Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
ကိုယ့် ruijie cloud account မှာ Project တစ်ခုထပ်ပိုပြီးရှိနေရင်
အဲ့ဒီ Project တွေမှာ ထုတ်ထားတဲ့ voucher code တွေက
project တိုင်းမှာ လှည့်ပတ်ပြီး သုံးလို့ရတာတွေရှိပါတယ်...

နမူနာအနေနဲ့ ပုံထဲမှာဆိုရင်
Project A မှာ ထုတ်ထားတဲ့ Voucher Code တွေက
Project B , C , D ထဲက wifi တွေမှာ ထည့်သုံးလို့ရပါတယ်...

ပုံမှန်ကတော့ gateway sn / gateway id နဲ့ portal ကိုခွဲထားတာဖြစ်လို့
သုံးလို့မရရဘူး ဖြစ်ရမှာ ဆိုပေမယ့်
ကျွန်တော်စမ်းကြည့်မိတဲ့အချိန်တိုင်းမှာက သုံးလို့ရနေတဲ့အတွက်
သိထားသင့်တယ်ထင်လို့ တင်ပေးလိုက်တာပါ...

တစ်ချို့တွေက လာမေးကြတာရှိတယ်...
voucher code နဲ့တော့ ဝင်သုံးနေတာမှန်တယ်
ဒါပေမယ့် အဲ့ဒီ code ကို ကိုယ့် project မှာ ရှာလိုက်ရင်
မရှိဘူးဆိုတာမျိုးတွေက
အခုလိုမျိုး အကောင့်တစ်ခုအောက်ထဲမှာ project တွေများများပြီး
voucher code တွေရောသွားတာကြောင့်လဲ ဖြစ်တတ်ပါကြောင်း...

အကောင့်တစ်ခု project တစ်ခုပဲသုံးမလား
အကောင့်တစ်ခု project အများကြီးပဲ ထည့်ထားမလားဆိုတာတော့
ကိုယ်တိုင်ပဲဆုံးဖြတ်ပါ...

အားလုံးပဲအဆင်ပြေကြပါစေ...

#ruijieVoucherManager
#timecodemanager
Account ဖွင့်ပေးထားတဲ့သူက ညစ်ပတ်ပြီးတော့
သူ့နား ဘေမဆောင်လို့ထင်တယ်
စက်ပိုင်ရှင်ရဲ့ admin account ကြီးကို
technical read only ကြီး ပြောင်းလိုက်တာ။
( စိတ်ဓာတ်မကောင်းချက်ကတော့ )

အဲတော့ စက်ပိုင်ရှင်က သူ့နားမှာ activate လုပ်တုန်းက mail တွေလဲရှိထားတော့
guest support ကနေ သွားပြီး 6:42 မှာ ticket တင်ပေးလိုက်တယ်

reply ပြန်လာတာနဲ့ ဟိုပြော ဒီပြော
နောက်ဆုံး 7:07 မိနစ်မှာ admin access ပြန်ရသွားတယ်။

စတားလင့် support က reply မြန်လာတာ မဆိုးဘူးပြောရမယ်။

အခုလိုမျိုး ပုံစံတူတွေ စက်ပိုင်ရှင်တော်တော်များများကြုံရတယ်၊
တစ်ချို့ကလဲ သူတို့နား ဘေပြန်ဆောင်လိုရင် ပြန်ပေးသလို၊
တစ်ချို့ကလဲ ငွေညစ်ကြတာတွေလဲရှိတယ်။

——
ဆိုတော့ -
စက်ပိုင်ရှင်တွေကို အသိပေးချင်တာက
- လူအမျိုးမျိုး စိတ်အမျိုးမျိုးရှိတဲ့အတွက်
တကယ်စိတ်ချရတဲ့သူမှသာ
admin account တွေပေးဝင်တာမျိုးလုပ်ပါ။
ဘေဆောင်ဖို့အတွက်လောက်ပဲဆိုရင်
billing role သာပေးပြီးဆောင် စိတ်အချရဆုံးပါ။

မှတ်ချက်။ ။ ကျွန‌်တော် စတားလင့် ဆားဗစ်သီးသန့်မလုပ်ပါ။
တစ်ခါတစ်လေ အချိန်ရလို့၊ အကူညီတောင်းတဲ့သူကလဲ
စကားပြောကောင်းပြီး respect ထားလို့
ကြုံကြိုက်သွားရင်ကူညီပေးဖြစ်တာပါ။

#
Admin account ကို technical read only ပြောင်းခံလိုက်ရတဲ့ စက်။
https://t.me/ruijievouchermanager/561

စတားလင့် ဆားဗစ်ထဲဝင်လိုက်ရတော့မလား :D
စတာပါ။
တကယ်ကတော့ ဆားဗစ်လို့မခေါ်ပဲ
စတားလင့်နဲ့ စာပေး စာယူ လို့သုံးနှုန်းတာ ပိုကောင်းပါတယ်။

စတားလင့်မှာက ဘယ်သူမှ အကုန်သိတယ်၊ လုပ်လို့ရတယ်ဆိုတာမျိုးမရှိပါဘူး။
အကုန်လုံးက support ဘက်က ဖြေရှင်းပေးတဲ့ လူကောင်းနဲ့သာ တွေ့ဖို့လိုတာပါ။

ပြီးတော့ ရသွားတာကိုပဲ တင်ကြတာပါ၊ မရပဲ ပစ်ထားရတဲ့ စက်တွေကိုတော့ မရကြောင်း မတင်ကြပါဘူး။
ကျွန်တော်ဆိုလဲ ကူညီပေးဖူးတဲ့အထဲမှာ မရတာတွေလဲ ရှိပါတယ်။
ဘာမှကို လုပ်မရတော့တာပါ။

ဆိုတော့ စက်ပိုင်ရှင်များအားလုံး သိက္ခာရှိတဲ့ လူကောင်းတွေနဲ့ပဲ တွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ကိုယ့်နားမှာ passport ရှိပေမယ့်
အကောင့်က အမည်နဲ့ မတူဘူးဆိုရင်
support ကိုသွားပြီး အကောင့်အမည်သွားပြောင်းခိုင်းကြည့်တာ အဆင်ပြေသွားတယ်။

အဲ့လို အမည်ပြောင်းလို့ရသွားတော့
အပြင်က passport အမှန်နဲ့ ID Verification တင်လို့ရသွားရော။

အကောင့်အဟောင်းနဲ့ပဲဆိုတော့
promotion လဲ မပျက်တော့ဘူး၊ ပြီ‌းတော့ ရက် ၉၀ ပြည့်ထားတာလဲ အသစ်ပြန်မဖြစ်တော့
တစ်ခုခု error ရှိခဲ့ရင်တောင် transfer လုပ်လို့ရနေဦးမှာ။

#
Request limited ဆိုပြီး ဖြစ်တာက ၂ မျိုးရှိပါတယ်။
၁ မျိုးကတော့ wifi ချိတ်လိုက်တဲ့အချိန်မှာ request limited ပြတာရယ်
နောက်တစ်မျိုးကတော့ voucher code ထည့်တဲ့အချိန်မှာ request limit ပြတာရယ်ပါ။

၁။ Wifi ချိတ်တဲ့အချိန်မှာ request limited ပြတာကတော့
ပုံမှန်ကတော့ ချက်ချင်း မပြပါဘူး၊ voucher code တောင်းဖို့ portal ပေါ်ဖို့
loading လုပ်တဲ့အချိန်မှာ အဝိုင်းလည်နေတာတို့ ကြောင့်
code တောင်းတာများ ရောက်လာမလားဆိုပြီး wifi ဖြုတ်လိုက် ပြန်ချိတ်လိုက်နဲ့ လုပ်ရင်း ၇ ကြိမ်လောက်ဆိုရင် request limited စပေါ်ပါပြီ။

အဲ့လိုပေါ်လာရင် ၄ မိနစ်လောက်ခဏစောင့်ပြီး wifi ပြန်ချိတ်မှ
နောက်တစ်ခါပြန်ရပါမယ်။
( ဒီနေရာ အဝိုင်းပဲလည်နေတယ်ဆိုရင်တော့ အဝိုင်းလည်တာကိုပြင်ဖို့လိုပါမည်။ သို့မှသာ request limited သက်သာသွားပါမည်။ )


၂။ ဒုတိယတစ်မျိုးကတော့ voucher code တောင်းတာပေါ်ပေမယ့်
code ထည့်လိုက်ရင် request limit ပြတာမျိုးပါ။
အဲ့ဒါကတော့ voucher code အမှားတွေကို ၇ ကြိမ်လောက် မှားတာမျိုးကြောင့် request limit ပြသွားတာပါ။
သူလဲ အတူတူပဲ ၄ မိနစ်လောက်စောင့်ပြီးမှ code အမှန်ကိုထည့်ရင်
အဆင်ပြေပါတယ်။


နောက်တစ်ခုက အထက်ကပြောသလိုမျိုး မဟုတ်ပဲ
request limit ဖြစ်နေတယ်ဆိုရင်တော့ ဖြစ်နိုင်ချေက
မိမိတို့ wifi မှာ voucher code ခိုးဖို့ ကြံစည်နေတဲ့သူတွေရှိလို့ပါ။
သူတို့ ၁ seconds အတွင်းမှာကို code တွေအများကြီးနဲ့ မှန်လား၊ မှားလား
စစ်တာမို့ request limit ထိတာမျိုးပါ။
Cloud နှေးတဲ့ ပြသနာတော့ ပြင်သွားပြီးလောက်ပြီ။
------------
၇ နာရီလောက်ကတော့ voucher code portal ပေါ်တဲ့နေရာမှာ 503 Error လေးခဏပြသွားတာရှိပါတယ်။
အခုတော့ ရှေ့ ၆ ရက်လောက်က ညစဉ်ကြုံနေရတဲ့
cloud နှေးတဲ့ ပြသနာ အကုန်ပြန်ကောင်းသွားပါတယ်။
code ထုတ်တာ၊ code ဖျက်တာ၊ login ဝင်တာတွေ
ပြန်အဆင်ပြေသွားတာ တွေ့ရပါတယ်။
နောက်ထပ် request limit လေးပဲ ကျန်ပါတော့မယ်။
အဲ့ဒါလေးလဲ ပြင်ပြီးသွားရင်တော့ တော်တော်လေးကို ပြန်အဆင်ပြေသွားလောက်ပါပြီ။
#timecodemanager
#ruijieVoucherManager
လက်ရှိ ဖြစ်ပေါ်နေတဲ့
ညပိုင်း ပုံမှန် cloud နှေးတာတွေနဲ့
request limit တွေကို ဖြေရှင်းဖို့က နည်းရှိပါတယ်။
အကောင့်နဲ့ Project လေးတွေ ပြန်ပြင်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

အသေးစိတ်တင်ပေးဖို့အတွက်ကလဲ
ကိုယ်တိုင်လုပ်ရင်သာ မြန်ပေမယ့်၊ စာနဲ့ရေးပြဖို့ကတော့
အချိန်တော်တော်ပေးရတာမို့ မတင်ပေးဖြစ်လိုက်တာပါ။

မိမိတို့ စက်တွေကို ဆားဗစ်အပ်ထားတဲ့ ဆားဗစ်ဆရာတွေထံ
မေးမြန်း ဆောင်ရွက်ခိုင်းကြည့်ပါ။
သူတို့တွေ လုပ်ပေးနိုင်ပါလိမ့်မည်။

( အခုအတိုင်း ဖြစ်နေတာလဲ မကြာခင်တော့ အဆင်ပြေသွားပါလိမ့်မယ်။
လက်ရှိ voucher code ခိုးသုံးနေတာတွေကို ပိတ်စမ်းရင်းနဲ့ ကြာနေတာလဲ
ဖြစ်နိုင်ပါတယ်။ )


မှတ်ချက်။ ။
ကျွန်တော်တို့နားမှာတော့ ruijie ဆားဗစ်မရှိတဲ့အတွက်
အထက်ပါ ဆားဗစ်လုပ်ပေးတာမျိုး မရှိသေးပါဘူး။
အခု Post ကလဲ အဆင်ပြေတဲ့နည်းရှိထားတယ်ဆိုတာလေး
info လေးတင်ပေးလိုက်တာပါဖြစ်ပါတယ်။


#timecodemanager
#ruijieVoucherManager
Starlink App က update ဖြစ်သွားတော့
ဘေဆောင်ဖို့ billing role ထည့်တဲ့ နည်းလေးလဲ ပြောင်းသွားပါတယ်။

အခုလိုပြောင်းသွားတာတော့ အရင်ထက်တော့ လုပ်ရတာပိုမြန်သွားပါတယ်။

၁။ Starlink App ထဲက ဘယ်ဘက်အပေါ်ထောင့်နားက မျဉ်းနှစ်ကြောင်းကိုနှိပ်ပါ။

၂။ ပြီးရင် Profile ကို ထပ်နှိပ်ပါ။

၃။ ပြီးသွားရင်တော့ Users ထဲကို ထပ်ဝင်ပါ။

၄။ Users ထဲက အပေါ် ညာဘက်ထောင့်နားက "+" လေးကိုနှိပ်လိုက်ပါ။

၅။ ဒါဆိုရင် First Name : Last Name : Email : Phone Number လေးတွေကိုဖြည်ပြီးတော့
Roles မှာ Billing လေးကို ဖွင့်ပြီးတော့

အောက်ဆုံးက SAVE နှိပ်လိုက်ရင် billing role ထည့်ခြင်း အောင်မြင်သွားပါပြီ။


ကျွန်တော်တို့နား ဘေပြောင်းဆောင်တဲ့သူများအတွက်
billing role email လေး ပြောပြပေးပါတယ်။
အဲ့ဒီ email လေးကို ပေါင်းထည့်ပေးလိုက်ရင်
စိတ်ချ လက်ချ ဘေဆောင်လို့ရပါပြီ။

Admin Role ယူတာမဟုတ်တဲ့အတွက်
မိမိတို့အကောင့်တစ်စုံတစ်ရာဖြစ်သွားမှာပဲ စိတ်ပူစရာမလိုသလို၊
ပြီးတော့ လိုင်းပေါ်မှာ တွေ့နေရသလိုမျိုး
admin account ရတာနဲ့
admin role ဖြုတ်ပြီး ငွေတောင်းခံရမှာမျိုးတွေလဲ
စိတ်ပူစရာမလိုတော့ပါဘူး။

#
Voucher Code တောင်းတဲ့နေရာမှာ အဝိုင်ပဲလည်နေတယ်ဆိုတဲ့ဖုန်းတွေမှာ
အခု app လေးပြီးတော့ စမ်းနိုင်ပါတယ်။

#----#
ဒီဟာနဲ့မှ မရရင်တော့ Project မှာ loading fix ( အဝိုင်းလည်တာ ပြုပြင်ခြင်း ) နဲ့ပဲ လုပ်မှရပါတော့မယ်။

အကယ်လို့ အဝိုင်းလည်တာကို ပြင်ချင်တာမျိုးအတွက်ဆိုရင်
စျေးနှုန်း ၅ သောင်းကျပ်နဲ့ ပြင်ဆင်ပေးပါတယ်။
( မှတ်ချက်။ ။ အဝိုင်းလည်တာတစ်မျိုးတည်းအတွက်သာ၊ အခြား error များ မစစ်ပေးပါ၊ ဆားဗစ်မလုပ်ပေးပါ။ )

APK Download :
https://t.me/ruijievouchermanager/548
Voucher Code တောင်းတဲ့နေရာမှာ
အဝိုင်းပဲ လည်နေတဲ့ ဖုန်းတွေအတွက်
အခု APK လေးသွင်းပြီးတော့ အဝိုင်းလည်တာကို
ကျော်လို့ရပါတယ်။

ပြီးတော့ code ထည့်သုံးထားရင်လဲ
ဒီ app ကနေပြီးတော့ ဘယ်အချိန်မှာ
အချိန်ပြည့်မယ်ဆိုတာလဲ ကြည့်လို့ရပါတယ်။

#----#
ဒီဟာနဲ့မှ မရရင်တော့ Project မှာ loading fix ( အဝိုင်းလည်တာ ပြုပြင်ခြင်း ) နဲ့ပဲ လုပ်မှရပါတော့မယ်။

အကယ်လို့ အဝိုင်းလည်တာကို ပြင်ချင်တာမျိုးအတွက်ဆိုရင်
စျေးနှုန်း ၅ သောင်းကျပ်နဲ့ ပြင်ဆင်ပေးပါတယ်။
( မှတ်ချက်။ ။ အဝိုင်းလည်တာတစ်မျိုးတည်းအတွက်သာ၊ အခြား error များ မစစ်ပေးပါ၊ ဆားဗစ်မလုပ်ပေးပါ။ )

#timeCodeManager
ruijieLogin.apk
140.5 KB
ညပိုင်း 7 နာရီကနေ 9 နာရီအထိ
အခုရက်ပိုင်း ruijie ဘက် cloud နှေးသွားတာတွေဖြစ်နေပါတယ်။

အဲ့ဒီအချိန်တွင်းမှာဆိုရင် login ဝင်မရတာ၊
voucher code အသစ်ထုတ်မရတာတွေ ဖြစ်နေပါလိမ့်မယ်။

code ထုတ်မရတာတွေ၊ ဖျက်မရတာတွေကြုံလာရင်
အရင်ဆုံး ruijie cloud / ruijie reyee official app တွေမှာ
ဝင်စမ်းပြီးတော့ လုပ်ကြည့်နိုင်ပါတယ်။
အဲ့ဒီမှာပါ ထုတ်မရတာ၊ voucher ပေါ်ဖို့ကြာနေတာဆိုရင်တော့
ruijie cloud နှေးတာ သေချာပါပြီ။

ထို့အတွက် ဘာမှတော့လုပ်မရပဲ
၉ နာရီနောက်ပိုင်းလောက်မှာ ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မည်။

https://www.facebook.com/share/p/1D5JQha7HR/

#timecodemanager
#ruijieVoucherManager
အပေါ်က mpos တံဆိပ်ပါတဲ့ printer တွေနဲ့
Time Code Manager နဲ့က ရေရှည်အဆင်မပြေတာတွေရယ်၊ ချိတ်မရတာတွေဖြစ်လာနိုင်တဲ့အပြင်

မန္တလေးက Partner မဖြစ်ထားတဲ့
printer အရောင်းဆိုင်တစ်ဆိုင််မှဝယ်ယူသော
printer များလဲ နောက်ပိုင်းမှာ အသုံးပြုလို့ရမှာမဟုတ်နိုင်ပါဘူး။

အကယ်လို့ အခုမှ printer စဝယ်သုံးမယ့်သူများအနေနဲ့
အခြား တံဆိပ်တွေနဲ့ ဆိုင်သေချာရွေးဝယ်ဖို့ တိုက်တွန်းပါတယ်။
Ruijie Voucher Code တွေ ခိုးခံနေရတာအတွက်က
ကာကွယ်ဖို့ အရင်တစ်ခါတုန်းကလဲ တင်ပေးဖူးပါတယ်။
Voucher Code တွေထုတ်တဲ့အချိန်မှာ
အလွယ်ဆိုပြီး နံပါတ် တွေပဲ သီးသန့်မထုတ်ဖို့ပါ။
အဲ့ဒီအစား
Voucher Code Type မှာ 0-9 a-z ( စာရော နံပါတ်ရော )
Voucher Length မှာလဲ 7 နဲ့ အထက်ထားပြီး ထုတ်ဖို့အတွက်ပါ။
အဲ့လိုသာ ထုတ်ထားမယ်ဆိုရင် သိကြားမင်း ဆင်းကယ်လဲ
ခိုးတဲ့သူတွေ ခိုးဖို့ လုံး၀မလွယ်တော့ပါဘူး။
ဒါက ruijie ဘက်ကိုပဲ အားကိုးနေလို့မရပဲ
ကိုယ့်ဘက်ကနေလဲ သေချာအောင် လုပ်ထားဦးမှလဲ
ကိုယ့် ဝိုင်ဖိုင်လုပ်ငန်းလေး မထိခိုက်မှာပါ။
အရင်က နံပါတ်တွေပဲထုတ်ထားတဲ့ code တွေရှိရင်လဲ
ဖျက်လို့ရရင် ပြန်ဖျက်ပြီး အသစ်သာပြန်ထုတ်ထားလိုက်ပါ။
( နံပါတ်ကြီးပဲသီးသန့်က 000000 ကနေ 999999 အတွင်း
မှန်းပြီးထည့်လို့ရတဲ့အတွက်၊ အဲ့ဒါကို script တစ်ခုနဲ့ ဖုန်းကို run ခိုင်းလိုက်တော့ အချိန်ခဏလေးနဲ့ ရှာလို့ရသွားတာမျိုးပါ။ )
တစ်ချို့ termux နဲ့ကျော်လို့ရသေးတယ်ဘာညာတွေပြောနေတာတွေရှိပါသေးတယ်။ အဲ့ဒီအတွက်ကလဲ project ဘက်က ပြင်စရာလေးတွေရှိပါတယ်။
နောက်ရက် post ထပ်တင်ပေးပါမည်။
အားလုံးပဲအဆင်ပြေကြပါစေ။
#ruijieVoucherManager
#timecodemanager
Back to Top