လစဉ်ကြေးစျေးကြီးတဲ့ ( ၁ လ သိန်း ၂၀ ဝန်းကျင် ) ရှိတဲ့ Global Plan ကိုပြောင်းလိုက်ရင်ရော စိတ်ချရလားဆိုတော့
တရားဝင် available မဖြစ်ထားသေးတဲ့ နိုင်ငံမှာမို့ ဘယ်ဟာမှ စိတ်မချရပါဘူး။
ပုံထဲကဟာဆိုရင် Global Roam Plan ပြောင်းထားတာပါပဲ။ သို့ပေမယ့် restricted ပြပြီး ကိုယ်ဝယ်ထားတဲ့ နိုင်ငံမှာပြန်သွားသုံးမှရမယ်ဆိုပြီး လိုင်းပိတ်ခံထားရတာပါ။
( ပုံကတော့ reddit ကနေယူထားတာပါ။ )
ဒါကြောင့် စတားလင့်ဘက်က ဘယ်လိုပိတ်မလဲဆိုတာ သေချာမသိရသေးခင်
အလောတကြီး ဘာမှလုပ်စရာမလိုပါဘူး။
အခြေအနေတစ်ခုစောင့်ကြည့်ပြီး ကြုံလာမှ အခြားနည်းတွေ ထွက်လာပါလိမ့်မယ်။
ပြီးတော့ တစ်ယောက်တစ်ပေါက်ပြောနေကြတဲ့
- Ruijie Gateway တွေ၊ AP တွေ ခဏဖြုတ်ထားပါတို့
- စလော့ဂိမ်းတွေ၊ ကျွဲဂိမ်းတွေ မဆော့စေနဲ့ဆိုတာတွေက တကယ်က ဘာမှမဆိုင်ပါဘူး။
( စလော့ဂိမ်းတွေ၊ ကျွဲဂိမ်းတွေကို ပေးမဆော့တာတော့ ကောင်းတာတစ်ခုရှိပါတယ်။ ဆော့တဲ့သူတွေငွေဆုံးရှူံးမှုမရှိတော့ဘူးပေါ့ဗျာ )သတင်းတွေ hot တော့ တမင်ကိုစိတ်ဒုက္ခပေးတဲ့သူတွေက သပ်သပ်ကိုရှိပါတယ်။
တကယ်လိုက်မှာက ကြာဖြန့်နဲ့ဆိုင်တဲ့ activity တွေပါ။ ဒါတောင် ကြာဖြန့်ဘက်က vpn တွေခံသုံးထားရင် မလွယ်ပါဘူး။
အဲ့အစား ဘယ် location အနီးတစ်ဝိုက်မှာ သုံးမရအောင် ဆိုတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
အဓိကတော့ မြန်မာနိုင်ငံ location တစ်ခုလုံး မပါဖို့ပဲအရေးကြီးတာပါ။
starlink ဘက်က human support ကို အကျိုးအကြောင်းမေးထားပါတယ်။
Reply ပြန်လာရင် ထပ်တင်ပေးပါမည်။
#
အဲ့ဒီ နေရာတွေကို စတားလင့်အသုံးပြုခွင့် ပိတ်ချဖို့ သတင်းတွေက အရမ်း hot နေတာနဲ့အတူ
Social network တွေမှာလည်း
Account Disabled ဆိုပြီးတော့ Email ဝင်တဲ့ပုံတွေတင်ပြီး ပိတ်ခံနေရပါပြီဆိုပြီး attention ယူတဲ့သူတွေ တွေ့နေရပါတယ်။
မဟုတ်လည်း စတားလင့်က မြန်မာနိုင်ငံ နေရာအနံ့ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ခံနေရတာတွေရှိနေပြီးသားပါ။
ဥပမာ။ ။
- တရားမဝင်ရောင်းဝယ်မှုကြောင့် သူတို့ စည်းကမ်းနဲ့ညိပြီး ID တောင်းခံရပြီး ပိတ်ခံရတာ။
- Order အတွက် unusual activity ကြောင့် account disabled ဖြစ်သွားကြတာ စတဲ့ ပြသနာတွေက နေ့စဉ်ကြုံနေကြပါပဲ။
လက်ရှိမှာ ကြာဖြန့်ကိစ္စနဲ့ ပိ်တ်မယ့်သတင်း hot တော့ ကိုယ်ထင်ရာတွေလျောက်တင်ရင်း
ပိတ်သွားတော့မှာလား၊ ပိတ်သွားရင် ဘယ်လိုလုပ်ရမလဲဆိုပြီး မေးကြတဲ့သူတွေများလာလို့ အခုစာလေးတင်ပေးလိုက်တာပါ။
လက်ရှိမှာတော့ spacex ဘက်က
ဘယ်လိုနေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ ပိတ်မယ်ဆိုတာ အတိအလင်းကြေငြာထားတာမရှိသေးပါဘူး။
ကြာဖြန့်တကယ်လုပ်နေတဲ့ location နေရာလောက်ကိုပဲ location base နဲ့ပိတ်မယ်ဆိုရင်တော့ ကြာဖြန့်တွေရဲ့ နေရာတစ်ဝိုက်မှာပဲ ပိတ်ခံရဖို့များပါမယ်။
အကယ်လို့ နိုင်ငံ base နဲ့ ပိတ်မယ်ဆိုရင်တော့
မြန်မာတစ်နိုင်ငံလုံးက စက်တွေအကုန် သုံးမရဖြစ်သွားနိုင်ပါတယ်။
( လက်ရှိ မြန်မာနိုင်ငံကလည်း စတားလင့်တရားဝင်ရရှိတဲ့ နိုင်ငံထဲမပါသေးပါဘူး။ wishlist အဆင့်မှာပဲရှိပါသေးတယ်။ )
အဲ့အတွက် တကယ်ပိတ်မယ်/မပိတ်ဘူးကတော့ စောင့်ကြည့်ရဦးမှာပါ။
ပိတ်ပြီးသွားမှပဲ အခြားဘယ်နည်းတွေနဲ့ bypass လုပ်လို့ရမလဲ၊ မရဘူးလား သေချာသိနိုင်မှာပါ။
#
Download :
https://play.google.com/store/apps/details?id=com.neotech.wifivouchermanager
#ruijieVoucherManager
#timeCodeManager