Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
Portal Bypass တွေ မရကြတော့တဲ့အခါ
code scan လုပ်တဲ့ဘက်ကို ပြန်လှည့်နေကြရပြန်ပြီထင်တယ်။
Update ဘယ်လောက်ထွက်ထွက် bypass ရနေမယ်ဆိုပြီး
ကြောငြာထားတာတွေကြောင့်လဲ ပါမှာပေါ့။

အဲ့တော့ code လေးတွေ scan ပေးပါတယ်ဘာညာတွေထပ်ပေါ်လာပါတယ်။

လက်ရှိမှာ Ruijie ဘက်ကတော့ captcha စနစ်ရယ်၊ request limit ရယ်ထည့်သွင်းထားတဲ့အတွက် ကုဒ်ခိုးခံရတာ အများကြီးကိုသက်သာသွားပါတယ်။

အဲ့ဒီမှာ ကိုယ့်ဘက်ကနေ Voucher Code တွေကို
နံပါတ်ကြီး သီးသန့်မဟုတ်ပဲ
နံပါတ် + စာသား တွဲရက်ကိုမှ စာလုံး ၇ နဲ့ ၈ လုံးလောက်ထုတ်ရင်ကို
scan ဆရာသမားတွေလဲ ဘာမှလုပ်မရတော့ပါဘူး။

( request limit မှာတောင်းတဲ့ captcha ကို code နဲ့ ဖြေရှင်းလို့ရတယ်ဆိုပေမယ့် စာလုံးအရေအတွက် များတဲ့ ဟာကိုတော့
ဘယ်လိုမှ မကျော်နိုင်တော့ပါဘူး )

ထို့အတွက် Voucher Code ထုတ်တဲ့အချိန်
- Voucher Code Type ကို 0-9, a-z
- Voucher Length ကိုလဲ 7,8,9 တစ်ခုခုထားပြီးထုတ်ပါ။
( time code manager မှာလဲ ထိုနည်းတူစွာ Generate လုပ်နိုင်ပါတယ်။ )


#timecodemanager#ruijiVoucherManager
ဒီနေ့အတွက် ဝမ်းသာစရာသတင်းတစ်ခုကတော့
Ruijie Bypass ထဲက တစ်ခုကတော့ ပိတ်သွားပါပြီ။
ဆိုလိုတာက တော်ရုံ bypass ကျော်ဖို့က မလွယ်တော့ပါဘူး။
လက်ရှိ အင်တာနက်ကိစ္စကြောင့်
အင်တာနက်အသုံးပြု စျေးတွေတက်ရတဲ့အချိန်မျိုးမှာ
ခိုးသုံးတဲ့သူက အရင်ကထက် ပိုများလာမှာဖြစ်တော့
အခုလိုမျိုး ခိုးသုံးခံရတဲ့ နည်းတွေ ပိတ်သွားတော့
တကယ်ကို ဝမ်းသာစရာပါပဲ။
စက်ပိုင်ရှင်တွေလဲ အဲ့အတွက် ခေါင်းစားစရာ လျော့သွားတာပေါ့။
နောက်တစ်ဆင့်ကတော့
အရှေ့မှာ ပြောခဲ့ဖူးသလိုမျိုး
- ကိုယ့်အကောင့်၊ ကိုယ့် project ပဲသုံးပါ။
- share account မျိုးမသုံးပါနဲ့
- ကိုယ်အကောင့် password ကို အခြားသူတစ်ယောက်ကိုပေးထားမိတာ
သိနေတဲ့သူရှိတာဆိုရင် password ပြောင်းပါ။
- မိမိ project ကို စိတ်မချရတဲ့သူတွေထံ share မလုပ်ပါနဲ့
bypass မရတော့ ကိုယ့် project ကနေဝင်ပြီးတော့
ပိုင်ရှင်မသိအောင် code ထုတ်ရောင်းတာမျိုးတွေဘက် ပြန်လှည့်လာမှာပါ။
ပြီးတော့ code scan တာတွေဘက် လှည့်လာပါမယ်။
အဲ့ဒီအတွက်ကလဲ voucher အရေအတွက်ကို 6 လုံးအစား
7 လုံး 8 လုံးအထိ ထုတ်ပါ။ ( နံပါတ် + စသား )
SL ရဲ့ Policy အသစ်ရဲ့ Mail တွေတော့
ဝင်ထားကြပြီမို့ ဖတ်ပြီးကြလောက်ပြီထင်ပါတယ်။
စိတ်မကောင်းစရာကတော့
Policy အသစ်မှာ
Register လုပ်ထားတဲ့ location ကနေ
အခြားနေရာမှာ ယူသုံးမယ်ဆိုရင်
အရင်က ၆၀ ရက်ထိ ခွင့်ပြုထားရာကနေ
အခုတော့ ရက် ၃၀ ပဲရပါတော့တယ်။
အကယ်လို့ ရက် ၃၀ ထက် ကျော်ပြီးသုံးလိုရင်
သူတို့ပြောသလို Priority plans တစ်ခုခုပြောင်းသုံးလို့ရတယ်ပြောပါတယ်။
Priority plans ရဲ့ စျေးတွေကို ခဏဖယ်ထားပြီး
လက်တွေ့အရင် စဉ်းစားရမှာက
မြန်မာမှာရော Priority plans က အလုပ်လုပ်ပါ့မလားဆိုတာပါပဲ။
သူတို့ခွင့်ပြုထားတဲ့ နိုင်ငံတွေထဲမှာပဲ
Priority plans က အလုပ်လုပ်မယ်ဆိုရင်တော့
မြန်မာမှာ သုံးနေတဲ့ စက်တွေအတွက်ကတော့
မျော်လင့်ချက်နည်းသလောက်ဖြစ်သွားပါတယ်။
ဆိုတော့
နောက်လ August 17 မှာတော့ အဖြေတစ်ခုသိရဖို့တော့များပါတယ်။
အခုအချိန်ကတော့ လိုင်းပေါ်မှာ တစ်ယောက်တစ်မျိုးစီး
နားလည်သလောက်လေးတွေ ရေးနေကြဦး၊ ဖတ်နေကြရဦးမှာပါ။
လက်တွေ့ကတော့ အခု Policy အသစ်က
မြန်မာမှာ SL အသုံးပြုရနိုင်ဖို့
အရမ်းကိုခက်ခဲသွားပြီဆိုတာတော့ အမှန်အကန်ပါပဲ။
Account တစ်ခုကို မျှသုံးထားတဲ့အတွက်လဲ
အန္တရာယ်ရှိပါသည်။

ကိုယ်မဟုတ်ပဲ အဲ့ဒီအကောင့်ကို ဝင်သုံးနေတဲ့သူအားလုံး
မည်သူမဆို —
- မိမိတို့ Project ကို ဝင်ပြီးပြင်ဆင်လို့ရတာ
- ကိုယ်မသိပဲ code တွေထုတ်ပြီး ရောင်းစားနေလို့ရတာ
- ကိုယ့် project ကို အဆင်မပြေအောင်လုပ်ပြီးတော့
   ဆားဗစ်လုပ်ရမယ်ဆိုပြီး 
   နောက်ထပ် ပိုက်ဆံပြန်တောင်းလို့ရတာ
- မိမိတို့ project ထဲမှာ mac allowlist တွေထည့်ပြီး
  ဘယ်အချိန်ဖြစ်ဖြစ် လုပ်ထားတဲ့သူရဲ့ဖုန်းက
  code မတောငး်ပဲ free သုံးနေလို့ရတာ
- ကိုယ့်လုပ်ငန်းအခြေအနေကိုစောင့်ကြည့်ပြီး
  ကိုယ့်ထက် လူဝင်များနေရင် ညစ်ပတ်ပြီး
  လိုင်းအဆင်မပြေအောင် လုပ်လို့ရတာ
စတဲ့ လုပ်နည်းအများကြီးနဲ့ကို မိမိတို့ wifi လုပ်ငန်းကို
နှောင့်ယှက်လို့ရနေမှာဖြစ်ပါတယ်။


ထို့အတွက် ကိုယ်ပိုင်အကောင့် -> ကိုယ်ပိုင် Project ဖြစ်နေဖို့အတွက်
အရေးကြီးလိုအပ်တယ်ဆိုတာပါ။


#
Account တစ်ခု Project 3 ခု သုံးလို့ရတဲ့အထိ ဖြစ်သွားပါတယ်။

- မိမိအကောင့်အမှန်
- ကိုယ်ပိုင် စက်တွေ
- ကိုယ်ပိုင် project အမှန်ကန်တွေ
၃ ခုထက်ပိုပြီးရှိနေလို့ မပေါ်ခဲ့ရင်
လာရောက်ပြောနိုင်ပါသည်။

( မမှန်မကန်၊ အလိမ်အလည်ပြောဆိုတာကို တွေ့ရှိရပါက၊ project များလုံး၀ တိုးပေးမည်မဟုတ်ပါ။
ရိုးသားမှန်ကန်ဖို့လိုပါသည်။ )

အကယ်လို့
ကိုယ့်အကောင့်မဟုတ်ပဲ၊ ကိုယ့် project တင်မက၊
အခြားသူရဲ့ project တွေနဲ့ရောပြီးသုံးနေရတာမျိုးဆိုရင်တော့
သေချာပါတယ်၊ အကောင့်တစ်ခုကို share လုပ်ပြီးသုံးနေတာမျိုးပါ။

ထိုအကောင့်တွေမျိုးအတွက် project လဲ ထပ်တိုးပေးမဟုတ်ပါ။
ထိုအကောင့်ကိုရောင်းပေးထားတဲ့သူကိုသာ တိုက်ရိုက်ဆက်သွယ်ပါ။

—-
ထို့ကြောင့် လူကြီးမင်းတို့အနေနဲ့
- ကိုယ်ပိုင် အကောင့်
- ကိုယ်ပိုင် စက် ( gateway / ap )
- ကိုယ်ပိုင် project သီးသန့်နဲ့သာ
Time Code Manager ကို အဆင်ပြေပြေအသုံးပြုလို့ရမှာဖြစ်ပါတယ်။

( Account တစ်ခုကို မျှသုံးနေခြင်းများ လုံး၀ မရတော့ပါ။ Share Account ကို ဝယ်သုံးမိထားရင်
ရောင်းပေးထားတဲ့သူကိုဆက်သွယ်ပြီး သီးသန့်အကောင့်၊ သီးသန့် Project ပြောင်းပေးဖို့ ပြောဆိုပါ။ )
ကျော်ပြီး စမ်းဖို့အတွက်လောက်သာ လုပ်ထားလို့တော်သေးတယ်ပြောရမယ်။

လက်ရှိတင်ကို အယောက် ၃၀၀ ကျော်
bypass အောင်တယ်။
ဆိုလိုတာက စက်တိုင်းနီးပါးကို ကျော်လို့ရနေတယ်ဆိုတာ ပိုပြီး သေချာအောင်လို့ပါ။

ကျွန်တော်တို့နား လစဉ် ဘေဆောင်နေတဲ့သူတွေ
ကျော်တာ သက်သာအောင်အတွက် မိမိတို့ Project လေးကို
share လုပ်ပြီး ပို့ပေးပါ။
ကျော်သုံးတာ သုံးရခက်ခဲသွားအောင် ဆောင်ရွက်ပေးပါမည်။

#timeCodeManager
#ruijieVoucherManager
Ruijie စက်တွေအတွက်
နောက်ထပ် code မလိုပဲ ကျော်လိုရတဲ့နည်းကို
စမ်းသပ်ဖိုအတွက် app သေးသေးလေးပါ။

မိမိတို wifi မှာ ရမရ နဲ့ ရခဲ့ရင်ရော ရေရှည်သုံးလို ရနေလား၊ မရဘူးလား စမ်းလိုရအောင် တင်ပေးလိုက်ပါတယ်။

အခု bypass အပေါက်ကိုလဲ ruijie ဘက်ကို report တင်ထားသလို၊ ruijie ဘက်ကလဲ သေချာကြောင်းသိထားပြီမို မကြာခင်တော့ ပြင်ဆင်ပေးလာပါလိမ့်မည်။

https://t.me/ruijievouchermanager/613
Ruijie စက်တွေအတွက်
နောက်ထပ် code မလိုပဲ ကျော်လို့ရတဲ့နည်းကို
စမ်းသပ်ဖို့အတွက် app သေးသေးလေးပါ။

မိမိတို့ wifi မှာ ရမရ နဲ့ ရခဲ့ရင်ရော ရေရှည်သုံးလို့ ရနေလား၊ မရဘူးလား စမ်းလို့ရအောင် တင်ပေးလိုက်ပါတယ်။

အခု bypass အပေါက်ကိုလဲ ruijie ဘက်ကို report တင်ထားသလို၊ ruijie ဘက်ကလဲ သေချာကြောင်းသိထားပြီမို့ မကြာခင်တော့ ပြင်ဆင်ပေးလာပါလိမ့်မည်။

#
Ruijie_Bypass_Test_New.apk
1.1 MB
Back to Top