Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
Ruijie Cloud ဘက်က ထပ်ကြောင်ပြန်ပြီထင်ပါတယ်။
လက်ရှိ သုံးနေတဲ့ code တွေအကုန် Expiry Time မပြနေတော့ပါဘူး။

( သက်ဆိုင်ရာ User Group တွေကိုဝင်ပြီးတော့ save ပြန်နှိပ်ပေးရင် ပြန်ပေါ်ပါတယ်၊ ကိုယ့် Project ထဲမှာရှိတဲ့ usergroup တိုင်းကို လိုက်နှိပ်ရမှာပါ။ )


သူတို့ cloud data မှာ သက်တမ်းကုန်မယ့်အချိန်မပြတဲ့အတွက်
ကျွန်တော်တို့ Time Code Manager App မှာတော့ unlimited ဆိုပြီးပြနေပါလိမ့်မယ်။

Ruijie Cloud ဘက်က အခုလိုဖြစ်တာ ပြန်ကောင်းသွားရင်တော့
ကျွန်တော်တို့ App မှာလည်း အရင်လို ပြန်မှန်သွားပါလိမ့်မည်။

Expiry Time မပြတော့တဲ့အတွက်
Time Code တွေ အချိန်ဖြတ်မဖြတ်ကတော့ သေချာမပြောနိုင်ပါဘူး။
( အချိန်တွေ မဖြတ်ဖို့တော့ ပိုများမယ်ထင်ပါတယ်။ )

#update : ကုန်ဆုံးချိန်မပေါ်ပေမယ့် အချိန်ပြည့်ရင်တော့ လိုင်းဖြတ်ပေးပါတယ်တဲ့ခင်ဗျ။


#ruijievouchermanager
#timeCodeManager

❗️❗️❗️❗️ဆောင်ရန်အတွက်
https://t.me/starlinkbillmm
Starlink စက်တွေ မသုံး ဖြစ်သေးလို့ pause လုပ်ထားပေမယ့်လည်း
pause လုပ်ထားစဉ်ကာလအတွင်းမှာတော့ ဖိလစ်ပိုင်ဆိုရင် 320PHP ဆောင်ရပါတယ်

အခုပုံထဲကအကောင့်ကိုလည်း 320PHP ဆောင်ပေးလိုက်ပြီးတော့
ထူးခြားတာက Payment ထဲက service credit မှာ 320PHP ပေါ်လာတာတွေ့ရပါတယ်

ဖြစ်နိုင်ခြေရှိတာကတော့ နောက်လ ကိုယ်ပြန်သုံးတဲ့အချိန်မှာ bill အပြည့်ဆောင်တဲ့အချိန်
အဲ့ဒီ service credit လေးတွေပြန်နုတ်ပေးတာမျိုးရှိမယ်ထင်ပါတယ်။

အဓိကတော့ လက်ရှိမှာ pause service လုပ်ထားလည်း
amount သေးသေးလေးတော့ လစဉ်ဆောင်ရမယ်ဆိုတာပါပဲ။

Starlink Bill ဆောင်ရန်အတွက်
https://t.me/starlinkbillmm
Bill ကိုယ်တိုင်ဆောင်ချင်တဲ့သူတွေအတွက်
လက်ရှိမှာ PHP / JP / Malay အပြင် ကျန်တဲ့ region အားလုံးနဲ့ ကိုက်တဲ့ Evertry Visa Card လေး အဆင်ပြေပါတယ်

အားနည်းချက်ကတော့ ငွေဖြည့်တဲ့ fee က အခြားကဒ်တွေထက် $3 ဝန်းကျင်လောက်များပါတယ်

အားသာချက်ကတော့ ကဒ်တွေအများကြီးလုပ်လို့ရပြီး တစ်စက် တစ်ကဒ်သုံးချင်တဲ့သူတွေအတွက်အဆင်ပြေပါတယ်
( ကဒ် တော်တော်ရွေးတဲ့ Japan Region မှာတောင် evertry ကဒ်က သာသာယာယာနဲ့ ဘေဆောင်လို့ရပါတယ် )

Evertry Card အတွက်
Register လုပ်ရန် -> https://evertry.co

( မှတ်ချက်။ ။ လက်ရှိမှာ မြန်မာ passport နဲ့ kyc မရတာတွေရှိပါတယ်။ အခြားနိုင်ငံက fake passport နဲ့ kyc တင်နိုင်ရင် အောင်ပါတယ် )
အခုနောက်ပိုင်း ဖိလစ်ပိုင် Region မှာ ID တောင်းတာ သိပ်မတွေ့ရတော့ပေမယ့်
ဒီရက်ပိုင်း ကျွန်တော့်ထံ လိုင်းမရတော့လိုဆိုပြီး
ဘေကုန်တယ်ထင်ပြီး လာအပ်တဲ့စက်တွေ တော်တော်များများမှာ
ID တောင်းခံရပြီး လိုင်းပိတ်ခံထားရတာတွေများနေပါတယ်။

အဲ့ဒီစက်တွေရဲ့ အကောင့်တွေလည်း တော်တော်များများ Japan Region ဖြစ်နေတာတွေ့ရပါတယ်။

ID တောင်းတဲ့ Message ဝင်လာပြီးပြီးချင်း ၇ ရက်အတွင်းမှာ
မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင် အမည်မှန်နဲ့ တင်နိုင်ရင် ပြန်ရနို်င်ချေများပါတယ်။

ရက်ကျော်သွားမှဆိုရင်တော့ မရဘူးတော့ မဟုတ်ပေမယ့် အချိန်စောင့်ရတာပိုကြာပါတယ်။

ID တောင်းတဲ့အခါမှာလည်း
အကယ်လို့ ကိုယ့်စက်က ၃ လကျော်လောက်သုံးထားပြီးသားဆိုရင်တော့ စိတ်ပူစရာမရှိပါဘူးဗျ။
Transfer လုပ်ပြီး နောက်ထပ်အကောင့်အသစ်တစ်ခုနဲ့ Activate ထပ်လုပ်လိုက်ရုံပါပဲ။

၃ လမပြည့်တဲ့စက်တွေကတော့ မဖြစ်မနေ ID တင်ပြီး စတားလင့်ဘက်က Approved ဖြစ်မှပဲ လိုင်းပြန်သုံးလို့ရပါမယ်။

-----
လစဉ်ကြေးဆောင်ဖို့ ဆက်သွယ်ရန်
@mr_moonrider
+959259411186 ( viber )
Starlink ဘက်ကနေ email ပို့လာပါတယ်။

အကြောင်းရင်းကတော့
စက်အသစ်ဝယ်ဖို့ Refer လုပ်လိုက်မယ်ဆိုရင်
အဲ့ဒီစက်အသစ်က Activate လုပ်တာနဲ့
ကိုယ့်စက်အတွက်ရော
အဲ့ဒီစက်အသစ်အတွက်ပါ ၁ လစာ Free ရမယ်ပြောတာပါ။

သေချာတော့ မစမ်းရသေးပေမယ့်
စက်အသစ် activate လုပ်တာအတွက် refer ထည့်ပေးလို့ရတယ်ဆိုရင်တော့

နှစ်ဦးနှစ်ဖက် win - win ဖြစ်ပြီး ၁ လစာ free ကိုယ်စီရမှာဖြစ်ပါတယ်
အဲ့လိုသာဆို စက်အသစ်ပိုင်ရှင်တွေလည်း
activate အတွက် ပိုက်ဆံမကုန်တော့ပဲ
၁ လ free သုံးခွင့်ရမှာဖြစ်ပါတယ်။

( တကယ်သာဆို activate free လုပ်ပေးတာတွေ ဖြစ်လာတော့မှာပါ )


-----
လစဉ်ကြေးဆောင်ဖို့ ဆက်သွယ်ရန်
@mr_moonrider
+959259411186 ( viber )
Ruijie Voucher Manager ( Time Code Manager ) App ရဲ့
မူရင်း Page က ဒီတစ်ခုပဲရှိပါတယ်။
အခုနောက်ပိုင်း Page အသစ်တစ်ချို့မှာ
ကျွန်တော်တို့ Video , Photo လေးတွေနဲ့
စာသားတွေကူးတင်ထားတာတွေကိုတွေ့လာရပြီး
စျေးနှုန်းမှာလည်း ကျွန်တော်တို့ ရောင်းနေတဲ့
App ( 150000 ) စျေးထက် စျေးသက်သာနေတာကြောင့်
Page Message မှာ လာမေးကြတာတွေရှိပါတယ်။
ဘယ် Page တွေမှာ ဘယ်လိုပဲတင်တင်
ကျွန်တော်တို့ထက် စျေးနှုန်းသက်သာနေရင် သတိထားဖို့အတွက်ပါ။
ပြီးတော့ ဘယ်သူ့စီကနေပဲဝယ်ဝယ် Time Code Manager ဆိုတာနဲ့
App Activate လုပ်ပေးနိုင်တာက
ကျွန်တော်တို့ အခု မူရင်း Page ကနေပဲလုပ်ပေးနိုင်တာပါ။
( အဲ့အတွက် စျေးနှုန်းက ကျွန်တော်တို့ရောင်းစျေးထက်
သက်သာအောင် အရှုံးခံပြီး ရောင်းမယ့်သူမရှိပါဘူး။ )
ပြီးတော့
ကျွန်တော်တို့ App သီးသန့်ရောင်းတဲ့အခါမှာ
ငွေကြိုမလွဲခိုင်းပါဘူး။
အရင်ဆုံး စမ်းလို့၇အောင် Activate လုပ်ပေးပြီး
Login ဝင်လို့ရပြီဆိုမှသာ ငွေလွဲယူတာဖြစ်ပါတယ်။
ထို့ကြောင့်
အခုမှ စဝယ်မယ့်သူတွေအတွက်
Time Code Manager App နဲ့ ပါတ်သက်ရင်
ကျွန်တော်တို့ ဒီ Page တစ်ခုပဲ ရှိပါတယ်ဆိုတဲ့အကြောင်း အသိပေးအပ်ပါတယ်ခင်ဗျ။
Facebook Page : https://facebook.com/ruijieapp
Telegram Channel : https://t.me/ruijievouchermanager
( Tiktok အကောင့်တစ်ခုလည်း ဖွင့်ထားပေမယ့်၊ tiktok ကနေလည်း
App မရောင်းပါဘူး၊ ကြော်ငြာအတွက်သာ ဖွင့်ထားတာပါ။ )
အားလုံးကိုကျေးဇူးတင်လျက်
#ruijievouchermanager
#timeCodeManager
Ruijie Cloud ဘက်မှာ
Voucher Code အသစ်တွေ Generate လုပ်တဲ့အချိန်
Code မထွက်လာပဲ အကြာကြီးလည်နေတဲ့ error ကြုံနေရပါတယ်။
တစ်ချို့လည်း ၃ ၄ ခါလောက် generate လုပ်မှ code တွေထွက်လာတာတွေရှိပါတယ်။
ကျွန်တော်တို့ Time Code Manager App မှာလည်း
Code အသစ် Generate လုပ်တဲ့အချိန်မှာ လည်နေပြီး
"java.net.SocketTimeoutException" ဆိုပြီး error ပြနေပါလိမ့်မယ်။
( response အရမ်းကြာသွားတာကြောင့်လည်းဖြစ်တတ်ပါတယ်။
error ပြသွားပေမယ့်၊ တစ်ချို့အချိန်တွေမှာ code အသစ်တွေ ထွက်နေတာလည်း တွေ့ရပါလိမ့်မယ်။ )
Ruijie Cloud Backend ဘက်က error မို့
သူတို့ဘက်က ပြန်ကောင်းသွားပြီဆိုရင် ကျွန်တော်တို့ App မှာလည်း
Auto ပြန်အဆင်ပြေသွားပါလိမ့်မယ်ဗျ။

https://www.facebook.com/share/p/1B5wi1BjDr/
#timecodemanager
#ruijievouchermanager
Time Code Manager Update မှာ ပါဝင်လာမယ့်
"Other Features"

စတားလင့်ဘေ လစဉ်ဆောင်နေတဲ့သူတွေသာ သုံးလို့ရမယ့် feature တွေ ဖြစ်ပါတယ်။

Update ထွက်ခါနီး
ပါဝင်မယ့် feature လေးတွေ ကြေငြာပေးပါမည်။


#timeCodeManager
#ruijieVoucherManager
ှစ တား လင့် ဘက်ကနေ အခုလို
"Terms of Service Update" ဆိုပြီး
Email တွေပို့လာလို့ စိတ်ပူရလား လာမေးကြလို့ပါ။

စိတ်ပူစရာမရှိပါဘူးဗျ။
Pause Service မှာ Standby Mode ဆိုတာလေး ပါလာမယ်ဆိုပြီး အသိလာပေးတာပါ။

Standby Mode မှာဆိုရင် Speed Limit ( Data Unlimited ) နဲ့
emergency use လို့ရအောင် လုပ်ပေးထားမှာဖြစ်ပြီး
အဲ့ဒီအတွက် ၁ လကို 320PHP ပဲကျသင့်မယ်ဆိုတာကို အသိလာပေးတာပါ။

အားလုံးပဲ အဆင်ပြေကြပါစေ။
#ruijieVoucherManager
#timeCodeManager
ဒီနေ့ စတားလင့် ဘေဆောင်ပေးဖြစ်တဲ့
Screenshot တွေထဲက တစ်ချို့။

အခုမှ အသစ်လာရောက် ပြောင်းဆောင်ကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ရှိပါသည်။

Time Code Manager App ကိုဝယ်သုံးရင်းနဲ့
ကြောငြာတွေ့လို့ လာရောက်ဘေဆောင်ကြတဲ့ Customer များကိုလည်း
ကျေးဇူးအထူးပင်တင်ရှိပါသည်။

Starlink Bill ဆောင်စျေးနှုန်း
😍550,000 ကျပ်။

လစဉ်ကြေးဆောင်ဖို့ ဆက်သွယ်ရန်
- @mr_moonrider ( Telegram )
- +959259411186 ( viber - Viber မှာ တစ်ခါတစ်လေ Online မရှိသည့်အတွက် Telgram or Facebook Page မှာဆက်သွယ်ပေးပါခင်ဗျ )
- https://facebook.com/ruijieapp ( Facebook )
❗️❗️❗️❗️

August လအစမှာ ဆောင်ရမယ့်
Billing အပ်ထားတဲ့ အလုံးတွေ email တွေစဝင်လာပါပြီ။

ဒီလအတွက်တော့ ဈေးလေးနည်းနည်းပြောင်းပါတယ်

ဖိလစ်ပိုင် Region ရော
ဂျပန် Region ရော

😍 550,000 ကျပ်လေးဖြစ်ပါမယ်ဗျ။


ပြီးတော့
ကျွန်တော်တို့နားမှာ Time Code Manager App ဝယ်သုံးထားပြီး
ဘေဆောင်ဆားဗစ်ပါအပ်ထားတဲ့သူတွေအတွက်
နောက်ပိုင်း Time Code Manager App Update မှာ ပါဝင်မယ့် Feature အသစ်တွေကို သီးသန့် အသုံးပြုခွင့်ရမှာပဲဖြစ်ပါတယ်။
နောက်လ ( ၈ လပိုင်း ) ကစပြီး
စတားလင့် ဘေဆောင်စျေးနှုန်းလေးတွေ ပြောင်းပါတယ်ခင်ဗျ။

ဖိလစ်ပိုင်ရော
ဂျပန်ရော
550,000 ကျပ်ဖြစ်ပါမယ်ခင်ဗျ။


လစဉ်ကြေးဆောင်ဖို့ ဆက်သွယ်ရန်
@mr_moonrider
+959259411186 ( viber )
စတားလင့်တွေ ဘေဆောင်တဲ့အခါမှာ
တစ်နေရာနဲ့ တစ်နေရာပြောင်းဆောင်ကြလို့
Payment Card တွေ ခဏခဏ ပြောင်းရလို့
အကောင့်ပိတ်ခံရနိုင်လားဆိုပြီး မေးလာကြလို့

Multiple Card ( ကဒ်တွေ ဘယ်လောက်ပဲ ပြောင်းပြောင်း )
စတားလင့်ရဲ့ Policy မှာ
ကဒ်ပေါင်းစုံပြောင်းထည့်ခြင်းအတွက်
Suspension ( service ရပ်ခြင်း / အကောင့်ပိတ်ခြင်း ) မရှိထားပါဘူး။

စိတ်ကြိုက် ပြောင်းထည့်လို့ရပါတယ်။
အကောင့်နဲ့လည်း ကဒ်ကို တွဲမမှတ်ထားပါဘူး
Card Holder အမည် မှန်/မမှန်လည်း သူတို့မစစ်ပါဘူး။
( ဘာလို့ မစစ်ဘူးပြောရလဲဆိုရင်
ID တောင်းတဲ့စက်တစ်လုံးကိုကူညီပေးတုန်းက ID အပြင် Bill ဆောင်တဲ့ကဒ်အချက်လက်ပါတောင်းလို့ ကဒ်အသစ်တစ်ခုလုပ်ပြီး
Payment မှာပြောင်းပြီး အဲ့ဒီကဒ်လေးနဲ့ ID တွဲတင်လိုက်တာ ရသွားပါတယ် )

ပြီးတော့ Virtual Visa Card တော်တော်များများကလည်း အမည်ပေါက်ရတာရှာပါတယ်။


ဒါကြောင့် ဘေဆောင်ဈေးသက်သာတဲ့နေရာတွေ့လို့ စိတ်ချရလို့ ပြောင်းဆောင်ချင်တာမျိုးဆို
ကဒ်ခဏခဏပြောင်းလို့ ပိတ်ခံရမှာထင်ပြီး
စိတ်သောကမရောက်ကြပါနဲ့လို့ အကြံပြုချင်ပါတယ်။

( လိုင်းမပိတ်အောင် / အကောင့်မပိတ်ခံရအောင်တော့ လစဉ်ပုံမှန်ဘေဆောင်ကြဖို့ပါပဲ )

ကျွန်တော်တို့နားကဆောင်နေကြသူတွေလည်း ကိုယ်တိုင်ကဒ်ရှိလာလို့ ကိုယ်တိုင်ပြောင်းဆောင်ချင်တာ / ဈေးပိုသက်သာတဲ့နေရာ ပြောင်းဆောင်ချင်တာမျိုး စိတ်ချ လက်ချ လုပ်လို့ရပါတယ်။

တစ်ခုပဲ ကျွန်တော်တို့ရဲ့ Billing Email လေးကိုတော့ အကောင့်ထဲကနေ ဖြုတ်ပေးဖို့ မမေ့ရင် ရပါပြီဗျ။


အားလုံးပဲ အဆင်ပြေကြပါစေ။
#ruijieVoucherManager
#timeCodeManager
Ruijie စက်တွေနဲ့ ပါတ်သက်ပြီး Error တွေ မေးချင်တာ၊ Complain ( VPN ကျော်သုံးခံနေရတာ၊ Hotspot လွင့်ခံနေရတာ၊ Voucher ကုဒ်တွေ အချိန်မဖြတ်တာ၊ ၁ လကုဒ်တွေ ရက်မပြည့်ပဲထွက်သွားတာ စတာ ) တွေတက်ချင်တာမျိုးဆိုရင်

Ruijie Reyee Myanmar Youtube Channel မှာ တင်ပေးထားတဲ့
သူတို့ရဲ့ Technical Support ရဲ့ ဖုန်းနံပါတ်လေးတွေ့လို့ share လုပ်ပေးလိုက်ပါတယ်။

09793619827
( Viber ကနေလည်း ဆက်သွယ်လို့ရတယ်လို့ ရေးထားတာတွေ့ပါတယ်။ )

Facebook Page လည်း တွေ့ပေမယ့် တော်တော်များများက Reply မလာလို့ဆိုပြီး ပြောလို့ အဲ့ဒါလေးတော့ မတင်ပေးတော့ပါဘူး။

အားလံုးပဲအဆင်ပြေကြပါစေ။
#ruijieVoucherManager
#timeCodeManager
Ruijie နဲ့တော့ မဆိုုင်ပေမယ့်
Telegram သုံးတဲ့သူတွေ သတိထားရအောင်အတွက်ပါဗျ

ပုံထဲကအတိုင်း Telegram မှာ Link တွေပို့လာတာမျိုးဆိုရင်
အလောတကြီးမဝင်ကြည့်ဖို့အတွက်ပါ

အခန့်မသင့်ရင် ကိုယ့် Telegram Account ပါသွားနိုင်ပါတယ်။

#ruijieVoucherManager
#timeCodeManager
Time Code Manager ရဲ့ Connected Devices ထဲက
Voucher Code အောက်မှာ အချိန်မပေါ်တော့တဲ့ Device တွေရဲ့
ဖြစ်နိုင်ချေတွေကို ရှင်းပြပေးလိုက်ပါတယ်။
ဘာလို့ ဖြစ်နိုင်ချေလို့ ပြောရလဲဆိုရင်တော့
Ruijie Cloud ဘက်ကကို သေချာမရှင်းပြထားတဲ့အတွက်
ကျွန်တော် သိသလောက် ၊ နားလည်သလောက်ရှင်းပြပါမယ်။
ဖြစ်နိုင်ချေတွေကတော့
- ဖုန်းမှာထည့်သုံးထားတဲ့ Voucher Code Expired ဖြစ်သွားတဲ့အတွက်
အချိန်မပေါ်တော့ဘူး ၊ သို့ပေမယ့် မိမိတို့ wifi မှာဆက်ချိတ်နေတုန်းမို့
ပေါ်နေသေးတာ၊
- Ruijie Cloud ရဲ့ Client List ဆိုတာက
code သုံးထားတဲ့ဖုန်းတွေကိုပဲ
ပြတာမဟုတ်ပါဘူး၊
မိမိတို့ wifi မှာ လာချိတ်ထားသမျှကို
ပြပေးတဲ့ နေရမှာဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှူရန်...
https://www.facebook.com/share/p/15r63WCkM8/

#ruijieVoucherManager
Ruijie Voucher Manager ( Time Code Manager ) လေး
update အသေးလေး လုပ်ပေးထားတယ်။
Playstore ကနေ update သွားလုပ်လို့ရပါပြီ။

အခု update မှာ ကိုယ်ဝယ်သုံးထားတဲ့ ( Activate လုပ်ထားတဲ့ Account ) က
ကြိုက်တဲ့ Printer နဲ့သုံးလို့ရမရဆိုတာကို
Print Setting နားက "Printer : Unlimited" ဆိုတာကို ကြည့်ပြီး
ခွဲခြားနိုင်ပါပြီ။

Printer : Unlimited လို့ပြနေတယ်ဆိုရင်
ကျွန်တော်တို့နားက ( ဒါမှမဟုတ် ) ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့ Printer အရောင်းဆိုင်တွေက
printer တွေနဲ့သာမက
မည်သည့် 2 လက်မဆိုဒ် Bluetooth Printer နဲ့မဆို အသုံးပြုလို့ရတဲ့ Account ဖြစ်ပါတယ်။

- နောက်တစ်ခုကတော့ Connected Devices ထဲမှာ
Ruijie က ချပေးလာတဲ့ Data အတိုင်း Wireless ( Wifi ) နဲ့ Wired Devices
ဆိုပြီး ပြန်ခွဲပြထားပေးပါပြီ။
ချိတ်ဆက်ထားသောဖုန်းအရေအတွက်ပေါ်ပြီးတော့
device list မပေါ်တာကိုလည်း ပြန် fix ပေးထားပါပြီ။
Voucher Code ရဲ့ စသုံးချိန်နဲ့ expired ဖြစ်မယ့် အချိန်ကိုလည်း
ပိုပြီးရှင်းလင်းအောင် အရင် 24hour အစား AM / PM နဲ့ဖော်ပြနိုင်အောင်
ပြုလုပ်ပေးထားပါသည်။

Playstore မှ App Download လုပ်ရန် Link
https://play.google.com/store/apps/details?id=com.neotech.wifivouchermanager
Application သီးသန့်ဝယ်ယူလိုပါက 150000 ကျပ်ဖြင့် ( ruijie account တစ်ခုစာ Activate ) ဝယ်ယူနိုင်ပါပြီ။
-----------------------
( App ကို အခုမှစဝယ်မယ့်သူတွေအနေနဲ့ ပိုက်ဆံကြိုရှင်းစရာမလိုပါဘူး၊
App ထဲမှာ မိမိတို့ account login ဝင်လို့ရပြီ သုံးလို့ရပြီဆိုမှပဲ ငွေချေလို့ရပါတယ်။ )
#ruijievouchermanager
#timeCodeManager
Back to Top