Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
Printer လေးတွေ Stock ကုန်သွားပြန်ပါပြီ
သင်္ကြန်ပြီးမှပဲ ထပ်ရ/မရ
Printer နဲ့ App တွဲရက်
ထပ်ရောင်းဖြစ်/မဖြစ်
ကြော်ငြာ Post တင်ပေးပါမည်။

လက်ရှိ
App သီးသန့် ၁၅၀၀၀၀ ဖြင့် ဆက်လက်ဝယ်ယူနိုင်ပြီး

Starlink Bill ဆောင်အတွက် ၄၅၀၀၀၀ ဖြင့်ဆောင်နိုင်ပါသည်။
( ကျွန်တော်တို့ထံ ရှေ့ ၂ လတုန်းကရင်း ဆက်တိုက် Bill ဆောင်ခဲ့သူများအတွက်
May လမှစပြီး ၄၃၀၀၀၀ ဖြင့် ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်သည် )
Printer + App တွဲရက် ၂ သိန်းတန်လေးတွေ ပစ္စည်းထပ်ရောက်လာပါပြီ။

#ruijieVoucherManager
Printer မှာထားပြီး
ပစ္စည်းရောက်တဲ့သူတွေအတွက်
App Activate တွေ ပြန်လည်ပြီး စလုပ်ပေးနေပါပြီခင်ဗျ။

App သီးသန့်ဝယ်တဲ့သူတွေအတွက်လည်း ပြန်လည်ဝယ်ယူနိုင်ပါပြီ။
App သီးသန့်ကတော့ ၁၅၀၀၀၀ ပါခင်ဗျ။

Printer တွေကိုလည်း မကြာမှီပြန်လည်ရောင်းချပေးနိုင်အောင် ကြိုးစားပေးပါမည်။


စတားလင့် ဘေဆောင်တာတွေအတွက်လည်း ပြန်လည်ဆောင်ရွက်ပေးနေပါပြီ။

ကျွန်တော်တို့နား ရှေ့လအပြင်၊
 အခုလပါ ( ၄၅၀၀၀၀ ဖြင့် ) ဆောင်ဦးမယ်ဆိုရင်
နောက်လက ( 5 လပိုင်းက ) စပြီး 
လစဉ်ကြေးကို 430,000 ဖြင့် ဆောင်ရွက်ပေးတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျ။


#ruijieVoucherManager
Activate လုပ်တာနဲ့ ပစ္စည်းပို့တာတွေ နားထားပါဦးမယ်ခင်ဗျ
( ငွေချေထားတဲ့သူတွေကိုလည်း ကျနော်ပိုက်ဆံပြန်အမ်းပေးထားပါမယ်ဗျ )

Activate ကိုတော့ ကျနော့်အခြေအနေငြိမ်တာနဲ့
ရအောင် လုပ်ပေးပါမယ်ဗျ။

လောလောဆယ် ငလျင်ကြောင့် အိမ်ပြန်ဝင်မရတော့ပဲ
လိုင်းပါ ရတစ်ချက် မရတစ်ချက်ဖြစ်နေလို့ပါ။

အားလုံးပဲ ဘေးကင်းပါစေခင်ဗျ

#ruijieVoucherManager
Activate လုပ်တာနဲ့ ပစ္စည်းပို့တာတွေ နားထားပါဦးမယ်ခင်ဗျ
( ငွေချေထားတဲ့သူတွေကိုလည်း ကျနော်ပိုက်ဆံပြန်အမ်းပေးထားပါမယ်ဗျ )

Activate ကိုတော့ ကျနော့်အခြေအနေငြိမ်တာနဲ့
ရအောင် လုပ်ပေးပါမယ်ဗျ။

လောလောဆယ် ငလျင်ကြောင့် အိမ်ပြန်ဝင်မရတော့ပဲ
လိုင်းပါ ရတစ်ချက် မရတစ်ချက်ဖြစ်နေလို့ပါ။

အားလုံးပဲ ဘေးကင်းပါစေခင်ဗျ

#ruijieVoucherManager
VPN နဲ့ကျော်သုံးခံနေရတဲ့ ပြသနာတွေကြောင့်
အခုနောက်ပိုင်း ကျွန်တော်တို့ Page မှာ စက်ပြောင်းသုံးဖို့ ဘယ်အမျိုးအစားပြောင်းသင့်လဲ လာမေးကြတာတွေရှိလာပါတယ်။

အဲ့လိုလာမေးတဲ့အထဲမှာ တစ်ချို့ အခြားနေရာတွေမှာလည်း စုံစမ်းခဲ့ပြီးတော့
ဒီစက်ကတော့ VPN ကျော်သုံးလို့မရဘူး၊ Hotspot Share လည်းလုပ်မရဘူးဆိုပြီးတော့ အဲ့စက်တွေဝယ်သင့်လားပေါ့။

လက်ရှိ VPN ကျော်သုံးခံရမှာစိုးရင်တော့ စက်ပြောင်းသုံးတာအဆင်ပြေပါတယ် ( ဒါကလည်း အခုလက်ရှိအချိန်ခဏပါ၊ Ruijie ဘက်ကလည်း ပိတ်ပေးဖို့ ကြိုးစားနေကြပါတယ် )

Hotspot Share ကိုလည်း လုံး၀ပိတ်လို့ရတယ်ဆိုတာတော့
မဖြစ်နိုင်တဲ့အတွက် အဲ့ဒါကို ထည့်မတွက်ဖို့ အကြံဉာဏ်လေးပေးချင်ပါတယ်။

Hotspot Share တာကို 99% သော စက်တွေ လုံး၀ပိတ်လို့ရတယ်ဆိုတာ မရှိပါဘူး။
1% ချန်ထားတာက နည်းပညာလောကမှာ တစ်ချို့မထင်ထားတာတွေလည်း ရှိတတ်လို့ပါ။


ဒါကြောင့် VPN ကျော်သုံးခံရတာကိုပဲ သက်သာချင်တယ်ဆိုရင်တော့ စက်ပြောင်းသုံးပါ။
Hotspot Share တာကိုလည်း ပိတ်ပေးနိုင်လို့ လန်းတယ်ဆိုပြီးတော့
သွားမပြောင်းမိစေပါနဲ့ မထူးပါဘူးခင်ဗျာ။
စာရွက် Auto ဖြတ်ပေးတဲ့ Mini Printer နဲ့
Ruijie Voucher Manager စမ်းသပ်
Ruijie စက်တွေမှာ VPN နဲ့ ကျော်သုံးလို့ရနေတုန်းလား ?
-----------------------

မနေ့က အချိန်လေးရတာနဲ့ လက်ထဲရှိနေတဲ့ Gateway လေး ပြန်တပ်ပြီးတော့
ဘယ် VPN တွေနဲ့ ကျော်သုံးလို့ရသေးလည်းဆိုပြီး ထပ်ရှာကြည့်ဖြစ်တယ်။

- X-VPN နဲ့လည်း သာသာယာယာကျော်သုံးလို့ရနေတာတွေ့လိုက်ရတယ်။
- SkyVPN နဲ့လည်း လက်ရှိအချိန်ထိ သုံးလို့ရနေတုန်း။
- HTTP Inject ပါတဲ့ VPN တွေနဲ့ အရင်အတိုင်း သုံးလို့ရနေပါသေးတယ်။

စမ်းထားတာကတော့ RG-EG105G-V3 gateway ကိုမှ Latest Firmware နဲ့ပါ။

ကျော်လို့မရဘူးဆိုပြီး ပြောပြောနေကြတဲ့
Mikrotik / TPLink တွေအတွက်လည်း
ကျွန်တော့်ကို လုပ်နည်းလာပို့ပေးထားတဲ့သူရှိထားပါတယ်။
အပြင်မှာလည်း လုပ်နည်းနဲ့ ဖိုင် ရောင်းပေးနေတာတွေရှိတယ်လို့လည်း သိရပါတယ်။
မကြာခင် အဲ့ဒီစက်တွေလည်း ruijie တွေလို စက်ပိုင်ရှင်တွေ ခေါင်းကိုက်ရဦးမယ်ထင်တာပဲ။

အဓိကတော့ Captive Portal ဆိုတာက authorized မရသေးတဲ့စက်တွေကို လိုင်းသုံးမရအောင် အပေါ်ယံကာပေးတာပဲရှိတာပါ။
Portal အတွက် port တွေက မဖြစ်မနေ ဖွင့်ထားရတယ်၊ ပြီးတော့ တစ်ချို့ Domain တွေကို whitelist လုပ်ထားရတာတွေရှိတယ်။
အဲ့ကနေပဲ အခုလို အပေါက်တွေရှိနေတာဖြစ်ပါတယ်။
Ruijie Portal မှာလည်း
user တွေဘက်ကနေ သူတို့ time code ရဲ့ info ကို ကိုယ်တိုင်ကြည့်လို့ရပါတယ်။

တစ်ချို့ ၁ နာရီကုဒ်က ၁ နာရီမပြည့်ဘူးဆိုပြီး ငြင်းတဲ့ user တွေအတွက် အသုံးဝင်ပါတယ်

#ruijieVoucherManager
Ruijie ReyeeOS နောက်ဆုံး update မှာ VPN ကျော်တာကို ပိတ်သွားပြီးလား ?
----------
မနေ့ညက ReyeeOS 340 Version update လေးတင်ကြည့်ပြီး
VPN ကျော်သုံးတာကို ပိတ်သွားပြီလားဆိုပြီး စမ်းကြည့်လိုက်တယ်။

VPN အတွက်တော့ မထူးသေးပါဘူး။

HA Tunnel ရဲ့ custom host မှာ အရင် post အတိုင်း host နဲ့ရနေတဲ့အပြင်
မနေ့ညက နောက်ထပ် custom host နဲ့ ထပ်စမ်းကြည့်တာ
သာသာယာယာ bypass ဖြစ်နေတုန်းပါ။

( နောက်ထပ် ပွင့်နေတဲ့ host တွေကျန်ပါသေးတယ်၊ ရတယ်ဆိုတဲ့အကြောင်းပဲ စမ်းသပ်ပြီး အသိလာပေးတာပါ၊ Host တွေလာတောင်းတာမျိုးရှိရင်လည်း share လုပ်ပေးမှာမဟုတ်ပါဘူးခင်ဗျာ )

VPN ကျော်တာကို မပိတ်သွားသေးပေမယ့်
အခြား bug တွေကို fix ထားတာတွေပါမှာမို့
Firmware တွေကိုတော့ အမြဲ latest update လုပ်ထားဖို့အကြုံပြုပါတယ်။

#ruijieVoucherManager
#ruiji
Ruijie Voucher Manager Time Code Manager App မှာ
သုံးပြီးသား Voucher Code တွေကို အလွယ်တကူ ဖျက်လို့ရပါတယ်။

ယခု နောက်ဆုံးထွက် ဗားရှင်းမှာ
"DELETE" တစ်ခါနှိပ်တိုင်း Code အရေအတွက် ၁၀၀ ကို ဖျက်ပေးနိုင်ပါပြီ။

မသုံးရသေးတဲ့ Code တွေကို ဖျက်မိမှာ လုံး၀ စိတ်ပူစရာမလိုပါဘူး
သုံးပြီးသားကုဒ်တွေကိုပဲ ဖျက်အောင် ဆောင်ရွက်ပေးထားတာမို့ပါ။
ဖျက်နည်းလေးကို ပုံလေးနဲ့ ဖော်ပြပေးထားပါသည်။

------------
Ruijie Voucher Manager Time Code Manager
App သီးသန့် : 150000 ကျပ်။

App Download :
https://play.google.com/store/apps/details...
#ruijieVoucherManager #timeCodeManager
Ruijie Gateway တွေအတွက် Reyee OS 2.340 Update လေးထွက်ထားပါတယ်။

Change Log အရ
Web Authentication ရဲ့ security ယိုပေါက်ကို fix ပေးထားပါတယ်ဆိုတော့
လုပ်ထားသင့်တဲ့ update ဖြစ်ပါတယ်

မိမိတို့စက်မှာ Upgrade ပြနေရင် လုပ်ထားဖို့အကြံပြုချင်ပါတယ်
VPN ကျော်သုံးခံရတာတွေ သက်သာလာပါလိမ့်မယ်

#ruijieVoucherManager
Ruijie Voucher Manager
ruijie_voucher_manager_1.6a.apk
Ruijie Voucher Manager ( Time Code Manager )
Version 1.6a Update
——————————-
https://t.me/kaakaa2025/46

1.6 မှာ blacklist လုပ်ထားတဲ့ ဖုန်းတွေကို ပြန်ဖြုတ်လို့မရတဲ့ error လေးပါသွားခဲ့ပါတယ်
အဲ့အတွက် ပြန် fix ထားတဲ့ version လေး တင်ပေးထားပါသည်

Ruijie Voucher Manager အမည်နဲ့သုံးချင်ရင်တော့ ကိုယ်တိုင် APK ကို ဒေါင်းလုပ်ဆွဲပြီး သွင်းလို့ရပါတယ်
- အကယ်လို့ APK တွေသွင်းသုံးတာအလုပ်မရှုပ်ခံချင်ရင်တော့ PlayStore ကနေလည်း ဆွဲလို့ရပါတယ်
အမည်နဲ့ icon ကတော့မတူပါဘူး ( Time Code Manager ) ဆိုပြီးဖြစ်ပါမယ်

https://play.google.com/store/apps/details?id=com.neotech.wifivouchermanager

#ruijieVoucherManager
စလားလင့်စက်တွေ ဘေဆောင်ပြီးတော့
ကိုယ့်ကဒ်ကိုယ် ပြန်ဖြုတ်လို့ရပြီ

Web မှာတော့ ဖြုတ်ဖို့မပေးထားဘူး
သို့ပေမယ့် API ကနေ လှမ်းဖြုတ်လို့ရသွားတယ်

ကဒ်တစ်ကဒ်တည်းနဲ့ ဘေဆောင်ဆားဗစ်ပေးနေတဲ့သူတွေအတွက်တော့ ဒီဟာလေးက လိုအပ်ပါတယ်

ကျွန်တော်တို့ကတော့ Visacard တွေကိုယ်တိုင် စိတ်ကြိုက် အသစ်လုပ်လို့ရနေတော့ ဖြုတ်ဖို့မလိုအပ်ဘူးပေါ့


အချိန်ရတဲ့အတစ်နေ့ Payment Remove လုပ်လို့ရတဲ့ plugins လေးတစ်ခု ရေးပေးဖြစ်ပါမယ်

အခုကတော့ payment ဖြုတ်လို့ရတယ်ဆိုတဲ့အကြောင်းလေး လာပြောပြတာပါ။

——————-
Starlink ဘေဆောင် : 450000 Kyats ( PH Region )

Japan Region : 500000 Kyats

နယ်ကျော်ကြေး : 1050000 Kyats ( G3 )
Version 1.6 Update လေးတင်ပေးထားပါပြီ

https://t.me/kaakaa2025/46

Version အဟောင်းသုံးနေတဲ့သူများလည်း
အခု ဗားရှင်းကို ပြောင်းသုံးပေးကြပါ။

မကြာခင် ဗားရှင်းအဟောင်းကို ပိတ်တော့မှာဖြစ်ပါတယ်ခင်ဗျ။

APK သွင်းလို့ခက်နေတဲ့ဖုန်းတွေအနေနဲ့
Google Playstore ကနေလည်း
Time Code Manager ဆိုတာကို သွင်းပြီးသုံးနိုင်ပါတယ်။


https://play.google.com/store/apps/details?id=com.neotech.wifivouchermanager



App မဝယ်ယူခင် စမ်းသပ်သုံးစွဲချင်သူများလည်း
@mr_moonrider သို့ ruijie account email လေးပို့ပြီး
စမ်းသုံးဖို့ activate လုပ်ခိုင်းနိုင်ပါပြီ။


Application သီးသန့် - ၁၅၀,၀၀၀ ကျပ်


#ruijieVoucherManager
လာမယ့် Ruijie Voucher Manager Update မှာ
——————-
- Connected Devices ထဲက ချိတ်ထားတဲ့ ဖုန်းတွေ / device တွေကို အမည်ပြောင်းပြီး မှတ်သားထားလို့ရပါပြီ
( ဥပမာ ကိုယ့်နား အမြဲလာသုံးနေတဲ့သူတွေရဲ့ ဖုန်းတွေကို အမည်ပေးပြီး မှတ်သားထားလိုက်တာမျိုး )

- ပြီးတော့ Other ( Null ) ဖြစ်တဲ့ device တွေကိုလည်း ကိုယ့်စိတ်ကြိုက် အမည်တစ်ခုပေးထားလို့ရပါပြီ

- VPN ကျော်သုံးနိုင်ချေရှိတဲ့ device တွေကို အရင်ဗားရှင်းထက် ပိုပြီး ရှာပေးလာနိုင်ပြီး
Wifi မှာ Null ဖြစ်နေတဲ့ Device တွေကိုတော့ ဖောပြပေးမှာမဟုတ်တော့ပါဘူး

- သုံးပြီးသား voucher code တွေကိုလည်း တစ်ခါဖျက်ရင် ၅၀ ပဲဖျက်လို့ရရာကနေ ၁၀၀ အထိဖျက်လို့ရအောင် ပြောင်းပေးလားပါမည်

-ကျွန်တော်တို့နားမှာ လစဉ် စတားလင့် bill ဆောင်အပ်ထားတဲ့သူတွေအတွက်
သီးသန့် extra feature တွေလည်း ပေါင်းထည့်ပေးနိုင်အောင် ကြိုးစားပေးနေပါတယ်။

#ruijieVoucherManager
လက်ရှိ Ruijie Voucher Manager App မှာ login လုပ်တဲ့ ကြားခံအရံ host တစ်ခု down နေပါသဖြင့်
တစ်ချို့ဝင်မရတာတွေကြုံနေရပါတယ်

host ပြန်တက်လာဖို့က အချိန်အတိအကျမသိရသေးပေမယ့်
လတ်သလော အပေါ်ကလို error ကြုံပြီး ဝင်မရခဲ့လျှင်
1111 VPN ( ဒါမှမဟုတ် ) အခြား VPN တစ်ခုလေး ခဏဖွင့်ပြီး login ဝင်ပြီး သုံးလို့ရပါတယ်

#ruijievouchermanager
ကျွန်တော်တို့ Ruijie Voucher Manager ( Time Code Manager ) ကို
ဝယ်သုံးသူ ( Activated ) ဦးရေ ( Printer + App + App သီးသန့် ) စုစုပေါင်း 400 ကျော်ခဲ့ပြီဖြစ်ပါတယ်။

ယခု အရေအတွက်ထဲမှာ
ထပ်ဆင့်ပြန်လည်ရောင်းချဖို့အတွက် အလုံးရေအများကြီး ဝယ်သွားတဲ့အထဲက
Activate မလုပ်သေးတဲ့ အရေအတွက် မပါသေးပါဘူးခင်ဗျာ
( Activate လုပ်ဖို့ကျန်နေသေးတဲ့ အရေအတွက်နဲ့ဆိုရင် 455 ထိရှိသွားပါတယ် )

ဝယ်သုံးသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပင် တင်ရှိပါသည်။


#ruijieVoucherManager
Back to Top