Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
Http Inject နည်းနဲ့ Ruijie Wifi တွေမှာ ကျော်သုံးနေတာကို ကာပေးနိုင်တဲ့
HTTP injection attack prevention ဆိုတာလေး ဖွင့်လိုက်ရင်
HTTP Inject ( VPN ) နည်းနဲ့ကျော်ခံရတာတွေ သက်သာသွားပါမယ်။

( ဥပမာ http injector / vmess protocol )

ဒါကြောင့်လဲ file ထုတ်ရောင်းနေတဲ့သူတွေက
starlink old file ဘာညာတွေဆိုပြီး သီးသန့် လုပ်ရောင်းရတော့တာပါ။

( New version မှာ မရဘူးဆိုပြီး ပြောရောင်းကြတာတွေ့ပါတယ်။ )
Ruijie Firmware အသစ်ရဲ့ HTTP Injection attack prevention ဆိုတာကြောင့် သူတို့ရဲ့ old file တွေက တိုးမပေါက်တော့ပါဘူး။


----------
စက်ပိုင်ရှင်တွေအနေနဲ့လဲ မိမိတို့ gateway က http injection attack prevention ပါရင် ဖွင့်ထားသင့်ပါတယ်။
အဲ့လိုဖွင့်လိုက်ရင်တော့ တော်တော်များများ gateway အောက်မှာရှိတဲ့
AP တွေ offline ဖြစ်သွားတတ်ပါတယ်။

အဲ့ဒါကမှ ပုံမှန်ပါ။ အဲ့အတွက် gateway အောက်မှာရှိတဲ့
ap / router တွေရဲ့ mac တွေကို allow list ထဲ ထည့်ပေးလိုက်ရင်
အကုန် online ပြန်ဖြစ်လာပါလိမ့်မယ်။

( Ruijie ကိုယ်တိုင်ကကို http injection ကိုဖွင့်ရင် တစ်ချို့ cloud နဲ့ဆိုင်တဲ့ domain name တွေပါ whitelist လုပ်ဖို့ လိုအပ်တယ်လို့ 
တရားဝင်ပြောထားပြီးသားပါ။ 
ထို့ကြောင့် တော်တော်များများ ap / router တွေ offline ဖြစ်သွားတာပါ။
အဲ့အတွက် domain တွေကို whitelist လုပ်မယ့်အစား
device တစ်ခုခြင်းစီရဲ့ mac ကိုပဲ allow ထည့်ပေးပြီးတော့ 
cloud online ဖြစ်အောင်လုပ်ရတာပါ။ )


#timecodemanager
#ruijieVoucherManager
#update - ပြန်ကောင်းသွားပါပြီ။

Ruijie Cloud Error တက်နေပါသည်။
Ruijie မှာလဲ အခြား brand တွေ နည်းတူ
သုံးထားတဲ့ voucher code ကို အချိန်မပြည့်ခင်အတွင်း
ပြန်ထွက်ပြီးတော့ နောက်ဖုန်းတစ်လုံးမှာ ပြန်ဝင်သုံးလို့ရပါတယ်။

တစ်ချို့ကြုံဖူးပါလိမ့်မယ်၊
ကိုယ့်စီမှာ ဘောက်ချာကုဒ်လာဝယ်တဲ့အခါ
ကုဒ်ကို ထွက်ပြီး နောက်တစ်လုံးမှာ ဝင်သုံးလို့ရလားမေးခံရတာမျိုးပါ။
အဲ့လိုမှ မရရင် ဝယ်မသုံးပဲ
အခြားရတဲ့ နေရာမှာသွားဝယ်သုံးတာတွေရှိပါတယ်။


ဆိုတော့ အဲ့လိုမျိုး မေးလာခဲ့ရင်လဲ
Ruijie စက်ပိုင်ရှင်တွေအနေနဲ့ ရပါတယ်ဆိုတဲ့ အကြောင်း ပြောလို့ရပါပြီ။
ဒါကတော့ Wifi Business လုပ်ငန်းလုပ်နေတဲ့သူတွေဘက်ပေါ့။

---
လုပ်နည်းကလဲ လွယ်ပါတယ်။
အခုပုံထဲက QR Code ကိုဖတ်လိုက်ပြီး ဖွင့်လိုက်ရင်
Unbind&Logout ဆိုတဲ့ စာမျက်နှာလေးကို ရောက်သွားပါမယ်။

အထဲမှာ မိမိထည့်ထားတဲ့ code ရဲ့ ကုန်ဆုံးမယ့်အချိန်နဲ့
ဘယ်အချိန်က စသုံးထားတာလဲတွေ ကြည့်လို့ရပါသေးတယ်။

အဲ့ဒီမှာ Unbind&Logout ဆိုတာလေး နှိပ်လိုက်တာနဲ့
လက်ရှိသုံးနေတဲ့ဖုန်းကနေထွက်သွားပြီး
အဲ့ဒီထွက်သွားတဲ့ code ကို နောက်ဖုန်းတစ်လုံးမှာ ပြန်ဝင်သုံးလို့ရသွားပါမယ်။

( အချိန်မပြည့်မခြင်း ကြိုက်သလောက် ဝင်ထွက်လုပ်လို့ရပါတယ်။
အချိန်ပြည့်သွားရင်တော့ အဲ့ဒီ code ကို ဆက်သုံးလို့ရတော့မှာမဟုတ်ပါဘူး )


#timecodemanager
#ruijieVoucherManager
VPN တွေနဲ့ ကျော်သုံးခံရတာထက်
ပိုဆိုးတဲ့ဟာရှိပါတယ်။

အခု Video ထဲက App ရဲ့ နည်းလမ်းနဲ့ ကျော်ခံရရင်
Speed ရော / အချိန်ရော unlimited ဖြစ်သွားပါတယ်။

သာမာန်အနေနဲ့ ကာကွယ်ဖို့အရမ်းကိုခဲယဉ်းပါတယ်။
( ACL Rule / Prevent Http Injection တွေလဲ
တစ်ခုမှ မကာနိုင်ပါဘူး။ အဲ့အတွက်
အခုနည်းကို ကာကွယ်ပေးနိုင်တဲ့ ဆားဗစ်ပေးမယ်ဆိုပြီး
ပိုက်ဆံတောင်းရင် 99% က လိမ်ခံရပါလိမ့်မယ်
ကျွန်တော်ကိုယ်တိုင် ကာကွယ်နည်းလေးရထားပြီမို့
1% လေးတော့ ချန်ထားလိုက်ပါတယ်။ 😊 )

Gateway / AP / NBR ဘယ်ဟာပဲသုံးသုံး
အကုန်လုံးကို အသာလေးကျော်လို့ရပါတယ်။

Video ကတော့ သုံးလို့ရတာသေချာကြောင်း
နမူနာတင်ပေးလိုက်တာပါ။
https://www.facebook.com/reel/1268113978190445/

အခုမှ တင်ပေးဖြစ်တာကလဲ
အဲ့လိုကျော်သုံးလို့ရတာကို
ပိတ်ပင် တားဆီးလို့ ရသွားပြီမို့ပါ။
------

ကျွန်တော်တို့စက်မှာရော ကျော်သုံးလို့ရလားစမ်းချင်လို့ဆိုပြီး
App ( APK ) လာတောင်းတာမျိုးလဲရှိပါတယ်။
APK ကတော့ ကျနော်ထုတ်ပေးမှာမဟုတ်ပေမယ့်
သေချာတာတော့ စမ်းစရာကို မလိုပါဘူး။

အကုန် ကျော်လို့ရနေပြီးသားမို့ပါ။



#ruijieVoucherManager
#timeCodeManager
Bill ဆောင်စျေးနှုန်းများ အပြောင်းအလဲရှိထားပါသည်။

ငွေစျေးအခြေအနေအရ
လက်ရှိမှာ ၂ သောင်းစီ တိုးသွားပါသည်။

- အာဂျင်တီးနား - 400000

- ဂျပန် - 520000

- ဖိလစ်ပိုင် - 520000


Promotion ရထားတဲ့စက်များအတွက်
440000 ဖြစ်သွားပါမယ်ခင်ဗျ။

# #
သတင်းကောင်းတစ်ခုအနေနဲ့
Ruijie Gateway တွေမှာ Voucher Code မထည့်ပဲ
- VPN ကျော်သုံးတာ
- Portal Security ယိုပေါက်ကနေ နည်းတစ်ခုနဲ့ဝင်သုံးနေတာတွေအတွက်
ကာကွယ်နိုင်၊ တားဆီးနိုင်မယ့် နည်းလေး အဆင်ပြေပါပြီ။

လက်ရှိကျော်သုံးခံနေရတဲ့နည်းတွေက :
- Rujie ရဲ့ cloud portal url ဖြစ်တဲ့ *. ruijienetworks(.)com ကနေ
ဖြစ်ပြီးတော့
- နောက်တစ်မျိုးကတော့ Wifidog authentication သုံးထားတဲ့
Ruijie cloud portal ဘက်က အားနည်းချက်တစ်ခုကြောင့်ဖြစ်ပါတယ်။


----
အခု Post ကတော့ အပေါ်ကလို ကျော်သုံးခံနေရတာတွေကို
ကိုယ့်စက်မှာတင် ပြင်ဆင်ပြီး တားဆီးနိုင်ပါတယ်ဆိုတဲ့အကြောင်း
ကာကွယ်ဖို့ကြိုးစားနေတဲ့သူတွေအတွက် သိရအောင် တင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျ။

----
ကျွန်တော်တို့ဘက်ကနေလဲ
- App သီးသန့်သော်လည်းကောင်း၊
- Service သီးသန့်သော်လည်းကောင်း
( ဒါမှမဟုတ် )
- အရင်လိုပဲ ရေရှည်လက်တွဲပြီး လစဉ်ဘေဆောင်နေတဲ့သူတွေအတွက်
သီးသန့်သော်လည်းကောင်း
ဆားဗစ်ပေးနိုင်အောင်အတွက် စဉ်းစားနေပါတယ်။
ထို့အတွက် သီးသန့် Post တစ်ခုတင်ပေးပါမည်။

#timecodemanager
#ruijieVoucherManager
ကိုယ်တိုင် admin account ကနေ
20% Off Promotion ယူစမ်းချင်သူများအတွက်
Cancel Service လုပ်နည်း တစ်ဆင့်ချင်းတင်ပေးလိုက်ပါတယ်။

Cancel Service လုပ်ပြီးလို့
"Your Service is scheduled to end on" ဆိုတဲ့စာမျိုးပေါ်ရင်
cancel service အောင်မြင်ပါပြီ။

ပြီးရင်တော့ 20% Off ဆိုတဲ့ email လေးစောင့်ရုံပါပဲ။
အကယ်လို့ email ဝင်လာပြီဆိုရင်တော့

ပုံ ၂ ထဲကလိုမျိုး subscription ထဲထပ်ဝင်ပြီး
Resume ပြန်နှိပ်ပြီး ပုံမှန်အတိုင်း သုံးနိုင်ပါပြီ။

နောက်လတွေမှာ စျေးသက်သက်သာသာနဲ့ ဘေဆောင်လို့ရသွားပါမယ်။
( ၁၂ လလုံး အဲ့ဒီစျေးနဲ့ရသွားမှာဖြစ်ပါတယ်။ )

အခုလိုလုပ်တာအတွက် ဘာပညာမှလဲမပါပါဘူး။
ကိုယ်တိုင်လုပ်လို့ကိုရပါတယ်။
အခြားသူကိုအပ်ရင်တော့ ယုံကြည်စိတ်ချရတယ်ဆိုရင်အပ်ပါ။

( ကျွန်တော့်ထံကိုတော့ တစ်ယောက်လာပြောပြတာ၊
20% အတွက် service သွားအပ်တာ။
20% Email ဝင်ရော၊ သူ့ admin account လဲဖြုတ်ခံရပြီး
ဘာမှထပ်လုပ်လို့မရတော့ပါဘူး )

ဆိုတော့
ကိုယ်တကယ်ယုံကြည်ရတဲ့သူဆိုရင်တော့ ကိုယ်တိုင်မလုပ်ချင်ရင်အပ်ပါ။
မယုံကြည်ရရင်တော့ မအပ်ပါနဲ့။
အကြောင်းကတော့ admin account ပေးရတာမို့ပါ။

Do at your own risk.
Do at your own risk ပါ။


#timecodemanager#ruijieVoucherManager
Cancel Service လုပ်ထားတဲ့စက်တွေ၊
ဒါမှမဟုတ် မသုံးပဲ ပစ်ထားတဲ့စက်တွေမှာ
20% Off Email တွေ ထပ်ဝင်လာတာတွေ့ရပါတယ်။

ဆိုတော့ စမ်းချင်တယ်ရင် ကိုယ့်စက်ကို
Cancel Service ၁ ရက် ၂ ရက်လောက် လုပ်ထားကြည့်လိုက်ပါ။

ပုံထဲကလိုမျိုး 20% Off Email သာဝင်လာရင်
ဘေစျေးနှုန်း ၁ သိန်းနီးပါးလောက်
၁၂ လ တိတိ သက်သာသွားပါလိမ့်မယ်။

--
ကိုယ်ပိုင် admin account ဖြစ်ထားတယ်၊ရထားတယ်ဆိုရင်
Subscription -> Manage -> Cancel Service လုပ်စမ်းကြည့်ရုံပါပဲ။

( Service ကြေးတွေဘာတွေနဲ့ လုပ်လို့ရတာမျိုး မရှိပါဘူး။
ပိုက်ဆံပေးရင်လုပ်ပေးမယ်ဆိုရင် လိမ်ခံရဖို့ များပါမယ်။ )


Do at your own risk.
#timecodemanager
#ruijieVoucherManager
Ruijie မှာလဲ နာရီကုဒ်တွေ၊ ၁ လကုဒ်တွေကို
အချိန်မပြည့်မခြင်း ထည့်ထားတဲ့ ဖုန်းမှာ ထွက်ပြီးတော့
နောက်ထပ် ဖုန်းတစ်ခုမှာ အဲ့ဒီ ဘောက်ချာကုဒ်ကို
ပြောင်းသုံးလို့ရတဲ့ စနစ်ပါဝင်ပါတယ်။

၁ လကုဒ်တစ်ခုဝယ်ပြီးတော့
အိမ်မှာ ရှိတဲ့ ဖုန်းတွေမှာ တစ်လှည့်စီသုံးတာမျိုးတွေ လုပ်လို့ရပါတယ်။

Ruijie မှာက ဒီ feature ကို doc ထဲမှာ သေချာမပြောပြထားပေမယ့်
Voucher code ( logout / login ) ပါဝင်တယ်ဆိုတဲ့အကြောင်းလေး အသိပေးလိုက်ရပါတယ်။

ဒီနည်းကတော့ voucher code ဝယ်သုံးတဲ့သူတွေအတွက် အဆင်ပြေပေမယ့်
wifi business လုပ်နေတဲ့သူတွေဘက်ကကြည့်ရင်တော့
ကုဒ်တစ်ခုဝယ်ပြီး မျှသုံးနေလို့ရတဲ့အတွက်
ဝင်ငွေထိခိုက်မှု အနည်းအကျဉ်းတော့ရှိလောက်မှာပါ။

( Post ထဲက video ကတော့ theme design အသစ်လေးကြော်ငြာဝင်တာပါ 😃 )

#timecodemanager
#ruijieVoucherManager
ဘောက်ချာကုဒ်တောင်းတဲ့အချိန်မှာ
ဘောက်ချာကုဒ်တောင်းတာမပေါ်ပဲ အဝိုင်းပဲလည်နေတဲ့ error က
အခုအတိုင်းဆို 99% နီးပါး အဆင်ပြေသွားပါပြီ။
အဝိုင်းလည်တဲ့ error အတွက်
ဖြစ်တဲ့ဖုန်းတွေမှာ ဘာမှကိုလုပ်စရာမလိုတော့ပဲ
ruijie ဘက်က cloud / project မှာတင်
လိုအပ်တာပြင်ဆင်ပေးလိုက်တာနဲ့ အကုန်အဆင်ပြေသွားပါတယ်။
အဝိုင်းလည်နေလို့ဆိုပြီး
browser ပေါင်းစုံသွင်းရ၊ link ပေါင်းစုံဝင်စမ်းရ၊
နောက်ဆုံးမရရင် mac allow ပေးရတဲ့ ဒုက္ခကနေ သက်သာသွားတာပေါ့။
----------
လက်ရှိ ကျွန်တော်တို့နားမှာ လစဉ်ဘေဆောင်နေတဲ့ customer များအနေနဲ့
အဝိုင်းလည်တဲ့ error ကြုံရတာများတယ်ဆိုရင်
မိမိတို့ရဲ့ project share ( QR ) နှင့်အတူ လာရောက်ပြောပေးနိုင်ပါတယ်။
ကျွန်တော်တို့ အခမဲ့ ‌cloud/project များပြင်ဆင်ပေးပါမည်။
#ruijieVoucherManager
#timeCodeManager
Back to Top