Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
စက်တွေပိတ်ခံနေရတယ်ဆိုပေမယ့်
လက်ရှိ time code manager သုံးပြုသူဦးရေက
Online Active အရေအတွက်
အရမ်းကြီး ထိုးမကျသွားဘူး တွေ့ရတယ်။

ဆိုတော့ ပိတ်ခံရတဲ့စက်တွေရှိသလို
မပိတ်ခံရသေးတဲ့ စက်တွေက ပိုအများကြီးကျန်သေးတယ်ဆိုတာ ခန့်မှန်းလို့ရသွားပါတယ်။

ဘယ်လိုဖြစ်ဖြစ် မပိတ်ခံရသေးတဲ့
စက်ပိုင်ရှင်တွေအတွက် တကယ်ကို ဝမ်းသာမိပါတယ်။

အားလုံးပဲအဆင်ပြေကြပါစေ။

#timeCodeManager
#ruijieVoucherManager
လက်ရှိ စတားလင့်တွေပိတ်ခံရတာ ကြာဖြန့်ရယ်၊ လောင်းကစားဂိမ်းတွေကြောင့်ဆိုပြီး စိတ်ပူပြီးတော့
လောင်းကစားဂိမ်းတွေကို ပိတ်ချင်လို့ဆိုပြီး
Time Code Manager မှာ
SVIP တစ်ကူးတစ်က လာဝင်ကြတာတွေ တိုးလာပါတယ်။

( လောင်းကစားဂိမ်းတွေက နေ့စဉ် website အသစ်၊ app အသစ်တွေထွက်နေတာမို့၊
ကျွန်‌ေတာ်တို့ SVIP ကနေ မပိတ်သွားသေးတဲ့ web တွေ၊
app တွေလဲရှိနေပါသေးတယ်၊
အကယ်လို့ အဲ့လို မပိတ်သွားသေးတဲ့ဟာတွေရှိရင်လဲ
ကျွန်တော်တို့ကို web လိပ်စာ၊ ဒါမှမဟုတ် app apk လေးတွေ
share လုပ်ပေးပါ၊ ကျွန်တော်တို့ url တွေ ခြေရာခံပြီးတော့
update တွေလုပ်ပေးပါမည်။ )

- ကြာဖြန့်ရယ်၊ လောင်းကစား ( စလော့ဂိမ်း ) တွေကြောင့်
ပိတ်ခံရတယ်ဆိုတာ ဖြစ်ဖို့ခဲပေမယ့်
စိတ်ပူ စိုးရိမ်မိတယ်ဆိုရင်တော့ Block ထားတာမမှားပါဘူး။

ကိုယ်လုပ်နိုင်တဲ့အပိုင်း ကိုယ်လုပ်ထားရုံပေါ့။
ပိတ်တာတော့ အီလွန်မက်တို့ဘက်ကအပိုင်းပေါ့ဗျာ။

လက်ရှိအချိန်ထိတော့
ပိတ်ခံရတဲ့စက်တွေကို ပြန်ရအောင် ဖြေရှင်းနည်း လုံး၀ မလွယ်ကူသေးပါဘူး။

အကယ်လို့ ပိတ်ခံရတဲ့စက်တွေအတွက်
အခြေအနေထူးခြားတာရှိရင်လဲ ချက်ချင်း Post လာတင်ပေးပါမည်။


#timeCodeManager
#ruijieVoucherManager
ဒီတစ်ခေါက် ပိတ်ခံရတဲ့ စက်တွေ တော်တော်များများ
လာပြကြလို့ စစ်ကြည့်တဲ့အခါ
"disabled_blocked_country" နဲ့ ပိတ်ခံထိတာပါ။
အဲ့အတွက် Subscription မှာ Active ဖြစ်နေပေမယ့်
Dish က blocked လုပ်ခံထားရလို့ လိုင်းပေးမသုံးတော့တာမျိုးပါ။
"disabled_blocked_country" နဲ့ပါတ်သက်ပြီး သိချင်ရင်
Support Message ကနေသွားပြီးတော့ စစ်ခိုင်း၊ မေးလို့ရပါတယ်။
အဖြေကတော့ -
Service Register လုပ်ထားတဲ့နေရာကိုပဲ စက်ကိုပြန်ယူသွားပြီး
ပြန်ဖွင့်ရင် အင်တာနက်ပြန်ရမယ်လို့ပဲ ဖြေပါတယ်။
ဒါဆို Agent တွေ၊ Authorized Reseller ကနေရော
disabled_blocked_country ကို ဖြုတ်ပေးလို့ရနိုင်လားဆိုတော့
လုပ်ပေးလို့မရနိုင်ဘူးလို့ ဖြေပါတယ်။
ဆိုတော့
သူတို့ဘက်ကသာ မဖြေလျှော့ပေးရင်တော့
သုံးဖို့အရမ်းကို ခက်ခဲသွားပါပြီ။
တစ်ချို့လဲ စက်ပိတ်ထားပြီး နည်းနည်းကြာမှ ပြန်ဖွင့်ဖို့တွေ
တစ်ချို့လဲ ဒီရက်ပိုင်း မသုံးပဲ ပိတ်ထားဖို့တွေ အစုံရေးကြ ၊ share ကြတာ
တွေ့ရပါတယ်။
ဘာမှမထူးပါဘူး၊ အဲဒီအတွက် လိုင်းရနေသေးရင် မပိတ်ခံရမချင်း
ရသလောက်သာ သုံးပါ။
ပိတ်ထားရင်တောင် လိုင်းသုံးမရလို့ နစ်နာပါဦးမယ်။
---------
အားလုံးပဲအဆင်ပြေကြပါစေ။
A4 Printer အကြီးတွေအတွက်ရော
voucher code print ထုတ်ဖို့အတွက်
လုပ်ပေးပါဦးဆိုလို့

ဖုန်းကနေပဲလုပ်ချင်တာဖြစ်ဖြစ်
ကွန်ပျူတာကနေပဲ ထုတ်ချင်တာဖြစ်ဖြစ်
Ruijie ရဲ့ cloud မှာပါတဲ့ voucher print ကိုမှ
စနစ်မြင့်ပေးထားတာလေး ဖန်တီးပေးထားပါတယ်။

- style တွေပြောင်းလို့ရမယ်
- A4 တစ်ရွက်မှာ row / column စိတ်ကြိုက်ရွေးထည့်လို့ရမယ်
- မိမိထည့်ချင်တဲ့စာသားတွေလဲထည့်လို့ရမယ်
- user group လေးခွဲပြီးတော့လဲ print လို့ရမယ်
- Print မထုတ်ချင်သေးပဲ ပုံတွေအနေနဲ့သိမ်းထားမယ်
ဆိုလဲရမယ်
- App မဟုတ်ပဲ web address ကနေ
ဖုန်းဖြစ်ဖြစ်၊ ကွန်ပျူတာဖြစ်ဖြစ်
လွယ်လွယ်ကူကူ ဝင်သုံးလို့ရမယ်

Voucher Print ဖို့အတွက် လိုအပ်တာကလဲ
ruijie cloud က voucher excel file လေးတစ်ခုပဲ လိုပါတယ်။

နောက်ထပ် လိုတာလေးတွေ စိတ်ကြိုက်ထပ်ဖြည့်ပြီးသွားရင်
သေချာလေး post ထပ်တင်ပေးပါမည်။



#timeCodeManager
#ruijieVoucherManager
ဒီတစ်ခေါက် Time Code Manager Update မှာ
account တစ်ခု project တစ်ခု စနစ်အဖြစ်ပြောင်းလဲမှာဖြစ်ပါတယ်။

အကယ်လို့ ဝယ်ယူထားတဲ့အကောင့်ပိုင်ရှင်က
အမှန်တကယ် ကိုယ်ပိုင် project က ၁ ခုထက်ပိုပြီး ရှိတယ်ဆိုတာ မှန်ကန်ရင်တော့ အခြား project လေးတွေ ပြောင်းလဲခွင့်ရှိပါမည်။

အဲ့လိုမှမဟုတ်ပဲ
အကောင့်တစ်ခုအောက်မှာ ကိုယ်နဲ့မသက်ဆိုင်တဲ့ Project တွေကို စုပေါင်းထည့်ထားပြီး အသုံးပြုနေမယ်ဆိုရင်
ပြောင်းလဲခွင့်မရှိအောင် ကန့်သတ်မှာဖြစ်ပါကြောင်း ကြိုတင်အသိပေးလိုက်ရပါတယ်။

ဝယ်ယူထားတဲ့သူတွေအနေနဲ့
မိမိတို့အကောင့်၊ မိမိတို့ project မှန်ကန်သမျှ
အခု ကန့်သတ်ချက်ကို စိတ်ပူစရာမရှိပဲ
ပုံမှန်အတိုင်းအသုံးပြုနိုင်ပါမည်။


မိမိတို့ လက်ရှိဝင်သုံးနေတဲ့ time code manager မှာ
ကိုယ်ကိုင် project တင်မဟုတ်ပဲ
အားလုံး စုပေါင်း အနေနဲ့သုံးနေတယ်ဆိုရင်
မိမိတို့ရဲ့ စက်အတွက် project ကိုပဲ
အကောင့်တစ်ခုအောက်မှာ သီးသန့်သုံးဖို့အကြုံပြုပါတယ်။


ကျေးဇူးတင်ပါသည်။
Ruijie Log Viewer App လေး တင်ပေးလိုက်ပါတယ်။

ဘာအတွက်အသုံးဝင်တာလဲဆိုတာကို
ဒီလင့်လေးမှာ ကြည့်နိုင်ပါတယ်။
https://t.me/ruijievouchermanager/595

#timeCodeManager
#ruijieVoucherManager
ruijie-log-viewer-by-timeCodeManager.apk
2.9 MB
Ruijie Log Viewer App လေး ဆွဲပြီးသုံးနိုင်ပါပြီ။

Download :
https://t.me/ruijievouchermanager/599
မိမိတို့ Ruijie Acocunt မှာ
မိမိကိုယ်တိုင် ( ဒါမှမဟုတ် ) အခြားကိုယ့်အကောင့်ကို သိသူတစ်ယောက်က
ဘာတွေဝင်လုပ်သွားလဲ၊ ဘယ်လိုတွေပြင်ဆင်သွားလဲ၊
ဖျက်သွားလဲဆိုတာတွေကို သိနိုင်မယ့်
Application ရဲ့ screenshot တွေပါ။

လက်ရှိပုံတွေကတော့
Voucher Code အသစ်ထုတ်ထားတာ
Usergroup တွေပြင်ထားတာ
ကိုယ့် Voucher Code တွေကို share လုပ်ထားတာ
စတဲ့အချက်တွေကို နမူနာပြထားပေးတာပါ။

အချိန်အတိအကျနဲ့ ဘယ်အချိန်မှာ
Login ဝင်လိုက်တာတွေက အစ အခြားအချက်လက်တွေလဲ
ကြည့်လို့ရပါဦးမည်။"

ကိုယ့် ruijie account ကို တစ်ယောက်ယောက်က ဝင်သုံးနေတယ်လို့
သံသယဖြစ်ခဲ့ရင်လဲ အခု App လေးနဲ့ စောင့်ကြည့် စစ်ဆေးနေလို့ရပါလိမ့်မည်။

ယခု App ကို ruijie စက်ပိုင်ရှင်တိုင်း အသုံးပြုလို့ရအောင်
အခမဲ့ထုတ်ပေးမှာပါ။

App သုံးစွဲလို့ရပြီဆိုတာနဲ့ Post သီးသန့် တင်ပေးပါမည်။


#timecodemanager
#ruijieVoucherManager
မိမိတို့ voucher code group တွေမှာ အချိန် unlimited ဖြစ်နေတာတွေရှိနေလား အမြဲ စစ်ကြည့်ကြပါ။
----------
ဒီရက်ပိုင်း ကျွန်တော့်ကို unlimited code တွေကို hack ပြီး၊ ခိုးပြီးတော့
ပြန်ရောင်းနေတဲ့ သူတွေ၊ tg channel တွေရှိတယ်ဆိုပြီးတော့
screenshot တွေလာပို့ကြပြီး မေးကြပါတယ်။

တကယ်က ruijie မှာ code ကို hack လို့ / ခိုးလို့ ရတယ်ဆိုတာ
မရှိသလောက်ကိုနည်းသွားပါပြီ။
ထို့အတွက် unlimited code တွေဆို ပိုလို့တောင်မဖြစ်နိုင်တော့ပါဘူး။

ဆိုတော့....
လာပြတဲ့ channel တွေ၊ tiktok video တွေထဲကဟာတွေကို
သေချာလိုက်ကြည့်ပြီးတဲ့နောက်မှာတော့
ခိုးခံနေရတာက ruijie ဘက်က ယိုပေါက်က မဟုတ်ပဲ
- ကိုယ့် Project ကိုထိန်းထားတဲ့သူ၊
- Project ဆားဗစ်လုပ်ပေးထားတဲ့သူ
- ကိုယ့် အကောင့် password သိထားတဲ့သူ
- ကိုယ့် project ကို share ယူထားတဲ့သူတွေထဲက
တစ်ဦးဦး ( သို့မဟုတ် ) အဖွဲ့လိုက်က

Unlimited usergroup တွေ အသစ်လုပ်ပြီးတော့
စက်ပိုင်ရှင် မသိအောင် code ထုတ်ရောင်းနေတာတွေတွေ့ရပါတယ်။

အပြည့်အစုံကိုဖတ်ရန်
https://www.facebook.com/share/p/1BGv6L2CmR/

#timeCodeManager
#ruijieVoucherManager
Ruijie စက်ပိုင်ရှင်တွေအနေနဲ့လဲ မိမိတို့စက်ရဲ့ Project က
မိမိတို့ရဲ့အကောင့်ထဲက My ( ကိုယ်ပိုင်အနေနဲ့ ) ထဲမှာ ရရှိထားမှသာ
စိတ်ချရမည်ဖြစ်ပါသည်။

အကယ်၍ မိမိ Project ကို Received အထဲမှာပဲရောက်နေတယ်ဆိုရင်တော့
မိမိတို့ project လုပ်ပေးထားတဲ့သူတွေထံကနေ
ကိုယ်ပိုင်ဖြစ်အောင် လွဲပြောင်းပေးဖို့ လုပ်ခိုင်းသင့်ပါသည်။

အကြောင်းအရင်းတွေကတော့....

Project က ကိုယ်ပိုင်မဖြစ်ထားရင် -
၁။ Project လုပ်ပေးထားတဲ့သူက ကိုယ့်စက်တွေကို
control လုပ်နိုင်ခြင်း။
( ဥပမာ.. code မတောင်တော့အောင် portal ဖျက်ခြင်း
error တစ်ခုခုဖြစ်အောင်လုပ်ပြီး ဆားဗစ်ခထပ်ယူခြင်း )

၂။ ကိုယ်မသိပဲ Voucher Code တွေ ထုတ်ပြီးတော့
အခြားသူတွေကို ပြန်ရောင်းချနိုင်ခြင်း၊

၃။ တစ်ချို့မသုံးရသေးပဲ expired ဖြစ်သွားတယ်ဆိုတာတွေလဲ
မိမိတို့ထုတ်ထားတဲ့ code ကို
project ကိုင်ထားတဲ့သူက သိနေရတာမို့
ဝင်သုံးလိုက်တာ / တစ်ဆင့်ရောင်းချလိုက်တာမျိုးရှိခြင်း၊
( နီးစပ်ရာကိုယ့်အမျိုးတွေကို
code အလကားပေးလိုက်တာမျိုး )

ဆက်လက်ဖတ်ရန်...
https://www.facebook.com/share/p/1DQYozqWQj/

#timeCodeManager #ruijieVoucherManager
ဘာကြောင့် voucher တွေကို ဂဏန်း နံပါတ် ၆ လုံးပဲ မထုတ်သင့်ဘူးလဲဆိုတာပါ။

လက်ရှိတော့ တော်တော်များများလဲ
နံပတ်နဲ့ စာ တွဲရက် ထုတ်လာကြပါပြီ။

အဲ့လိုတွေများလာလေ ခိုးသုံးတဲ့သူတွေ
ခက်လာလေပါပဲ။

- မိမိတို့ Project မှာ နံပါတ် ၆ လံုးနဲ့ code တွေရှိရင်ပြန်ဖျက်ပါ။
- မိမိတို့ Project ကို ဆားဗစ်ဆရာတစ်ဦးဦးကို share လုပ်ပေးထားဖူးရင် ပြန်ဖြုတ်ပါ။
- Password လဲ လိုအပ်ရင် ပြောင်းထားပါ။
- Account တစ်ခုအောက်ထဲမှာ project တွေအများကြီးမျှသုံးတာမျိုး ရှောင်ပါ။
 
အဓိကတော့ ဘယ်သူ့ကိုမှ မယုံပါနဲ့ !!!!  


ruijie ကြီးကိုပဲအားကိုးလို့မရသလို
ကိုုယ့်ဘက်ကနေလဲ ကိုယ်လုပ်နိုင်တဲ့အပိုင်းနဲ့
ကာကွယ်ဖို့လဲလိုပါတယ်။
ဒါမှသာ မိမိတို့ wifi စီးပွားရေးလုပ်ငန်းတွေ
မထိခိုက်မှာပါ။

#timeCodeManager
#ruijieVoucherManager
ဒီတစ်ခေါက် ruijie ဘက်က ပြောင်းလဲသွားတဲ့
portal စနစ်အသစ်အတွက် အဆင်ပြေမယ့်
theme လေးတွေ လုပ်ထားပါတယ်။
( Loading ဖြစ်တာတွေအတွက်လဲ အကုန်အဆင်ပြေသွားပါတယ်။ )

စနစ်အသစ်မှာက captcha စနစ်ပါလာတဲ့အတွက်
request limit ကြုံခဲ့ရင်တောင်
captcha code လေးမှန်အောင်ပြန်ထည့်ရင်
နောက်တစ်ကြိမ် voucher code ပြန်ဝင်လို့ရတာပေါ်လာပါမည်။

အရင် theme တွေကတော့ request limit အတွက် အဆင်မပြေတော့တဲ့အတွက် အရင် theme တွေသုံးနေတာရှိရင် သူ့ မူရင်း original portal ကိုသာ ပြောင်းလဲအသုံးပြုဖို့အကြံပြုပါတယ်။

ကျွန်တော်တို့နား လစဉ်ဘေဆောင်နေတဲ့သူများအနေနဲ့
အခုပုံထဲက စနစ်အသစ် theme design လေးတွေပြောင်းမယ်ဆိုရင်
မိမိတို့ project ကို share လုပ်ပြီးတော့ qr code ( ဒါမှမဟုတ် ) share link လေးပို့ပေးပါ။

လိုချင်တဲ့ theme ကိုပေါင်းထည့်ပေးမှာဖြစ်ပါတယ်။

#timeCodeManager
#ruijieVoucherManager
Back to Top