Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
Ruijie Voucher Code တွေ ခိုးခံနေရတာအတွက်က
ကာကွယ်ဖို့ အရင်တစ်ခါတုန်းကလဲ တင်ပေးဖူးပါတယ်။
Voucher Code တွေထုတ်တဲ့အချိန်မှာ
အလွယ်ဆိုပြီး နံပါတ် တွေပဲ သီးသန့်မထုတ်ဖို့ပါ။
အဲ့ဒီအစား
Voucher Code Type မှာ 0-9 a-z ( စာရော နံပါတ်ရော )
Voucher Length မှာလဲ 7 နဲ့ အထက်ထားပြီး ထုတ်ဖို့အတွက်ပါ။
အဲ့လိုသာ ထုတ်ထားမယ်ဆိုရင် သိကြားမင်း ဆင်းကယ်လဲ
ခိုးတဲ့သူတွေ ခိုးဖို့ လုံး၀မလွယ်တော့ပါဘူး။
ဒါက ruijie ဘက်ကိုပဲ အားကိုးနေလို့မရပဲ
ကိုယ့်ဘက်ကနေလဲ သေချာအောင် လုပ်ထားဦးမှလဲ
ကိုယ့် ဝိုင်ဖိုင်လုပ်ငန်းလေး မထိခိုက်မှာပါ။
အရင်က နံပါတ်တွေပဲထုတ်ထားတဲ့ code တွေရှိရင်လဲ
ဖျက်လို့ရရင် ပြန်ဖျက်ပြီး အသစ်သာပြန်ထုတ်ထားလိုက်ပါ။
( နံပါတ်ကြီးပဲသီးသန့်က 000000 ကနေ 999999 အတွင်း
မှန်းပြီးထည့်လို့ရတဲ့အတွက်၊ အဲ့ဒါကို script တစ်ခုနဲ့ ဖုန်းကို run ခိုင်းလိုက်တော့ အချိန်ခဏလေးနဲ့ ရှာလို့ရသွားတာမျိုးပါ။ )
တစ်ချို့ termux နဲ့ကျော်လို့ရသေးတယ်ဘာညာတွေပြောနေတာတွေရှိပါသေးတယ်။ အဲ့ဒီအတွက်ကလဲ project ဘက်က ပြင်စရာလေးတွေရှိပါတယ်။
နောက်ရက် post ထပ်တင်ပေးပါမည်။
အားလုံးပဲအဆင်ပြေကြပါစေ။
#ruijieVoucherManager
#timecodemanager
8:50 Update : အခုတော့ ပြန်မြန်သွားပါပြီ။

Ruijie Cloud Login ဘက်က
နှေးနေသလိုဖြစ်ပြီး
Account ဝင်လို့မရတာတွေဖြစ်နေပါတယ်။
ဝင်လို့ရသွားရင်လဲ
voucher code တွေအသစ်ထုတ်မရတာ၊
အချိန်ကြာတာတွေလဲဖြစ်နေပါတယ်။

#timecodemanager
#ruijieVoucherManager
Ruijie Cloud နှေးနေတာကြောင့်
Voucher Code အသစ်ထုတ်တာတွေမှာ အချိန်ကြာတာ၊
ကုဒ်အသစ်တွေ မထွက်လာပဲ error ဖြစ်တာမျိုးတွေကြုံနေရပါတယ်။

Expired ဖြစ်ပြီးသား code တွေနဲ့
voucher code တွေကို ဖျက်တာတော့ မြန်နေပါသေးတယ်။

#timeCodeManager
#ruijieVoucherManager
သတင်းကောင်းတစ်ခုပါပဲ

ID တောင်းနေတဲ့ စက်တော်တော်များများ
မတောင်းတော့တာ သတိထားမိပါတယ်။

ဒါကြောင့် သေချာအောင် မိမိတို့ အကောင့်ထဲက setting ရဲ့
အောက်ဆုံးမှာ Registration Requirements နေရာမှာ
စစ်ကြည့်ကြပါ။

Add Travel Plans ဆိုပြီး ပေါ်နေရင် မတောင်းတော့ပါဘူး။
အဲ့ဒါဆိုရင် ID တင်စရာမလိုတော့ပါဘူး။

#timecodemanager
#ruijieVoucherManager
Code ထည့်မရပဲ request limited ဖြစ်တာတွေ ရှိလာပါတယ်။

အခုလိုဖြစ်ရတဲ့အကြောင်းရင်းကတော့
Ruijie ဘက်က voucher တွေကို
မသမာတဲ့နည်းတွေနဲ့ code တွေရှာပြီး
ခိုးထည့်သုံးခံနေရတာကို ကာကွယ်ဖို့အတွက်
လုပ်လိုက်ပြီး နောက်ပိုင်း အခုလိုကြုံရတာပါ။

Voucher Code တောင်းတဲ့နေရမှာ
code မှားနေတာကို ၇ ခါလောက် ဆက်တိုက်ရိုက်ထည့်မိတာနဲ့
request limited ဆိုပြီး ပြောင်းသွားပါမယ်။

အဲ့လိုဖြစ်သွားရင် အချိန် အနည်းငယ်ပြန်စောင့်ပြီးမှပဲ ထည့်လို့ရတော့မှာဖြစ်ပါတယ်။

( voucher code ခိုးသုံးဖို့လုပ်တဲ့သူတွေက
အဲ့ဒီလိုနည်းနဲ့ code တွေကို အစဉ်လိုက် မှန် မမှန်စစ်ပြီး စမ်းကြတာမို့
code မှားတာများရင် ပိတ်ချဖို့အတွက် ထည့်လိုက်တာဖြစ်ပါမယ်။ )


လောလောဆယ်မှာ ကျနော် စမ်းကြည့်ရသလောက်တော့
request limited ဖြစ်သွားတာနဲ့ နောက်ထပ် လာချိတ်တဲ့ ဖုန်အသစ်တွေမှာပါ
request limited ဖြစ်သွားတာဖြစ်နေပါတယ်။

ထို့အတွက် ruijie ဘက်ကို session တစ်ခုစာအတွက်ပဲ limit လုပ်ပေးဖို့နဲ့
နောက်အသစ် session အတွက် code ( ၇ ခါအထိ မှားနိုင် ) ပြန်ထည့်လို့ရအောင် လုပ်ပေးဖို့တော့ တင်ကြည့်ပေးထားပါတယ်။

---------
Ruijie ဘက်က termux နဲ့ကျော်တာတွေရော၊
code တွေကို bruteforce လုပ်ပြီး ခိုးသုံးတာတွေအတွက်ပါ
action ယူပြီး ပိတ်ပေးလာတာတွေ့ရပါတယ်။

#timecodemanager
#ruijieVoucherManager
FAKE နဲ့တော့ အောင်ချက်တွေ တကယ်ကိုကောင်းတယ်
အဓိကတော့ အမည်ကို ဦးစားပေးစစ်တယ်ထင်ပါတယ်

#ruijieVoucherManager
Voucher Code တောင်းတဲ့နေရာမှာ ဒီလို Error တွေကြုံနေရလား ?
---
အခု error က post redirect မှာဖြစ်တဲ့ ပြသနာပါ။
ထို့အတွက် voucher code တောင်းတဲ့နေရာပေါ်တယ်
code ထည့်လိုက်ပြီးရင် ဒီလိုပေါ်လာတယ်။
( ဒါပေမယ့် တော်တော်များများကတော့ လိုင်းသုံးလို့ရသွားပါတယ်။ )

အဓိကတော့ စတားလင့်လိုင်းနဲ့
post redirect မှာပါတဲ့ website link က blocked ခံထိထားသလိုမျိုးဖြစ်တာပါ။

ပုံမှန်ဆိုရင် code ထည့်လိုက်ပြီး မှန်သွားတာနဲ့
google ဒါမှမဟုတ် ruijie website ပေါ်လာရမယ့်နေရမှာ
blocked လုပ်ခံလိုက်ရတော့ အခုလိုပေါ်တာပါ။

error ပုံတိုင်းမှာ tencent ဆိုတာတွေ့ရတော့
ruijie website တစ်ခုခုကို စတားလင့်ဘက်က block တာမျိုးနဲ့ ကြုံသွားတာဖြစ်ပါလိမ့်မယ်။

ပြသနာအကြီးတော့ မရှိပါဘူး။
code ထည့်လို့ရမယ်၊ လိုင်းလဲ သုံးလို့ရတာများပါတယ်။

တစ်ချို့ portal setting ထဲကနေ
post url မှာ ruijienetworks တို့ဘာတို့ ဖြစ်နေရင်
google website ကို ညွန်ပေးကြည့်လိုက်ပါ။

comment လေးတွေကြည့်မိတော့
Ruijie နဲ့ပါတ်သက်ပြီး အရေးကြုံရင်တော့
တစ်ခုခုဆိုရင် ဒီ Page ကိုပဲ ပြေးလာကြတာတွေ့တော့
post လေးတွေတင်ပေးရတာ အားရှိပါတယ်ဗျာ။

နောက်လဲ အချိန်ရရင် ruijie စက်ပိုင်ရှင်တွေအတွက်
လစဉ် ဆားဗစ်အပ်ထားလို့ရမယ့် စနစ်လဲ လုပ်ပေးပါဦးမည်။

တစ်ခုခုဆိုရင် ဆားဗစ်ဆရာကို ဆက်သွယ်လို့မရတော့ ပြသနာတွေ
သက်သာသွားအောင်အတွက်ပါ။

အားလုံးပဲအဆင်ပြေကြပါစေ။

#timecodemanager#ruijieVoucherManager
Passport အမှန်ပဲဖြစ်ဖြစ်
Fake အတုနဲ့ပဲဖြစ်ဖြစ်
Passport ပုံထဲက ပိုင်ရှင်ကိုယ်တိုင်
Selfie ( live portrait ) ရိုက်တင်ရတာဖြစ်တဲ့အတွက်
အခြားသူက ဝင်ပြီး တင်ပေးလိုမရတဲ့အတွက်
ကိုယ်တိုင်တင်တဲ့အခါ မမှားအောင်နဲ့
လုပ်နည်းလေး တင်ပေးလိုက်ပါတယ်။


ပထမပုံထဲကလို starlink account ထဲဝင်ပြီးတော့
setting ထဲကနေ ဒုတိယမြားနေရာက အစက်သုံးစက်ကိုနှိပ်ပြီးတော့ submit ဆိုတာကိုရွေးလိုက်ရင်
ဒုတိယပုံထဲကလိုမျိုး မိမိတို တင်မယ့် passport ထဲက
အချက်လက်တွေကို မှန်ကန်အောင်ထည့်ပြီး

Live Portrait မှာ selfie ပုံသေချာရိုက်ပြီး Save လုပ်
တင်လိုက်ရင်ရပါပြီ။

Verify အဖြေအတွက်
ကြာချိန်ကတော့ 24 နာရီနဲ့အထက်ကြာတတ်ပါတယ်။

#timeCodeManager
#ruijieVoucherManager
FAKE နဲ့က အောင်ဖို့ရာခိုင်နှုန်း တော်တော်ကိုများသေးတယ်ပြောရမယ်။
( Report အလုပ်မခံရ မချင်းပေါ့ )

ဆိုတော့
နာမည်မတူထား၊ PP လဲမရှိထား၊
ဘေဆောင်ရက်ဝေးသေးတယ်ဆိုရင်တော့
transfer ချက်ချင်းမလုပ်သေးပဲ
FAKE ပုံလေးတွေနဲ့ တင်စမ်းဖို့အတွက် အကြံပြုချင်ပါတယ်။

အခု ၂ စက်ကတော့ မနေ့က fake ပုံလေး ဖန်တီးပြီး
ပိုင်ရှင်ဘက်ကို ပုံပို့ပြီး သူတို့ကိုယ်တိုင်ပြီး
ဒီနေ့ပဲ အောင်သွားလို့ email ဝင်လာတဲ့ပုံတွေပါ။

အားလုံးပဲအဆင်ပြေကြပါစေ။

###
အီလွန်မက် စက်ကို သုံးနေတဲ့သူတိုင်း
Passport တစ်ခုခုတော့ ရှိထားရတော့မယ်ဆိုတာမျိုးဖြစ်သွားတယ်။
လက်ရှိ အမည်မတူလို့၊ passport မရှိလို့
id တင်ကြည့်လဲ အဆင်မပြေလို့ဆိုရင်
transfer -> activate ပြန်လုပ်လို့ရပါတယ်။
( သူတို့သတ်မှတ်ထားတဲ့ရက်အထိ သုံးထားပြီးရင် )
အဲ့အတွက် ကိုယ့်မှာ Passport မရှိထားတောင်
ကိုယ့်အသိ၊ ကိုယ့်မိသားစုထဲက တစ်ခုခုရှိထားရင်
သူတို့ Passport အမည်အတိုင်း အကောင့်ပြန်ဖွင့်သုံးလိုက်ပါ။
အဲ့လိုပြောင်းပြီး ဖွင့်လိုက်ရင်တော့ အခုပြသနာ ယာယီသက်သာသွားပါမယ်။
ဒါပေမယ့် သူတို့ရဲ့ regulation ကြောင့် တစ်ချိန်ချိန်မှာ ပြန်တောင်းမှာပါ။
အဲ့အတွက် အမည်မှန်ထား၊ passport ရှိထားရင်
အခုလောက်ထိ ခေါင်းစားစရာမလိုတော့ပါဘူး။
ထို့အတွက် -
အီလွန်မက်စက်သုံးမယ်ဆိုရင် ရေရှည်အတွက် passport လိုကိုလိုသွားပါပြီ။
အီလွန်မက်စက်သုံးမယ်ဆိုရင် ရေရှည်အတွက် passport လိုကိုလိုသွားပါပြီ။
အီလွန်မက်စက်သုံးမယ်ဆိုရင် ရေရှည်အတွက် passport လိုကိုလိုသွားပါပြီ။
သတင်းကောင်းနဲ့ မျော်လင့်ချက်တစ်ခုကတော့
Passport ရှိထားပြီး အမည် မတူခဲ့တောင် verify အောင်ပါတယ်။

လက်ရှိ မနေ့က တစ်လုံး စမ်းကြည့်လိုက်တာ အောင်သွားပါတယ်။

စက်အကောင့်ကအမည်က english တွေနဲ့ နာမည်
passport ကတော့ မြန်မာမို့ မြန်မာအမည်ပေါ့ဗျာ။

အဲ့ဒါကို တင်ကြည့်လိုက်တယ်။
အခုမနက်တော့ verify အောင်ကြောင်းပြပြီး အဆင်ပြေသွားတယ်။

ဘာမှကို ထပ်လုပ်စရာမလိုလိုက်ဘူး။

အဓိကတော့ သူတို့တောင်းဆိုတဲ့အတိုင်း
- Passport က သက်တမ်းကျန်ရမယ်
- Fake မဖြစ်ရဘူး
- ဓာတ်ပုံက ရှင်းရှင်းလင်းလင်းဖြစ်နေရမယ်
- Selfie ရိုက်တဲ့အခါမှာလဲ အနောက် background အဖြူမှာ
သေချာလေး video ရိုက်ပို့ရပါမယ်။

ဆိုတော့
Passport တစ်ခုခုသာရှိထားမယ်ဆိုရင် တင်စမ်းကြည့်သင့်ပါတယ်။
အချိန်ကလဲ ရက် ၂၀ လောက်ကျန်သေးတော့ လောစရာမလိုဘူးပေါ့။

အားလုံးပဲ အဆင်ပြေကြပါစေ။

#ruijieVoucherManager
#timecodemanager
စတားလင့်မှာ အမည်အမှန် မသုံးထားမိတဲ့သူတွေအတွက်
နောက်ထပ် ခေါင်းရှုပ်စရာထပ်လာပြီနဲ့တူပါတယ်...

စတားလင့်အကောင့်မှာ သုံးထားတဲ့ အမည်အတိုင်း
အမည် ၊ နိုင်ငံသား ၊ birth date ၊ နဲ့ passport ရယ် ကိုယ့်ရဲ့ selfie photo တွေ ပို့ပေးဖို့အတွက် တစ်ချို့အကောင့်တွေမှာ တောင်းခံနေရပါပြီ...
လက်ရှိ ကျွန်တော် လက်လှမ်းမီသလောက်စစ်ကြည့်တာ
နာမည်အဆန်းတွေမှာ တောင်းခံထားရတာ တွေ့ရပါတယ်...

မြန်မာနာမည်နဲ့စက်တွေတော့ တောင်းခံထားရတာမတွေ့သေးပါဘူး...
( တောင်းခံရတာတွေလဲ ရှိနိုင်ပါတယ်... )

ထို့အတွက် မိမိတို့ စတားလင့်အကောင့်ကို အချိန်ရရင်
ပြန်ဝင်ပြီး စစ်ကြည့်ကြပါ...

ပထမပုံထဲကလိုမျိုး အနီရောင်နဲ့ ပြနေတယ်ဆိုရင် တောင်းခံထားရပါပြီ...

အကယ်လို့ အချက်လက်အမှန်မတင်ဘူးဆိုရင်
ဘယ်နေ့ နောက်ဆုံး လိုင်းပိတ်မယ်ဆိုပြီး ရက်စွဲလေးပါ ပြထားပါလိမ့်မယ်...

အားလုံးပဲ အဆင်ပြေပါစေ...

#timeCodeManager
#ruijieVoucherManager
Ruijie Account အသစ်လုပ်ပြီးတိုင်း
ရက် ၃၀ အတွင်း Activation ပြန်လုပ်ရပါတယ်။

အကယ်လို့ Activation မလုပ်လို့ ရက် ၃၀ ပြည့်သွားရင်
အကောင့်က ဝင်မရတော့ပဲ active လုပ်ဖို့ပဲပြောနေပါလိမ့်မယ်။

Activation မလုပ်ထားပဲ ရက် ၃၀ ပြည့်သွားလို့
ပိတ်သွားရင်
Time Code Manager မှာလဲ ဝင်လို့မရတော့ဘူးဖြစ်သွားပါမယ်။


ထို့အတွက် မိမိတို့ email ထဲမှာ ရောက်ထားတဲ့
Ruijie ဘက်ကပို့ထားတဲ့ Activation Email ထဲကနေဝင်ပြီးတော့
Activation လုပ်ထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။

( ပုံကတော့ Activation မလုပ်ထားသေးရင် ပြတဲ့အနေအထားပါ )

#timecodemanager
#ruijieVoucherManager
Ruijie Captive Portal Setting ထဲက Portal Bypass :


တစ်ချို့လာမေးကြတယ်
ကျွန်တော်တို့ wifi ကို ဒီအတိုင်းကြီး code မတောင်းပဲ
လိုင်းသုံးရနေတယ်ဆိုတာမျိုးတွေ...

အဲ့ဒီလိုဖြစ်တဲ့အထဲမှာ Portal Bypass ( အရင်ကတော့ Portal Escapse ) ကြောင့်လဲ ဖြစ်တတ်ပါတယ်...

Portal Bypass ဆိုတာကတော့
အကယ်လို့ Ruijie Cloud ဘက်က error တစ်ခုခုတက်ပြီး
code တောင်းတဲ့နေရာနဲ့ ချိတ်မရတော့ဘူးဆိုရင်
အင်တာနက်ကို error ပြန်မကောင်းမချင်း ပေးသုံးလိုက်မလားဆိုတာမျိုးပါ...

ကိုယ်က Portal Bypass ကိုဖွင့်ထားလိုက်တယ်ဆိုရင်
ruijie cloud portal ဘက်က error တစ်ခုခုဖြစ်တာနဲ့
wifi လာချိတ်တဲ့သူတွေ အကုန် အင်တာနက်ရသွားပါမယ်...
error ပြန်ကောင်းလာပြီဆိုတာနဲ့ code ပြန်လာတောင်းပါလိမ့်မယ်...

Portal Bypass ကို ပိတ်ထားမယ်ဆိုရင်တော့
cloud portal ဘက်က error ဖြစ်တာနဲ့
အသစ်လာချိတ်တဲ့ဖုန်းတွေကို internet မရအောင် တားဆီးပေးထားမှာဖြစ်ပါတယ်...


ထို့အတွက် Portal bypass ကို ဖွင့်ထားမလား / ပိတ်ထားမလားကတော့
ကိုယ်တိုင်ပဲ ဆုံးဖြတ်ရပါမယ်...


-------

#timecodemanager
#ruijieVoucherManager
အကုန်ပြန်ကောင်းသွားပါပြီ

Portal - OK
Cloud Login - OK

#timeCodeManager
Back to Top