Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
Ruijie Gateway တွေမှာ မဖြစ်မနေ လုပ်ထားသင့်တဲ့အချက်တွေပါ။

လက်ရှိတော့ Ruijie လဲ တော်တော်ကို လုံခြုံလာပြီလို့ပြောလို့ရပါတယ်။
အဓိကတော့ လိုအပ်တဲ့ အရာတွေကို သေချာ မလုပ်ထားကြလို့သာ
ခေါင်းစားနေကြရတာပါ။

နောက်ထပ်ကျန်တာကတော့
- ကိုယ်အကောင့်ကို သိနေတဲ့သူ၊
- share လုပ်ယူထားတဲ့သူတွေကနေတစ်ဆင့်
မိမိတို့ code တွေပေါက်ကြားနေတာမျိုး ရှိပါဦးမယ်။

အဲ့ဒါကတော့ မိမိတို့ကိုယ်တိုင် ဂရုစိုက်ရမှာဖြစ်ပြီး
လိုအပ်ရင် password တွေ အသစ်ပြန်ပြောင်းတာမျိုး။
Share လုပ်ထားတာတွေ ပြန်ဖြုတ်တာမျိုး လုပ်သင့်ပါတယ်။

( တစ်ချို့နေရာတွေမှာ ခိုးသုံးနေတဲ့သူကို သိနေလို့
ခိုးမသုံးဖို့ တားလဲမရတော့လို့
သက်ဆိုင်ရာ လူကြီး သို့မဟုတ် ရပ်ကွက်ရုံးခေါ်ပြီး
ခံဝန်ထိုးခိုင်းတာမျိုးတွေလဲ လုပ်ကြတာ ကြားဖူးတဲ့အတွက်
ဒီ နည်းလမ်းလဲ မဆိုးပါဘူး။
တကယ်ခိုးသုံးတယ့်သူကလဲ ကိုယ့်အနီးနားမှာပဲရှိတာမို့
ရှာဖို့လွယ်ပါတယ်။ )

#timeCodeManager
Voucher စနစ်ကို Ruijie AP နဲ့ပဲ သီးသန့်ထုတ်နေရင်
User 100 ရတဲ့ Gateway RG-EG105 Series လေးတစ်ခုတော့
ဝယ်တပ်သုံးသင့်ပါတယ်။
လက်ရှိ အင်တာနက် Plan တွေကြောင့် GB Limit ပြောင်းတဲ့အခါ
AP သီးသန့်နဲ့ code ထုတ်နေတာ လုံး၀ အဆင်မပြေနိုင်တော့ပါ။
#timeCodeManager
လက်ရှိ code တစ်ခုနဲ့ ဟိုဘက် ဒီဘက် သုံးခံရတာမျိုး
သက်သာဖို့အတွက်ဆိုရင်

- အကောင့်တစ်ခု ကိုယ့် project သီးသန့်တစ်ခုသာသုံးပါ။

- အကောင့်တစ်ခုတည်းမှာ ကိုယ်နဲ့မဆိုင်တဲ့ project တွေရှိနေရင်
ဆားဗစ်လုပ်ပေးထားတဲ့ဆရာကို ပြောပြီး သီးသန့်စီခွဲသုံးပေးဖို့
‌ ပြောပါ။

- စက်အသစ် Project အသစ်လုပ်တော့မယ်ဆိုရင်လဲ
တစ်ခါတည်း ruijie acocunt အသစ်နဲ့သာလုပ်ခိုင်းပါ။
ရှိပြီးသားအကောင့်မှာ Project လုပ်ပြီး
ကိုယ့်ဘက်ကို hand over ပြန်လုပ်တာမျိုးကို ရှောင်ခိုင်းပါ။
( ပုံမှန်ဆိုရင်တော့ ဒါက ပြသနာမရှိပေမယ့်
အခုနောက်ပိုင်း hand over လုပ်ပေးလိုက်တဲ့ project မှာ
မူရင်းဘက်က code တွေ သွားထည့်သုံးလို့ရနေတာတွေ
ရှိလာလို့ပါ )

- မိမိ project ကို မိမိမသိတဲ့ သူထံ share လုပ်ထားမိလားစစ်ပါ။

- Cloud ထဲမှာ Voucher code ထဲက e-sharing မှာ
share လုပ်ခံထားရလား၊
ဒါမှမဟုတ် ကိုယ်မသိပဲ excel export share
လုပ်ခံထားရလား စစ်ပါ။

Read More : https://www.facebook.com/share/p/18Gr4dEYZd/
Ruijie Gateway သုံးထားတယ်ဆိုရင်တော့
- ခိုးသုံးခံရတာ
- ကျော်သုံးခံရတာ
- Hotspot Share လုပ်သုံးနေတာ
- အချိန်ပြည့်ပြီး ဆက်သုံးလို့ရနေတာ
- GB Limit ပြည့်ပြီး ဆက်သုံးလို့ရနေတာ
စတာတွေအတွက်
Time Code Manager SVIP ထဲက
အနီဝိုင်းထားတဲ့ သုံးခုကို ဖွင့်ထား သုံးထားလိုက်ရင်
တော်တော်များများ သက်သာသွားပါမည်။

"Client Sync ကတော့ ပိုပြီးအရေးကြီးပါသည်။"

မှတ်ချက်။ ။
မိမိတို့ Time Code Manager Account သည်
SVIP ဖြစ်ထားရပါမည်။



#timeCodeManager
Back to Top