Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။
#RuijieVoucherApp
#ASDF
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။
#RuijieVoucherApp
#ASDF
Ruijie Captive Portal Setting ထဲက Portal Bypass :
တစ်ချို့လာမေးကြတယ်
ကျွန်တော်တို့ wifi ကို ဒီအတိုင်းကြီး code မတောင်းပဲ
လိုင်းသုံးရနေတယ်ဆိုတာမျိုးတွေ...
အဲ့ဒီလိုဖြစ်တဲ့အထဲမှာ Portal Bypass ( အရင်ကတော့ Portal Escapse ) ကြောင့်လဲ ဖြစ်တတ်ပါတယ်...
Portal Bypass ဆိုတာကတော့
အကယ်လို့ Ruijie Cloud ဘက်က error တစ်ခုခုတက်ပြီး
code တောင်းတဲ့နေရာနဲ့ ချိတ်မရတော့ဘူးဆိုရင်
အင်တာနက်ကို error ပြန်မကောင်းမချင်း ပေးသုံးလိုက်မလားဆိုတာမျိုးပါ...
ကိုယ်က Portal Bypass ကိုဖွင့်ထားလိုက်တယ်ဆိုရင်
ruijie cloud portal ဘက်က error တစ်ခုခုဖြစ်တာနဲ့
wifi လာချိတ်တဲ့သူတွေ အကုန် အင်တာနက်ရသွားပါမယ်...
error ပြန်ကောင်းလာပြီဆိုတာနဲ့ code ပြန်လာတောင်းပါလိမ့်မယ်...
Portal Bypass ကို ပိတ်ထားမယ်ဆိုရင်တော့
cloud portal ဘက်က error ဖြစ်တာနဲ့
အသစ်လာချိတ်တဲ့ဖုန်းတွေကို internet မရအောင် တားဆီးပေးထားမှာဖြစ်ပါတယ်...
ထို့အတွက် Portal bypass ကို ဖွင့်ထားမလား / ပိတ်ထားမလားကတော့
ကိုယ်တိုင်ပဲ ဆုံးဖြတ်ရပါမယ်...
-------
#timecodemanager
#ruijieVoucherManager
ကျွန်တော်ခန့်မှန်းရသလောက်ဆိုရင်တော့ သူတို့ဘက်က
bypass လုပ်ခံရတာကို ပြန်လည် ပြုပြင်နေပြီလို့ထင်ပါတယ်။
ထို့အတွက် သူတို့သာ တကယ်ပြင်ဆင်နေပြီဆိုရင်တော့
ဒီရက်ပိုင်းမှာ အခုလိုမျိုး error လေးတွေတော့ ကြုံရဦးမယ်ထင်ပါတယ်။
#timecodemanager#ruijieVoucherManager
termux နဲ့ ကျော်သုံးလို့ မရတော့တဲ့အဆုံး
နည်းလမ်းအဟောင်းဖြစ်တဲ့ voucher code တွေကို ရှာပြီးတော့
ခိုးသုံးတာမျိုးတွေ ထပ်လုပ်လာကြပါတယ်။ 😃
အဲ့လို ရှာသုံးခံရတာတွေကို ကာကွယ်ဖို့ကလဲ အရမ်းကိုလွယ်ပါတယ်။
Voucher Code တွေကို နံပါတ်ဂဏန်းတွေပဲ ထုတ်မယ့်အစား
" နံပါတ် + အင်္ဂလိပ်အက္ခရာ a to z " ပါအောင်ထုတ်ပြီးတော့
Voucher Code Length ကိုလဲ 6 လုံးအစား
8 လုံးနဲ့ ပြောင်းထုတ်ပြီး သုံးလိုက်ပါ။
ဒါဆိုရင် termux ရဲ့ အဖေပဲလာလာ၊ အမေပဲလာလာ၊
ဘယ်လောက်ပဲ ခိုးတာကျွမ်းတဲ့သူဖြစ်ပါစေ
voucher code တွေကို ရှာသုံးတာမျိုး ခက်သွားပါမည်။
-
Time Code Manager သုံးနေတဲ့သူအနေနဲ့လဲ
ပုံထဲမှာပြထားတဲ့အတိုင်း
Type မှာ a-z 0-9
Voucher Length မှာ 8 or 9 တစ်ခုခုနဲ့သာ Print ထုတ်သုံးပါ။
Code ရိုက်ထည့်တဲ့အချိန်သာ နည်းနည်းလေးကြာထယ်ထင်ရပေမယ့်
ခိုးသုံးခံရတာသက်သာသွားမှာဖြစ်တဲ့အတွက် ဝင်ငွေထိခိုက်တာမျိုးနည်းသွားပါမည်။
#timecodemanager#ruijieVoucherManager
ဒါကတော့ code လေးနည်းနည်းနဲ့ ကျော်တဲ့နည်းသုံးတာပါ။
Voucher Code စာရင်းတွေထဲမှာ အဲ့ဒီ နံပါတ်တွေရှိမရှိ စစ်ပြီး
မရှိတော့ရင် logout ( kick ) လုပ်ရင်ရပါတယ်။
သို့ပေမယ့် ကျော်သုံးတဲ့သူက script code နဲ့လုပ်တာမို့
လိုက်ပြီး logout လုပ်ဖို့က မမှီပါဘူး။
ကိုယ်ကလုပ်လိုက်တာနဲ့ ၅ စက္ကန့်အတွင်း ထပ်ဝင်လာပါလိမ့်မယ်။
လက်ရှိ လူပြောများနေတဲ့ termux ဆိုလား အဲ့ဒီကနေဝင်သုံးကြတာမျိုးပါ။
Ruijie ဘက်ကို report တင်ပေးထားပေမယ့်
ထိထိရောက်ရောက်ပိတ်သွားတာမျိုး မတွေ့ရသေးပါဘူး။
ထို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ သက်သာအောင် တားဆီးရပါတော့မယ်။
အခုပုံထဲကစက်တော့ အဲ့ဒီ termux ကျော်တာအတွက်
သီးသန့် ဆားဗစ်လုပ်ပေးဖြစ်တဲ့ စက်ပါ။
စစ်ကြည့်မှ တော်တော်များများ အဲ့ဒီ code နဲ့ဝင်သုံးထားတာမြင်ရတာပါ။
အခုတော့ သက်သာသွားပါပြီ။
မကြာခင် မိမိတို့စက်မှာရော termux နဲ့ ကျော်လို့ရမရကို
စစ်လို့ရမယ့် app အသေးလေးတစ်ခုလုပ်ပေးဖို့ရှိပါတယ်။
သက်သာသွားပါတယ်။
မိမိတို့ project ကို စနစ်တကျနဲ့ တည်ဆောက်ထားတယ်ဆိုရင်လဲ
v2ray ( vmess / vless ) နဲ့ http inject လုပ်ပြီး သုံးခံနေရတာတွေပါ
သက်သာသွားနိုင်ပါတယ်။
dns tunnel ( port 53 ) နဲ့ ကျော်သုံးတာတွေအတွက်လဲ
dns port ကို ပိတ်လိုက်ရင် တားဆီးပြီးသားဖြစ်သွားပါမယ်။
----
Service တော့ သီးသန့် မလုပ်ပေးဖြစ်တော့ပါဘူး။
ကိုယ်က လုပ်ပေးတာတစ်ခုဆိုပေမယ့်
ကိုယ်လုပ်ပေးတဲ့အပိုင်းနဲ့ မဆိုင်တဲ့အပိုင်းတွေပါ
လုပ်ပေးရတာမျိုးတွေအတွက် အချိန်မပေးနိုင်တဲ့အတွက်ပါ။
ထို့အတွက်
လောလောဆယ်မှာတော့ ကျွန်တော်တို့နဲ့ ရေရှည်လက်တွဲပြီး
ဘေလစဉ်ဆောင်နေတဲ့ SVIP Member တွေကိုသာ
တတ်နိုင်သလောက် ကူညီပြီး ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။
အားလုံးကိုကျေးဇူးတင်လျက်။
#timeCodemanager #ruijieVoucherManager See less
----------
wifi လုပ်ငန်းတော်တော်များများက အချိန်နဲ့ပဲ
code တွေထုတ်ရောင်းနေတဲ့အချိန်
မိမိတို့စီမှတော့ အပြောင်းအလဲလေးဖြစ်အောင်
GB Limit နဲ့လဲ ထုတ်ရောင်းစမ်းကြည့်သင့်ပါတယ်။
GB Limit ကို ရက်အကန့်အသတ်မရှိထားချင်လဲရတယ်။
ဒါမှမဟုတ် 2GB ကိုတော့ ၁ ပတ်အတွင်းကုန်အောင်သုံးဆိုတာမျိုးတွေလဲ
လုပ်လို့ရပါတယ်။
GB Limit နည်းက Hotspot share လုပ်တဲ့သူတွေအတွက်လဲ
code တစ်ခုဝယ်ပြီး နောက်လူတွေကို hotspot share
လုပ်ပေးရဲမှာမဟုတ်တော့ပါဘူး။
နောက်လူတွေကို share လုပ်ပေးလိုက်ရင်
သူရဲ့ GB limit ခဏနဲ့ပြည့်သွားမှာမို့ပါ။
#timecodemanager#ruijieVoucherManager
အချိန်အကန့်သတ်မရှိ၊ speed အကန့်သတ်မရှိ ကျော်သုံးနေတာတွေကို
သက်သာအောင်အတွက် သင်္ကြန်းပြီးရင်
စျေးနှုန်းတစ်ခုခု ( ဒါမှမဟုတ် ) ဘေဆောင်ဆားဗစ်အပ်တာနဲ့
Service လုပ်ပေးဖြစ်ပါမယ်ဆိုတဲ့အကြောင်း
သတင်းကောင်းပါးလိုက်ရပါတယ်။
စက်တစ်ချို့မှာတော့ termux နဲ့သုံးမရတော့တာတွေရှိလာပါပြီ။
အခု လုပ်ပေးမယ့် service ကတော့
temux python script နဲ့ ကျော်လို့ရနေသေးတဲ့ စက်တွေကိုပါ။
#timecodemanager
#ruijieVoucherManager
Ruijie Cloud ဘက်က နှေးနေပြန်ပါပြီ။
Voucher Code ထည့်မရတာ။
Login ဝင်မရတာ၊ ကြာတာတွေ ကြုံရပါမည်။
#timeCodeManager
#ruijieVoucherManager
Voucher Code ထည့်မရတာ။
Login ဝင်မရတာ၊ ကြာတာတွေ ကြုံရပါမည်။
#timeCodeManager
#ruijieVoucherManager
လောလောဆယ်တော့ ruijie ဘက်က ပြင်ဆင်လိုက်တဲ့အထဲမှာ
ruijie စက်တော်တော်များများမှာ vpn မဟုတ်ပဲ
အခြားနည်းတစ်ခုနဲ့ ကျော်သုံးခံတာတွေ အလုပ်မလုပ်တော့တာ
တွေ့ရပါတယ်။
( one click login နဲ့ကျော်တာမျိုးမဟုတ်ပါဘူး။
အဲ့ဒါက ဟိုးအရင်နှစ်က kyawmal app မှာသုံးခဲ့တဲ့ နည်းတစ်ခုပါ။
အခုချိန်မှာ အဲ့ဒီနည်းနဲ့ လုံး၀ကျော်မရပါဘူး၊
အဲ့အတွက် လာလာမေးနေကြလို့ပါ၊ စိတ်ပူစရာမလိုပါဘူး။ )
Ruijie ဘက်ကသာ user တွေရဲ့ အသံကို နားထောင်ပြီး
သေချာလေး ပြင်ဆင်ပေးလာမယ်ဆိုရင်
နောက်ဆို အခုထက်ပိုပြီး လုံခြုံလာပါလိမ့်မယ်။
#timeCodeManager #ruijieVoucherManager
လက်ရှိခိုးသုံးခံနေရတာကို ဘယ်လိုကျော်သွားလဲဆိုတာကို
သိရအောင်အတွက် code အပြင် APK ဖိုင်လေးပါ ထပ်ပို့ပေးထားတဲ့ပုံပါ။
ဆိုတော့ ဒီတစ်ခေါက် အပေါက်ကိုလဲ firmware နဲ့ပဲပိတ်လာမလား၊
ဒါမှမဟုတ် cloud ဘက်ကနေပဲ သူတို့ ပိတ်ပေးလာမလားဆိုတာတော့
စောင့်ကြည့်ရုံပါပဲ။
----
ကျွန်တော် ဒီ Time Code Manager ( Ruijie Voucher Manager ) မလုပ်ဖြစ်ခင်တုန်းကလဲ ruijie portal ရဲ့ ယိုပေါက်ကို app တစ်ခုထုတ်ပေးဖူးပါသေးတယ်။
ကျော်မယ် ( Kyawmal ) ဆိုတဲ့ app လေးပါ။
သိတဲ့သူတွေသိပါလိမ့်မယ်။
vpn လိုမျိုးနည်းပညာမဟုတ်ပဲ၊ သီးသန့် နည်းပညာတစ်ခုနဲ့
မြန်မာမှာ ruijie portal ကို click တစ်ချက်နဲ့
ပထမဆုံး ကျော်ခဲ့တဲ့ မှတ်မှတ်ရရ app ပါပဲ။
နောက် ကျွန်တော် Time Code Manager ( Ruijie Voucher Manager ) ထုတ်ရောင်းတော့မယ် လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ
Ruijie ဘက်ကိုလဲ ကျော်လို့၇နေတဲ့နည်းကို report ပြန်တင်ခဲ့ပါတယ်။
မကြာပါဘူး သူတို့ ပေါက်နေတဲ့နေရာသိသွားပြီး ပိတ်ပေးခဲ့ပါတယ်။
( အဓိကလဲ Ruijie စက်ပိုင်ရှင်တွေဆိုတာကလဲ
Ruijie Voucher Manager စရောင်းတာနဲ့
ကျွန်တော့် customer တွေဖြစ်လာတော့မှာဆိုတော့
customer တွေနစ်နာမယ့်ဟာကို ရှောင်ရပါတော့တယ်။ :D )
ဆိုတော့
လက်ရှိ ကျော်လို့ရနေတဲ့နည်း၊ vpn နည်း၊ အဝိုင်းလည်တွေကအစ
ပိတ်လို့ရတာမျိုး ကျွန်တော့်နားရှိပါတယ်။
ကျွန်တော့်နား လစဉ် ဘေဆောင်နေတဲ့သူတွေရဲ့
စက်တစ်ချို့ကိုလဲ ကူညီပြီး ပိတ်ပေးထားတာတွေရှိပါတယ်။
အဆင်ပြေကြပါတယ်။
( ဒါကတော့ ကျွန်တော့်နား လစဉ်ဘေဆောင်ဆားဗစ်အပ်ထားပြီး
ရေရှည်လက်တွဲနေတဲ့သူတွေအတွက် အားသာချက်တစ်ခုပါ။ )
ဘယ်လိုပဲဖြစ်ဖြစ်
Ruijie ဘက်က ပိတ်ပေးလာခဲ့ရင်တော့
အားလုံးအတွက် ပိုပြီးအဆင်ပြေမှာမို့
အမြန်ဆုံး ပိတ်ပေးလာဖို့ မျော်လင့်ပါတယ်။
#ruijieVoucherManager
#timecodemanager
HTTP injection attack prevention ဆိုတာလေး ဖွင့်လိုက်ရင်
HTTP Inject ( VPN ) နည်းနဲ့ကျော်ခံရတာတွေ သက်သာသွားပါမယ်။
( ဥပမာ http injector / vmess protocol )
ဒါကြောင့်လဲ file ထုတ်ရောင်းနေတဲ့သူတွေက
starlink old file ဘာညာတွေဆိုပြီး သီးသန့် လုပ်ရောင်းရတော့တာပါ။
( New version မှာ မရဘူးဆိုပြီး ပြောရောင်းကြတာတွေ့ပါတယ်။ )
Ruijie Firmware အသစ်ရဲ့ HTTP Injection attack prevention ဆိုတာကြောင့် သူတို့ရဲ့ old file တွေက တိုးမပေါက်တော့ပါဘူး။
----------
စက်ပိုင်ရှင်တွေအနေနဲ့လဲ မိမိတို့ gateway က http injection attack prevention ပါရင် ဖွင့်ထားသင့်ပါတယ်။
အဲ့လိုဖွင့်လိုက်ရင်တော့ တော်တော်များများ gateway အောက်မှာရှိတဲ့
AP တွေ offline ဖြစ်သွားတတ်ပါတယ်။
အဲ့ဒါကမှ ပုံမှန်ပါ။ အဲ့အတွက် gateway အောက်မှာရှိတဲ့
ap / router တွေရဲ့ mac တွေကို allow list ထဲ ထည့်ပေးလိုက်ရင်
အကုန် online ပြန်ဖြစ်လာပါလိမ့်မယ်။
( Ruijie ကိုယ်တိုင်ကကို http injection ကိုဖွင့်ရင် တစ်ချို့ cloud နဲ့ဆိုင်တဲ့ domain name တွေပါ whitelist လုပ်ဖို့ လိုအပ်တယ်လို့
တရားဝင်ပြောထားပြီးသားပါ။
ထို့ကြောင့် တော်တော်များများ ap / router တွေ offline ဖြစ်သွားတာပါ။
အဲ့အတွက် domain တွေကို whitelist လုပ်မယ့်အစား
device တစ်ခုခြင်းစီရဲ့ mac ကိုပဲ allow ထည့်ပေးပြီးတော့
cloud online ဖြစ်အောင်လုပ်ရတာပါ။ )#timecodemanager
#ruijieVoucherManager
သုံးထားတဲ့ voucher code ကို အချိန်မပြည့်ခင်အတွင်း
ပြန်ထွက်ပြီးတော့ နောက်ဖုန်းတစ်လုံးမှာ ပြန်ဝင်သုံးလို့ရပါတယ်။
တစ်ချို့ကြုံဖူးပါလိမ့်မယ်၊
ကိုယ့်စီမှာ ဘောက်ချာကုဒ်လာဝယ်တဲ့အခါ
ကုဒ်ကို ထွက်ပြီး နောက်တစ်လုံးမှာ ဝင်သုံးလို့ရလားမေးခံရတာမျိုးပါ။
အဲ့လိုမှ မရရင် ဝယ်မသုံးပဲ
အခြားရတဲ့ နေရာမှာသွားဝယ်သုံးတာတွေရှိပါတယ်။
ဆိုတော့ အဲ့လိုမျိုး မေးလာခဲ့ရင်လဲ
Ruijie စက်ပိုင်ရှင်တွေအနေနဲ့ ရပါတယ်ဆိုတဲ့ အကြောင်း ပြောလို့ရပါပြီ။
ဒါကတော့ Wifi Business လုပ်ငန်းလုပ်နေတဲ့သူတွေဘက်ပေါ့။
---
လုပ်နည်းကလဲ လွယ်ပါတယ်။
အခုပုံထဲက QR Code ကိုဖတ်လိုက်ပြီး ဖွင့်လိုက်ရင်
Unbind&Logout ဆိုတဲ့ စာမျက်နှာလေးကို ရောက်သွားပါမယ်။
အထဲမှာ မိမိထည့်ထားတဲ့ code ရဲ့ ကုန်ဆုံးမယ့်အချိန်နဲ့
ဘယ်အချိန်က စသုံးထားတာလဲတွေ ကြည့်လို့ရပါသေးတယ်။
အဲ့ဒီမှာ Unbind&Logout ဆိုတာလေး နှိပ်လိုက်တာနဲ့
လက်ရှိသုံးနေတဲ့ဖုန်းကနေထွက်သွားပြီး
အဲ့ဒီထွက်သွားတဲ့ code ကို နောက်ဖုန်းတစ်လုံးမှာ ပြန်ဝင်သုံးလို့ရသွားပါမယ်။
( အချိန်မပြည့်မခြင်း ကြိုက်သလောက် ဝင်ထွက်လုပ်လို့ရပါတယ်။
အချိန်ပြည့်သွားရင်တော့ အဲ့ဒီ code ကို ဆက်သုံးလို့ရတော့မှာမဟုတ်ပါဘူး )
#timecodemanager
#ruijieVoucherManager