Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
Http inject နည်းနဲ့ VPN တွေသုံးမရအောင်ပိတ်တဲ့
Prevent Http injection attack ကိုဖွင့်လိုက်ရင်
Gateway အောက်က AP / Router တွေ
Offline ဖြစ်သွားတာကို
Online ပြန်ဖြစ်အောင်အတွက်
Mac Allow List ပါတဲ့ 2.6g update လေး
Playstore ကနေ update လုပ်နိုင်ပါပြီ။
နောက်တစ်ခုကတော့
မိမိတို့မသိအောင် စက်ထဲမှာ
ဖုန်းတွေ code မလိုပဲသုံးလို့ရအောင်
သူတို့ဖုန်းရဲ့ MAC ထည့်ခံရထားဖူးရင်လဲ
အခု Mac Allow List က ဖယ်ထုတ်ပြီး
AP/Router သီးသန့်ပဲ ထည့်ပေးမှာဖြစ်ပါတယ်။
---------
Need SVIP Member
#timeCodeManager
တစ်ချို့တွေ firmware နောက်ဆုံးဗားရှင်းမြင့်ထားပေမယ့်
လက်ကျန် GB စစ်မရဘူးဆိုပြီး လာမေးကြတာတွေရှိတယ်ဗျ။

လက်ရှိက ruijie ဘက်က ကိုယ်တိုင်တောင်
သေချာမရှင်းပြထားတော့
စက်ပိုင်ရှင်တွေလဲ အခက်တွေ့။

အခုပုံထဲက EG105G-V3 အတွက် နောက်ဆုံးဗားရှင်းမှာဆိုရင်

New main changes :
5. Auth & Accounts: data plan expiration and quota exhaustion notifications, as well as rate-limiting policies
Note: Above 1-6 features not supported by the RG-EG1XX series

နံပါတ် ၅ အချက်က GB လက်ကျန်စစ်လို့ရတာပါတယ်ဆိုပြီး
changes မှာရေးထားပါတယ်။
ဒါပေမယ့် အောက်က စာကြောင်း

Read More : https://www.facebook.com/share/p/1DqFWVdsFq/
Wifi Setting ထဲမှာ
Client Isolation ဆိုတာလေး ဖွင့်ထားသင့်တယ်။
သက်ဆိုင်ရာ Ruijie ဘက်ကဆရာတွေလဲ
အဲ့ဒါလေးကို ဖွင့်ထားဖို့အတွက်
ပြောထား၊ share ထားတာမျိုးလဲ မတွေ့မိသေးလို့
တင်ပေးလိုက်ပါတယ်။

အဲ့ဒါဖွင့်ထားလိုက်ရင်
ကိုယ့် wifi မှာ လာချိတ်နေတဲ့ ဖုန်းတွေအချင်းချင်း
အချိတ်ဆက်လုပ်လို့မရတော့ပါဘူး။

အဓိကတော့ ဖုန်းတစ်လုံးက
ကိုယ့် wifi ကိုချိတ်ပြီးတော့
မိမိတို့ wifi network ထဲမှာ
- Device ဘယ်နှစ်ခုချိတ်ထားတာတွေ
- ချိတ်ထားတဲ့ Device Mac တွေ
ရှာတာမျိုး လုပ်မရတော့ပါဘူး။

ချိတ်ထားတဲ့ Device Mac ကိုရှာလို့ရနေရင်လဲ
mac ပြောင်းလို့ရတဲ့ ဖုန်းမှာဆိုရင်
code မလိုပဲ အဲ့ဒီ mac ပြောင်းပြီး ထည့်သုံးရင်
ရနေတာမျိုးတွေရှိပါတယ်။

အဲ့အတွက် Client Isolation ကို
ဖွင့်ထားဖို့လိုပါတယ်။
ဒါက အခြေခံ လုံခြုံရေးအတွက်
လုပ်ကိုလုပ်ထားရမယ့်အရာပါ။

အားလုံးပဲအဆင်ပြေကြပါစေ။

#timeCodeManager
- အချိန်ပြည့်တယ် လိုင်းမဖြတ်သွားသေးဘူး
- GB ပြည့်တယ် အများကြီးထပ်သုံးလို့နေပြီး
လိုင်းမဖြတ်သွားသေးဘူး
- Session url ဆိုလားဘာလား
ကျော်တဲ့ app တွေနဲ့
ကျော်နေကြတယ်ဆိုတာတွေကို

သက်သာဖို့က SVIP ထဲက Client Sync က
အပြည့်မဟုတ်တောင် 90% အရေးပါပါတယ်။

ထို့အတွက် SVIP ဖြစ်နေတဲ့သူများ
မဖြစ်မနေ ဝင်စစ်ပြီး 10s ဖြစ်အောင်ပြောင်းထားသင့်ပါတယ်။

ပြီးတော့ cloud ကြောင့် ပြန်ပြောင်းသွားတတ်တာမို့
၁ ပတ်တစ်ခါတော့ ပြန်ပြီး ဝင်စစ်ကြပါ။
10 မဖြစ်နေရင် 10 ဖြစ်အောင် ပြန်ပြောင်းပါ။

-----------
10 ပြောင်းဖို့အတွက်က
မိမိတို့ ဖုန်းက Ruijie Gateway အောက်က Wifi မှာ
ချိတ်ထားမှသာ success ဖြစ်မှာ ဖြစ်ပါတယ်။

Portal setting တွေပြောင်းပြီးတိုင်းလဲ
ပြန်စစ်ပါ။

#timeCodeManager
စက်တစ်ချို့မှာ Voucher Code တောင်းတာ မပေါ်ပဲ
အဖြူကြီးပဲဖြစ်နေတာတွေကို ဖြေရှင်းလို့ရတာတော့ ရှိသွားပြီ
ဒါပေမယ့် အဲ့ဒီ ဖြေရှင်းနည်းက နည်းလမ်းမဟုတ်ပြန်ဘူး။
သူတို့ ruijie ဘက်ကနေပဲ အဆင်ပြေအောင်လုပ်ပေးလာမှသာ
နောက်ထပ်လဲ error မတက်မှာဆိုတော့
လက်ရှိအချိန်ထိ code မတောင်းသေးပဲ အဖြူကြီးဖြစ်နေသေးရင်
Ruijie စက်ရောင်းထားတဲ့သူတွေထံကနေတစ်ဆင့်
( ဒါမှမဟုတ် )
Ruijie Myanmar ဘက်ကို ဆက်သွယ်ပြီး
report လုပ်ကြည့်ပါ။
#timeCodeManager
App/Website Control ထဲကနေ
- VPN ကျော်တာတွေ အတွက်
VPN-APP ကိုရွေးပါ။
- Speed test စမ်းခံ၇တာမျိုးတွေအတွက်
Utilities ကိုရွေးပါ။
- လောင်းကစားတွေအတွက် Online_Gambling
- Storage တွေကနေ download ဆွဲနေကြလို့
GB တက်မှာစိုးရင် Online Storage
- Download Tool တွေနဲ့ ဒေါင်းလုပ်

ဆွဲခံရတာများရင်
AppStore -> IDM, Download
အဲ့ဒါလေးတွေကို ရွေးပြီး
အသုံးပြုလို့မရအောင် ပိတ်ထားနိုင်ပါတယ်။
#timeCodeManager
VPN နဲ့ကျော်သုံးတာ သက်သာဖို့
Prevent Http Injection ကိုဖွင့်လိုက်ရင်
Gateway အောက်က AP/Router တွေ
Offline ဖြစ်သွားတာတွေအတွက်
မဖြစ်မနေလုပ်ရမယ့် MAC Allow List Feature လေး
နောက်ထွက်မယ့် Update မှာပါလာပါမည်။

ပြီးတော့ တစ်ချို့သောသူတွေက
ကိုယ့် Project ကိုစစ်ပေးတာ၊ ပြင်ပေးတာလုပ်ပေးရင်း
သူတို့ဖုန်းတွေ code မလိုပဲသုံးလို့ရအောင်ဆိုပြီး
ပိုင်ရှင်မသိအောင် allow လုပ်သွားတာတွေကိုလဲ
အခု Mac Allow List Feature က
ဖျက်ချပြီး ဆောင်ရွက်ပေးနိုင်ပါသေးတယ်။


Update လေး Playstore ပေါ်ရောက်ပြီဆိုတာနဲ့
Post ထပ်တင်ပေးပါမည်။

#timeCodeManager
ဒီနေ့ အကိုတစ်ယောက်လာမေးတယ်။
အချိန်ကနေ GB Limit ပြောင်းတာအတွက် company ဘက်ကို
၁ သိန်းခွဲသွင်းမယ်ဆိုပြီး သူတို့ကို point ပစ်ပေးတဲ့သူက
တောင်းလို့ လိမ်တောင်းတာထင်လို့ဆိုပြီး လာမေးတာပါ

တကယ်ကလဲ လိမ်တောင်းတာပါပဲ
ဂရုစိုက် သတိထားဖို့အတွက်လဲ ဒီ post ကိုတင်ပေးဖြစ်တာပါ
( လူကောင်းတွေရှိသလို
လူညစ် လူလိမ်တွေလဲရှိတတ်တာမို့
သတိထားဖို့ပါ )
ဆိုတော့ ...
အချိန်ကနေ GB Limit ပြောင်းဖို့က
၁ သိန်းခွဲလဲ သွင်းစရာမလို၊ software တွေလဲ ဝယ်စရာမလိုပဲ
Ruijie ရဲ့ original app / cloud ကနေကို
လွယ်လွယ်ကူကူပြောင်းလို့ရပါတယ်

တော်တော်များများကတော့ ကိုယ့် project ကို
ဆားဗစ်လုပ်ဖို့ အပ်ထားတဲ့ဆရာတွေကပဲ လုပ်ပေးသွားကြပါတယ်

ကိုယ်တိုင်နားလည်ရင်လဲ ပုံထဲလိုမျိုးမျိုးပဲ
- user group name လေးတစ်ခုသတ်မှတ်မယ်
- ပြီးရင် Total Duration မှာ ဘယ်လောက်အချိန်ထိပေးသုံးမယ်
- Quota မှာတော့ ဘယ်လောက် GB Limit လုပ်ထားမယ်ဆိုပြီး
ရွေးရုံပါပဲ

#timeCodeManager
ကိုယ့်ဘာသာ Time Code Manager လေးပဲသီးသန့်ရောင်းပြီး
Time Code နဲ့မဆိုင်တဲ့အပိုင်းတွေကိုသာ
စေတနာပိုပြီး မလုပ်ပေးခဲ့မိရင် တော်တော်စိတ်ရှုပ်သက်သာလောက်မယ်ထင်တယ် 😃
- ကျွန်တော်တို့ Page ကို
Ruijie ကထင်ပြီး error တက်တာနဲ့
ခဏခဏလာဆဲတာတွေရော
( အောက်လုံးတွေနဲ့ပါလာဆဲတာ တော်တော်ကြမ်း 😃 )
( အဲ့အတွက် အရင်ကတော့ ပြန်ရှင်းပြဖြစ်တယ်၊
နောက်တော့ ခေါင်းစားမခံတော့ဘူး
အကုန် တန်း block / ban ပါတယ်။ )
- ဘေလေးဆောင်ပေးဖြစ်တော့လဲ
ရှေ့က admin ယူထားတဲ့သူက သူတို့ဟာသူတို့
ငွေညစ်ချင်လို့ admin ဖြုတ်သွားပြီး
ဒီ Page က ဖြုတ်ပါတယ်ဆိုပြီး Message မှာ
မင်းတို့ admin ဖြုတ်သွားတာ ငါသိတယ်ဆိုပြီး
အမှန်ကန်ကြီးဖြဲတာ၊
တော်သေးတာက billing role ပဲယူထားတာရယ်
ဘေလာဆောင်ထားတဲ့အကိုကလဲ
billing role screenshot ကြီး
ကျွန်တော်တို့ကိုပို့ပေးထားဖူးတော့
အဲ့ဒီပုံနဲ့ ပြပြီး ရှင်းရသေးတယ် 😃

Read more :
https://www.facebook.com/share/p/18FsbkBizF/
Ruijie ဘက်က Captive Portal ( Voucher code ဝင်တာအတွက် )
အပြောင်းအလဲလုပ်နေတယ်ထင်ပါတယ်။

ဒါကြောင့် လက်ရှိမှာ တစ်ချို့စက်တွေမှာ code ထည့်မရတာတွေ၊
code တောင်းတာ မပေါ်လာတာတွေ ကြုံရနိုင်ပါတယ်။

အဲ့လိုမျိုးတွေကြုံလာရင်
Portal အသစ်တစ်ခုပြန်လုပ်ပြီး စမ်းကြည့်ပါ။

#timeCodeManager
Portal Design လုပ်ပေးရင် စျေးနှုန်းထည့်ပေးတဲ့အချိန်
မမှားအောင်လဲ သတိထားနေရတယ်။

Design မှာ ပုံထည့်တာ၊ ဒီဇိုင်းပြင်တာလောက်တော့
အေအိုင်ခေတ်ဆိုတော့ လွယ်ပါတယ်။
လူတိုင်းလုပ်လို့ရတယ်ပေါ့ဗျာ။

ဒါပေမယ့်...
- ပြသနာက captcha ( request limit အတွက် တောင်းတာ )
- မလိုအပ်ပဲ code တွေများပြီး MB တက်ကုန်တာ
- Loading ခဏခဏဖြစ်လို့ reload ခဏခဏလုပ်ခံရပြီး
MB အလကားတက်ပြီးတော့ request limit ထိတာ
- ဖုန်းတိုင်း screen တိုင်းမှာရော သေချာအဆင်ပြေပြေ
ပေါ်နိုင်ရဲ့လား
စတာတွေကို သေချာစဉ်းစားရပါသေးတယ်။

အပေါ်ယံသိရုံနဲ့လဲ လုပ်လို့ရတယ်ဆိုပေမယ့်
အတွင်းထိ သေချာနားလည်ထားရင်တော့
ပိုပြီး ကောင်းပါတယ်။

အားလုံးပဲအဆင်ပြေကြပါစေ။

#timeCodeManager
Time Code Manager ဝယ်သုံးထားတဲ့သူတိုင်း
မိမိတို့ Wifi ကို ထပ်ဆင့် Hotspot Share လုပ်တာ
Repeator လုပ်တာမျိုးအတွက်
ခလုတ်တစ်ချက်နှိပ်ပြီး ပိတ်လို့ရပါပြီ။

2.6f Version ဖြစ်အောင် Playstore ကနေ
Update လုပ်လိုက်ရင် ရပါပြီ။

ပြီးတော့ သုံးနေဆဲ Code တွေထဲမှာ
GB ပြည့်ပြီး expired မဖြစ်သွားပဲ
သုံးနေဆဲထဲမှာပဲ ကျန်နေသေးရင်
အနီရောင်နဲ့ ပြပေးအောင်
update လုပ်ပေးထားပါသေးတယ်။

#timeCodeManager
ဖိလစ်ပိုင်တွေ ဘေဆောင်မရဘူးဆိုတာ မဟုတ်ပါဘူး။
ဆောင်လို့ရပါတယ်။
GB ပြည့်သွားပေမယ့် သုံးနေဆဲထဲမှာ ကျန်နေသေးတာကို
အနီနဲ့ပြပေးနိုင်ပြီး code ကို ဖျက်ချပေးနိုင်တဲ့ feature အသစ်ပါတဲ့
Time Code Manager လေး playstore မှာ update ထပ်လုပ်လို့ရပါပြီ။

Version က 2.6f ဖြစ်ပါမည်။

Voucher Group ထဲဝင်လိုက်ရင်လဲ
ပြန်ပြန်ထွက်သွားတဲ့ ပြသနာကိုလဲ ဖြေရှင်းပေးထားပါတယ်။

နောက်ထပ်အလန်းလေးတစ်ခုကတော့
SVIP မဟုတ်လဲ Hotspost Share တာကို ပိတ်လို့ရအောင်
လုပ်ပေးထားပါတယ်။

SVIP ရဲ့ အောက်ဆုံးမှာ Block Hotspot ( FREE ) ဆိုတာလေးမှာ
ဝင်ပိတ်နိုင်ပါပြီ။

Update :
https://play.google.com/store/apps/details?id=com.neotech.wifivouchermanager

--------
အချိန်ပြည့်လဲ လိုင်းမဖြတ်သွားတာ
GB ပြည့်လဲ လိုင်းမဖြတ်သွားတာ
Code အတုတွေနဲ့ကျော်သုံးတာ
Http Inject VPN တွေနဲ့ ကျော်သုံးတာတွေကို
သက်သာဖို့အတွက်ကတော့ SVIP ထဲက
Client Sync ရယ်၊ Http Injection ရယ်ကို
ဖွင့်ထားဖို့လိုပါမယ်။

Client Sync ကတော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားနိုင်တဲ့အတွက်
၃ ရက်တစ်ခါ၊ ၅ ရက်တစ်ခါ ပြန်ပြန်စစ်ပေးဖို့လိုပါမယ်။


#timeCodeManager
Code တောင်းတဲ့နေရာမှာလဲ Error ဖြစ်နေသလို
Voucher Code ထုတ်တာလဲ error ဖြစ်ပြီး
App ပါပြန်ပြန်ထွက်သွားတာဖြစ်နေပါတယ်။

Ruijie Cloud Error မို့ စောင့်ကြည့်ရုံပါဗျာ။
😄

#timeCodeManager
ဒီတစ်ခေါက် Time Code Manager Update ထဲက
သုံးနေဆဲကုဒ်တွေကို တစ်နေရာတည်းမှာ ပေါင်းကြည့်လို့ရသွားပြီးတော့
- Expired ဖြစ်ပြီး ကျန်နေသေးတဲ့ Code တွေကို
အနီနဲ့ ပြပေးလိုက်တော့ တော်တော်လေးအဆင်ပြေသွားပါတယ်။
အနီဖြစ်နေတဲ့ဟာလေးတွေဆိုရင် "SELECT" လုပ်ပြီး
Delete လုပ်လိုက်ရုံပါပဲ။
ဘာအတွက်ကောင်းသွားလဲဆိုရင်
တစ်ချို့ Code အဟောင်းတွေနဲ့ ပြန်သုံးလို့ရနေတာမျိုးတွေ
သက်သာသွားပါတယ်။
Expired ထဲရောက်သွားရင် ကုဒ်က လုံး၀သုံးမရတော့ပေမယ့်
in use ထဲမှာရှိနေရင် သူက session active ဖြစ်နေသေးတာမို့
ဂရုစိုက်ရပါတယ်။
ကျွန်‌တော် ဒီဗားရှင်းမှာ တစ်ခုလိုသွားတာက
GB Limit နဲ့ဟာတွေကို သတိမထားမိလိုက်တာပါ။
အချိန် expire ကိုပဲ filter လုပ်ပေးလိုက်မိပြီး
GB Limit ပြည့်သွားတာကိုတော့ အနီနဲ့ပြဖို့ မလုပ်ပေးလိုက်ရပါဘူး။
နောက် Update မှာ GB Limit ပြည့်သွားတာကိုလဲ
အနီနဲ့ပြပေးနိုင်အောင် ထည့်ပေးလာပါမယ်။


#timeCodeManager
Code ထည့်သုံးနေတဲ့ Customer တွေကို
GB လက်ကျန်ကြည့်လို့ရစေချင်တာမျိုးဆိုရင်

မိမိတို့ Gateway ရဲဲ့ Firmware ကို
Version number 420 အထိမြင့်ထားပါ။

ပြီးရင်တော့ Data လက်ကျန်စစ်မယ်ဆိုတဲ့
App လေး သူတို့ဖုန်းထဲကိုထည့်ပေးလိုက်ရင်
GB ဘယ်လောက်ကျန်တာ၊
အချိန်ဘယ်လောက်ကျန်တယ်ဆိုတာကို
ကြည့်လို့ရသွားပါမည်။

Data လက်ကျန်စစ်တဲ့ App ဆွဲရန်
https://t.me/ruijievouchermanager/657


#timeCodeManager
Back to Top