Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
လက်ရှိ code တစ်ခုနဲ့ ဟိုဘက် ဒီဘက် သုံးခံရတာမျိုး
သက်သာဖို့အတွက်ဆိုရင်

- အကောင့်တစ်ခု ကိုယ့် project သီးသန့်တစ်ခုသာသုံးပါ။

- အကောင့်တစ်ခုတည်းမှာ ကိုယ်နဲ့မဆိုင်တဲ့ project တွေရှိနေရင်
ဆားဗစ်လုပ်ပေးထားတဲ့ဆရာကို ပြောပြီး သီးသန့်စီခွဲသုံးပေးဖို့
‌ ပြောပါ။

- စက်အသစ် Project အသစ်လုပ်တော့မယ်ဆိုရင်လဲ
တစ်ခါတည်း ruijie acocunt အသစ်နဲ့သာလုပ်ခိုင်းပါ။
ရှိပြီးသားအကောင့်မှာ Project လုပ်ပြီး
ကိုယ့်ဘက်ကို hand over ပြန်လုပ်တာမျိုးကို ရှောင်ခိုင်းပါ။
( ပုံမှန်ဆိုရင်တော့ ဒါက ပြသနာမရှိပေမယ့်
အခုနောက်ပိုင်း hand over လုပ်ပေးလိုက်တဲ့ project မှာ
မူရင်းဘက်က code တွေ သွားထည့်သုံးလို့ရနေတာတွေ
ရှိလာလို့ပါ )

- မိမိ project ကို မိမိမသိတဲ့ သူထံ share လုပ်ထားမိလားစစ်ပါ။

- Cloud ထဲမှာ Voucher code ထဲက e-sharing မှာ
share လုပ်ခံထားရလား၊
ဒါမှမဟုတ် ကိုယ်မသိပဲ excel export share
လုပ်ခံထားရလား စစ်ပါ။

Read More : https://www.facebook.com/share/p/18Gr4dEYZd/
Ruijie Gateway သုံးထားတယ်ဆိုရင်တော့
- ခိုးသုံးခံရတာ
- ကျော်သုံးခံရတာ
- Hotspot Share လုပ်သုံးနေတာ
- အချိန်ပြည့်ပြီး ဆက်သုံးလို့ရနေတာ
- GB Limit ပြည့်ပြီး ဆက်သုံးလို့ရနေတာ
စတာတွေအတွက်
Time Code Manager SVIP ထဲက
အနီဝိုင်းထားတဲ့ သုံးခုကို ဖွင့်ထား သုံးထားလိုက်ရင်
တော်တော်များများ သက်သာသွားပါမည်။

"Client Sync ကတော့ ပိုပြီးအရေးကြီးပါသည်။"

မှတ်ချက်။ ။
မိမိတို့ Time Code Manager Account သည်
SVIP ဖြစ်ထားရပါမည်။



#timeCodeManager
Voucher တောင်းတဲ့နေရာမှာ ပိုပြီးမြန်ချင်တယ်၊
ပြီးတော့ MB/GB စားနှုန်းလဲသက်သာချင်တာမျိုးဆိုရင်
အနောက်ခံ Background မသုံးတော့ပဲ
solid အရောင်သုံးတာမျိုး
( ဒါမှမဟုတ် )
ကိုယ်တိုင်ဒီဇိုင်းဖန်တီးတတ်ရင် data အစားနှုန်းသက်သာအောင်
ဖန်တီးပြီး ပြောင်းသုံးသင့်ပါတယ်။
ဒီဇိုင်းအတွက် ပုံအလန်းလေးတွေထည့်လိုက်ရင်
မိုက်တယ်ဆိုတဲ့ အတွေးက
အရင်ကဆိုရင် ပြသနာမရှိပေမယ့်
အခုနောက်ပိုင်း GB Limit တွေရှိလာတာကြောင့်
နောက်ခံ ပုံထည့်သုံးတာမျိုးက လုံး၀ကို ရှောင်ရမယ့်အထဲပါလာပါတယ်။
အဓိကတော့ ruijie က cloud ကနေပဲ ပုံတွေလှမ်းယူတာမို့ ကိုယ့် wifi ကိုချိတ်ပြီး ဆက်တိုက် ပုံကိုပဲလှမ်းယူတာမျိုး ခဏခဏလုပ်လိုက်တာနဲ့တင်
ကိုယ့်အင်တာနက်က MB/GB တွေတက်လာမှာဖြစ်ပါတယ်။

ဒါကြောင့် ပုံမသုံးပဲ၊ color သီးသန့်ပြောင်းသုံးတာ
(သို့မဟုတ်)
custom ဒီဇိုင်းစိတ်ကြိုက် အကောင်းဆုံးလုပ်ပြီး
ထည့်သုံးတာမျိုးလုပ်ပါ။

ပြီးတော့ loading သက်သာဖို့အတွက်လဲ လိုအပ်ပါတယ်။
တစ်ချို့က loading ပဲဖြစ်နေလို့ ခဏခဏ ချိတ်လိုက်၊ ဖြုတ်လိုက်နဲ့
လုပ်နေရင်လဲ MB/GB တွေ auto တက်နေပါမယ်။

Read More : https://www.facebook.com/share/p/1Bty1NTXTM/
Time Code Manager ကို စဖန်တီးပြီး
ဦးစားပေးရောင်းခဲ့တာက
2 လက်မဆိုဒ် Bluetooth Printer တွေနဲ့ပဲ print ထုတ်ဖို့အတွက်ပါ။
( App ရဲ့ ရည်ရွယ်ချက်ကလဲ Thermal Printer တွေနဲ့
Print အလွယ်ထုတ်ဖို့ပါပဲ )

နောက်မှသာ Connected Devices ဆိုပြီးတော့
ချိတ်ထားတဲ့ဖုန်းတွေကို ကြည့်လို့ရအောင်၊
code မသုံးထားတဲ့ဖုန်းတွေကို အနီနဲ့ပြပေးနိုင်အောင်
Block လုပ်နိုင်အောင်ဆိုပြီး update တွေမှာ
အခမဲ့ ထပ်ထည့်ခဲ့ပေးတာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ကျွန်တော်တို့နားမှာ
ယုံယုံကြည်ကြည်နဲ့ လစဉ်ဘေဆောင်နေတဲ့သူတွေအတွက်
သူတို့အတွက် တစ်ခုခုတော့ လုပ်ပေးနိုင်အောင်ကြိုးစားရမယ်ဆိုပြီး
ကိုယ်တိုင်ဝင်လုပ်ရင် ခက်ခဲမယ့် အရာတွေကို
သူတို့ကိုယ်တိုင် လွယ်လွယ်ကူကူနဲ့ လုပ်လို့ရနိင်အောင်ဆိုပြီး
SVIP ဆိုတာကို သီးသန့် ပေါင်းထည့်ခဲ့တာပါ။

( ကျွန်တော်တို့နားမှာ ဘေဆောင်တဲ့စျေးက များပါတယ်။
များမှန်းသိရက်နဲ့ကို စျေးတစ်ချက်မစစ်ပဲ ယုံကြည်ပြီး
လစဉ်ဆောင်နေတဲ့သူတွေကြောင့် svip ဆိုတာ ဖြစ်ပေါ်လာတာပါ။ )

နောက်ပိုင်းမှာတော့ svip ထဲက တစ်ချို့ feature တွေက
တကယ်လဲအသုံးလိုလာတဲ့အချိန်မှာ ၊ ဘေမဆောင်ဖြစ်တဲ့သူတွေကလဲ

Read More : https://www.facebook.com/share/p/1biJDAdrwb/
မိမိတို customer တွေအတွက်
- ဘယ်လောက် GB သုံးပြီးပြီလဲ
- GB ဘယ်လောက်ကျန်သေးလဲ ဆိုတာ

customer တွေကိုယ်တိုင် သူတိုဖုန်းထဲကနေ
အလွယ်ကြည့်နိုင်ဖိုအတွက်
"Data လက်ကျန်စစ်မယ်" ဆိုတဲ့ App လေးကို
ထည့်ပေးလိုက်ရုံပါပဲ။

( မှတ်ချက်။ ။ Data အတိအကျသိနိုင်ဖိုအတွက်
မိမိတို Ruijie Gateway က Firmware နောက်ဆုံးဗားရှင်းအထိ
မြင့်ထားဖို လိုအပ်ပါသည်။ )

--------
ဒေါင်းလုပ်ဆွဲရန်...
https://www.mediafire.com/file/y6xcjdhzf9oggmi/Data_လက်ကျန်စစ်မယ်.apk/file

https://t.me/ruijievouchermanager/657
Client Sync Interval ပြင်ဖို့အတွက်ဆိုရင်
အဝေးကနေ လှမ်းပြင်လို့မရပါဘူး။

သူက Gateway တိုက်ရိုက် ပြင်ဆင်တာမို့
မိမိတို့ Gateway အောက်ကနေ လွင့်ထားတဲ့
အနီးဆုံးက Wifi ကိုချိတ်ပြီး ဝင်မှသာ
ပြင်ဆင်လို့ရမှာဖြစ်ပါတယ်။

"စက်က တစ်နေရာ၊ လူကလဲ အခြားတစ်နေရာကနေ
ဝင်ပြင်လို့မရနိုင်ပါဘူး"


ဒါဆို Client Sync Interval ပြင်ရင် ဘာအားသာချက်ရှိသွားလဲ ?

- ကိုယ့်နားမှာမရှိတဲ့ Code တွေနဲ့ portal ကျော်သုံးနေရင်
ခဏခဏ ပြန်ပြန်ပြုတ်သွားပြီး သုံးမရဖြစ်ပါမယ်။

- GB နဲ့ရောင်းထားရင် GB ဘယ်လောက်သုံးပြီးပြီလဲဆိုတာကို
Connected Devices ထဲမှာ update မြန်မြန်သိနိုင်ပါတယ်။

- အချိန်ပြည့်ပြီး လိုင်းမဖြတ်သွားတာ၊
GB ပြည့်ပြီး လိုင်းမဖြတ်ပဲ ဆက်သုံးလို့ရနေတာတွေ
သက်သာသွားပါမယ်။

ကျန်တဲ့ အကျိုးကျေးဇူးတွေ ရှိသေးပေမယ့်
အပေါ်က အချက်သုံးက အရေးကြီးတာမို့
ဦးစားပေးပြောပြပေးတာဖြစ်ပါတယ်။

ပြီးတော့ Client Sync က
မူလအခြေအနေပြန်ရောက်သွားတတ်တာမို့
၁ ပတ်တစ်ခါလောက်တော့ ဝင်ဝင်ပြီး စစ်ပေးသင့်ပါတယ်။
အကယ်လို့ 600 ပြနေရင် 10/15 မိမိအဆင်ပြေရာ
ပြန်ပြောင်းလိုက်ပါ။


#timeCodeManager
Hotspot ပိတ်တာအတွက် အဆင့်တွေအများကြီး
လုပ်စရာမလိုပါဘူး
Click တစ်ချက်ပဲ နှိပ်ဖို့ လိုပါတော့တယ်။
GB နဲ့ရောင်းနေပြီဆိုရင်တော့
Hotspot မပိတ်လဲရပါပြီ။
သူတို့လွင့်သုံးလေ GB အကုန်မြန်လေမို့ပါ။
#timeCodeManager
RUIJIE မှာ HTTP injection ပါတဲ့ VPN တွေနဲ့
ကျော်လို့ရနေသေးတယ်ဆိုတာက
- Gateway မခံထားတာ
- Firmware နောက်ဆုံးဗားရှင်းမဖြစ်သေးတာ
- Prevent Http Injection ဆိုတာကို မဖွင့်သေးတာတွေကြောင့်ဖြစ်ပါတယ်။
Gateway သုံးထားတယ်
Firmware နောက်ဆုံးဗားရှင်းလဲ ဖြစ်ထားတယ်ဆိုရင်‌တော့
Prevent Http Injection ဆိုတာကို မဖြစ်မနေ ဖွင့်သုံးဖို့လိုပါလိမ့်မယ်။
Time Code Manager မှာတော့ SVIP ထဲမှာ
တစ်ချက်နှိပ်ပြီး Prevent Http Injection ကိုဖွင့်လို့ရပါတယ်။
-
VPN ဖိုင်တွေရောင်းတဲ့သူတွေလဲ
သူတို့ဖိုင်ရောင်းရင် Old Version ဆိုပြီး ပါကြတာများပါတယ်။
အဲ့ဒါက firmware version နိမ့်နေတဲ့စက်တွေအတွက်ပါ။
ပြီးတော့ AP သီးသန့်နဲ့ code ထုတ်နေတဲ့သူတွေက အဲ့ဒီ
old version နဲ့က သာသာယာယာ ကျော်လို့ရနေမှာပါ။
ထို့အတွက် အပေါ်မှာရေးထားသလိုမျိုး အချက်တွေကို ပြန်စစ်လိုက်ရင်
သက်သာသွားပါမည်။
#timeCodeManager
Back to Top