Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
Ruijie Gateway တွေအတွက် Reyee OS 2.340 Update လေးထွက်ထားပါတယ်။

Change Log အရ
Web Authentication ရဲ့ security ယိုပေါက်ကို fix ပေးထားပါတယ်ဆိုတော့
လုပ်ထားသင့်တဲ့ update ဖြစ်ပါတယ်

မိမိတို့စက်မှာ Upgrade ပြနေရင် လုပ်ထားဖို့အကြံပြုချင်ပါတယ်
VPN ကျော်သုံးခံရတာတွေ သက်သာလာပါလိမ့်မယ်

#ruijieVoucherManager
Ruijie Voucher Manager
ruijie_voucher_manager_1.6a.apk
Ruijie Voucher Manager ( Time Code Manager )
Version 1.6a Update
——————————-
https://t.me/kaakaa2025/46

1.6 မှာ blacklist လုပ်ထားတဲ့ ဖုန်းတွေကို ပြန်ဖြုတ်လို့မရတဲ့ error လေးပါသွားခဲ့ပါတယ်
အဲ့အတွက် ပြန် fix ထားတဲ့ version လေး တင်ပေးထားပါသည်

Ruijie Voucher Manager အမည်နဲ့သုံးချင်ရင်တော့ ကိုယ်တိုင် APK ကို ဒေါင်းလုပ်ဆွဲပြီး သွင်းလို့ရပါတယ်
- အကယ်လို့ APK တွေသွင်းသုံးတာအလုပ်မရှုပ်ခံချင်ရင်တော့ PlayStore ကနေလည်း ဆွဲလို့ရပါတယ်
အမည်နဲ့ icon ကတော့မတူပါဘူး ( Time Code Manager ) ဆိုပြီးဖြစ်ပါမယ်

https://play.google.com/store/apps/details?id=com.neotech.wifivouchermanager

#ruijieVoucherManager
စလားလင့်စက်တွေ ဘေဆောင်ပြီးတော့
ကိုယ့်ကဒ်ကိုယ် ပြန်ဖြုတ်လို့ရပြီ

Web မှာတော့ ဖြုတ်ဖို့မပေးထားဘူး
သို့ပေမယ့် API ကနေ လှမ်းဖြုတ်လို့ရသွားတယ်

ကဒ်တစ်ကဒ်တည်းနဲ့ ဘေဆောင်ဆားဗစ်ပေးနေတဲ့သူတွေအတွက်တော့ ဒီဟာလေးက လိုအပ်ပါတယ်

ကျွန်တော်တို့ကတော့ Visacard တွေကိုယ်တိုင် စိတ်ကြိုက် အသစ်လုပ်လို့ရနေတော့ ဖြုတ်ဖို့မလိုအပ်ဘူးပေါ့


အချိန်ရတဲ့အတစ်နေ့ Payment Remove လုပ်လို့ရတဲ့ plugins လေးတစ်ခု ရေးပေးဖြစ်ပါမယ်

အခုကတော့ payment ဖြုတ်လို့ရတယ်ဆိုတဲ့အကြောင်းလေး လာပြောပြတာပါ။

——————-
Starlink ဘေဆောင် : 450000 Kyats ( PH Region )

Japan Region : 500000 Kyats

နယ်ကျော်ကြေး : 1050000 Kyats ( G3 )
Version 1.6 Update လေးတင်ပေးထားပါပြီ

https://t.me/kaakaa2025/46

Version အဟောင်းသုံးနေတဲ့သူများလည်း
အခု ဗားရှင်းကို ပြောင်းသုံးပေးကြပါ။

မကြာခင် ဗားရှင်းအဟောင်းကို ပိတ်တော့မှာဖြစ်ပါတယ်ခင်ဗျ။

APK သွင်းလို့ခက်နေတဲ့ဖုန်းတွေအနေနဲ့
Google Playstore ကနေလည်း
Time Code Manager ဆိုတာကို သွင်းပြီးသုံးနိုင်ပါတယ်။


https://play.google.com/store/apps/details?id=com.neotech.wifivouchermanager



App မဝယ်ယူခင် စမ်းသပ်သုံးစွဲချင်သူများလည်း
@mr_moonrider သို့ ruijie account email လေးပို့ပြီး
စမ်းသုံးဖို့ activate လုပ်ခိုင်းနိုင်ပါပြီ။


Application သီးသန့် - ၁၅၀,၀၀၀ ကျပ်


#ruijieVoucherManager
လာမယ့် Ruijie Voucher Manager Update မှာ
——————-
- Connected Devices ထဲက ချိတ်ထားတဲ့ ဖုန်းတွေ / device တွေကို အမည်ပြောင်းပြီး မှတ်သားထားလို့ရပါပြီ
( ဥပမာ ကိုယ့်နား အမြဲလာသုံးနေတဲ့သူတွေရဲ့ ဖုန်းတွေကို အမည်ပေးပြီး မှတ်သားထားလိုက်တာမျိုး )

- ပြီးတော့ Other ( Null ) ဖြစ်တဲ့ device တွေကိုလည်း ကိုယ့်စိတ်ကြိုက် အမည်တစ်ခုပေးထားလို့ရပါပြီ

- VPN ကျော်သုံးနိုင်ချေရှိတဲ့ device တွေကို အရင်ဗားရှင်းထက် ပိုပြီး ရှာပေးလာနိုင်ပြီး
Wifi မှာ Null ဖြစ်နေတဲ့ Device တွေကိုတော့ ဖောပြပေးမှာမဟုတ်တော့ပါဘူး

- သုံးပြီးသား voucher code တွေကိုလည်း တစ်ခါဖျက်ရင် ၅၀ ပဲဖျက်လို့ရရာကနေ ၁၀၀ အထိဖျက်လို့ရအောင် ပြောင်းပေးလားပါမည်

-ကျွန်တော်တို့နားမှာ လစဉ် စတားလင့် bill ဆောင်အပ်ထားတဲ့သူတွေအတွက်
သီးသန့် extra feature တွေလည်း ပေါင်းထည့်ပေးနိုင်အောင် ကြိုးစားပေးနေပါတယ်။

#ruijieVoucherManager
လက်ရှိ Ruijie Voucher Manager App မှာ login လုပ်တဲ့ ကြားခံအရံ host တစ်ခု down နေပါသဖြင့်
တစ်ချို့ဝင်မရတာတွေကြုံနေရပါတယ်

host ပြန်တက်လာဖို့က အချိန်အတိအကျမသိရသေးပေမယ့်
လတ်သလော အပေါ်ကလို error ကြုံပြီး ဝင်မရခဲ့လျှင်
1111 VPN ( ဒါမှမဟုတ် ) အခြား VPN တစ်ခုလေး ခဏဖွင့်ပြီး login ဝင်ပြီး သုံးလို့ရပါတယ်

#ruijievouchermanager
ကျွန်တော်တို့ Ruijie Voucher Manager ( Time Code Manager ) ကို
ဝယ်သုံးသူ ( Activated ) ဦးရေ ( Printer + App + App သီးသန့် ) စုစုပေါင်း 400 ကျော်ခဲ့ပြီဖြစ်ပါတယ်။

ယခု အရေအတွက်ထဲမှာ
ထပ်ဆင့်ပြန်လည်ရောင်းချဖို့အတွက် အလုံးရေအများကြီး ဝယ်သွားတဲ့အထဲက
Activate မလုပ်သေးတဲ့ အရေအတွက် မပါသေးပါဘူးခင်ဗျာ
( Activate လုပ်ဖို့ကျန်နေသေးတဲ့ အရေအတွက်နဲ့ဆိုရင် 455 ထိရှိသွားပါတယ် )

ဝယ်သုံးသူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပင် တင်ရှိပါသည်။


#ruijieVoucherManager
Zywell ZM03 လေးလည်း ပစ္စည်းပြန်ဝင်လာပါပြီ။

#ruijieVoucherManager
3/17/2025 မှစပြီး
APP သီးသန့်ဈေး - ၁၅၀၀၀၀ သို့ပြောင်းလဲရောင်းချမည်ဖြစ်ပါသည်။
-- -- --
ကျွန်တော်တို့ရဲ့ app backend လေးပြုပြင်မှုရှိထားလို့ ရှေ့ရက်က App သီးသန့် အသစ်ရောင်းတာကို နားလိုက်တာပါ

ဒီနေ့ကစပြီး Ruijie Voucher Manager App သီးသန့်လည်း အရင်လို့ ပြန်လည်ဝယ်ယူလို့ရပါပြီ

ယနေ့မှ စပြီး App သီးသန့် ၅ ခုအထိဝယ်ယူအားတဲ့သူတွေအတွက်
၅ ခုဝယ်ပြီး နောက်ပိုင်း ထပ်ဝယ်ယူတဲ့ App သီးသန့်ကို
အများစျေးဖြင့် ဝယ်ယူနိုင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာ


########
3/17/2025 မှစပြီး
APP သီးသန့်ဈေး - ၁၅၀၀၀၀ သို့ပြောင်းလဲရောင်းမည်ဖြစ်ပါသည်။


#ruijieVoucherManager
Ruijie Voucher Manager App သီးသန့်အရောင်းရပ်ထားပါသည်။
Ruijie Gateway တွေရဲ့
Latest Version မှာ
ကုဒ်မလိုပဲ ကျော်သုံးလို့ရနေတဲ့ VPN တွေထဲကတစ်ခု။

လူတိုင်းတော့ ဒီ VPN ကိုမသုံးကြဘူး
အဓိကတော့ Premium Traffic ဝယ်သုံးရမှာမို့။

လက်ရှိတော့ ဝယ်စရာမလိုပဲ
Premium Traffic ကြိုက်သလောက်တိုးလို့ရပါတယ်။

ဟိုးအရင်ကလည်း ဒီ vpn နဲ့ကျော်လို့ရနေတာ
အခုထိလည်း ကျော်လို့ရနေပါသေးတယ်

HA Tunnel ကတော့ သာမန် Http header နဲ့ ကျော်လို့မရတော့ပါဘူး။

#ruijieVoucherManager
Ruijie Cloud ရဲ့ realtime မဖြစ်တဲ့ ပြသနာက
Client Count ကိုကြည့်ပြီး ဘယ်နှစ်ယောက်သုံးနေတယ်ဆိုတာကို အတိအကျမှတ်ယူလို့မရပါဘူး။
-ပုံထဲမှာဆိုရင် တကယ့် voucher နဲ့သုံးနေတာက သုံးဦးပဲရှိပါတယ်။
- တကယ် voucher ချိတ်သုံးနေတာလည်း သုံးဦးပါပဲ။
- သီးသန့်ချိတ်သုံးနေတာက Camera တစ်ခုရယ် ဖုန်း ၂ လုံးရယ်ပါ။
*** စုစုပေါင်း ၆ လုံးပဲရှိရမှာပါ ***
သို့ပေမယ့် Online Client မှာ 10 ထိချိတ်သုံးနေတယ်ပြထားပါတယ်။

Facebook မှာ ဆက်လက်ဖတ်ရှုနိင်ပါသည်။
https://www.facebook.com/share/p/14wKuDqih4/

#ruijieVoucherManager
လက်ရှိမှာ VPN နဲ့ ကျော်သုံးခံနေရတာ တော်တော်ဆိုး
...............................................

ကျွန်တော်တို့ Ruijie Voucher Manager ( Time Code Manager ) App ရဲ့
Connected Device ထဲမှာ
အခုလိုမျိုး အနီရောင်လေးနဲ့ Block ဆိုတဲ့ ခလုတ်ပေါ်နေတိုင်း
VPN ကျော်သုံးနေတယ်လို့ ချက်ချင်း သတ်မှတ်လို့မရသေးပါဘူး

သူ့ဘေးနားက သုံးထားတဲ့ MB လေးတွေကို ကြည့်ရပါဦးမယ်
MB လေးတွေက 100MB အထက် ဖြစ်နေပြီး
အခုပုံထဲကလို အနီရောင် ပြနေပြီဆိုရင်တော့
ကုဒ်မဝယ်ပဲ VPN နဲ့ သုံးနေတယ်ဆိုတာ 90% သေချာပါပြီ။


—————————
App သီးသန့်ရောင်းတာလည်း
စျေးပြောင်းမှာမို့ ယာယီ နားထားပါပြီ

လောလောဆယ်မှာတာ့ Printer + App တွဲရက်ဝယ်လို့ရနေပါဦးမည်။

#ruijieVoucherManager
Ruijie Voucher Manager က ဘယ်စက်တွေနဲ့ ချိတ်သုံးလို့ရတာလဲ ?
-------------------
တကယ်က ကျွန်တော်တို့ Ruijie Voucher Manager က စက်တွေနဲ့
တိုက်ရိုက်ချိတ်သုံးတာမဟုတ်ပါဘူး။

Ruijie Reyee Official App နဲ့ voucher code system သုံးနေတဲ့
"Ruijie Account" နဲ့ ဝင်ပြီးသုံးရတာဖြစ်ပါတယ်။

ထို့အတွက် Ruijie Reyee App နဲ့ voucher code system သုံးနေတာမျိုးမဟုတ်ဘူးဆိုရင်
ကျွန်တော်တို့ Ruijie Voucher Manager လည်း သုံးလို့ရမှာမဟုတ်ပါဘူး။

ပြီးတော့ နာရီတွေဖြတ်ပေးတာတွေက ကျွန်တော်တို့ Ruijie Voucher Manager App ကလုပ်ပေးတာမဟုတ်ပါဘူး။

ကျွန်တော်တို့ App က ရိုးရှင်းပါတယ်။

Ruijie Cloud မှာ နာရီကုဒ်ထုတ်ထားတဲ့ data တွေကို
Printer နဲ့ ချိတ်ပြီး အလွယ်တကူ Print ထုတ်ပေးတာကိုလုပ်ပေးတဲ့
ကြားခံ App လေးတစ်ခုပဲဖြစ်ပါတယ်။


#ruijievouchermanager #ruijie
Media is too big
VIEW IN TELEGRAM
Gateway တော့ Gateway ပဲ ၊
ဒါပေမယ့် အမဲရောင် Gateway က Free VPN နဲ့ ကျော်သုံး ( Free သုံး ) လို့ ရပြီး
အဖြူရောင်နဲ့ Gateway ကတော့ လက်ရှိ တော်ရုံ VPN နဲ့ ကျော်သုံးလို့မရသေးပါဘူး။


အဖြူရောင်ကတော့ Ubiquiti ရဲ့ Unifi Cloud Gateway ဖြစ်ပါတယ်

MikroTik တွေလည်း VPN နဲ့ကျော်သုံးဖို့မလွယ်သေးပါဘူး

သို့ပေမယ့်
အကုန်လုံးကတော့ Hotspot Sharing ( QR Share ) ကို လုံး၀ပိတ်လို့မရပါဘူးဗျာ။

#ruijie
#ruijieVoucherManager
#unifi
#mikrotik
VPN ကျော်သုံးခံရတယ်ဆိုတာ
———————
Ruijie ရဲ့ Voucher စနစ်က
Cloud Portal မို့ cloud server ကိုသွားတဲ့ url link ကို ဖွင့်ကိုဖွင့်ထားရပါတယ်။
အဲဒီ url ကပဲ portal အတွက် အပေါက်ဖြစ်သွားပြီး
HTTP Inject / HTTP Header နဲ့တင်
Voucher Code မလိုပဲ ဒီအတိုင်းသုံးခွင့်ရသွားတာပါ။

ပုံထဲမှာဆိုရင် HA Tunnel ထဲက
Port 80 ရတဲ့ Server တစ်ခုခုကိုရွေးပြီး
Custom Host Header မှာ ruijie ဘက်က ဖွင့်ထားရတဲ့
domain လေးကို ရိုက်ထည့်ပြီး Connect လုပ်လိုက်တာနဲ့
Portal ကို Bypass လုပ်ပြီးသားဖြစ်သွားပါတယ်။

အခု Post က POC ပြပေးချင်တာရယ်
သက်ဆိုင်ရာဘက်က ဒီအပေါက်လေးကို သိသွားပြီး
အမြန်ဆုံး ပြင်ဆင်နိုင်အောင်အတွက် တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။

စက်ပိုင်ရှင်တွေအနေနဲ့လည်း
ကိုယ့်စက်မှာ အခုလိုမျိုး ရမရ ကိုယ်တိုင် Install လုပ်ပြီး စမ်းသပ်ကြည့်ကြည့်ပါ။

#ruijievouchermanager
လက်ရှိမှာ Ruijie Voucher Manager App ကို ပုံစံတစ်မျိုးနဲ့ ပြောင်းပြီး ဖြန့်ဝေဖို့ စဉ်းစားထားတာလေး ချပြချင်ပါတယ်

အကယ်လို့ ဒီ Plan လေးတကယ်လုပ်ဖြစ်သွားခဲ့မယ်ဆိုရင် ပြောင်းလဲသွားမယ့်အရာတွေက
- App ရောင်းတာကို ရပ်လိုက်ပြီးတော့
- App ကို တစ်ကြိမ်ဝယ်ပြီး အကန့်အသတ်မရှိ သုံးလို့ရတာမျိုးမဟုတ်တော့ပဲ လစဉ်ကြေးပုံစံနဲ့ သွားဖို့လုပ်ထားပါတယ်

( အရင်ဝယ်ထားတဲ့သူတွေကတော့ အရင်အတိုင်း စိတ်ကြိုက် အကန့်အသတ်မရှိသုံးလို့ရနေမှာပါ၊ Update လည်း အမြဲရနေမှာပါ ၊ အရင်ဝယ်တဲ့သူတွေအတွက်က ကျနော်တို့ကို ယုံယုံကြည်ကြည်နဲ့ ပထမဆုံးအားပေးတဲ့သူတွေမို့ပါ ) 


- လစဉ်ကြေးဆိုတဲ့ ပုံစံကလည်း တကူးတကကြီး လစဉ်ကြေးပေးရမယ်မဟုတ်ပါဘူး။
အဓိကတော့ ကျနော်တို့နား စတားလင့် လစဉ်ကြေးဆောင်တဲ့ ဆားဗစ်လာအပ်ပေးရုံပါပဲ။
( စတားလင့်စက်ပိုင်ရှင်တွေအနေနဲ့လည်း မဟုတ်လည်း လစဉ်ဘေဆောင်နေရတာချင်းအတူတူ
ကျနောတို့ထံမှာ လစဉ် ဘေဆောင်မယ်ဆိုတာနဲ့ လစဉ်ကြေးကို ကျနော်တို့ထံ လစဉ်ဆောင်နေသရွေ့ App ကသုံးလို့ရနေမှာပါ၊ )

ဒါကတော့ လက်ရှိ ကျွန်တော်တို့ ပြောင်းသုံးဖို့ စဉ်းစားနေတဲ့ plan ဖြစ်ပါတယ်
တကယ်အတည်ဖြစ်/မဖြစ်ကို ပြန်လည်ကြေငြာပေးပါမည်။

#ruijieVoucherManager
Back to Top