Ruijie Voucher Manager App အတွက်
Update များကို ယခု Channel မှာတင်ပေးသွားမှာဖြစ်ပါသည်။

#RuijieVoucherApp
#ASDF
အီလွန်မက် စက်ကို သုံးနေတဲ့သူတိုင်း
Passport တစ်ခုခုတော့ ရှိထားရတော့မယ်ဆိုတာမျိုးဖြစ်သွားတယ်။
လက်ရှိ အမည်မတူလို့၊ passport မရှိလို့
id တင်ကြည့်လဲ အဆင်မပြေလို့ဆိုရင်
transfer -> activate ပြန်လုပ်လို့ရပါတယ်။
( သူတို့သတ်မှတ်ထားတဲ့ရက်အထိ သုံးထားပြီးရင် )
အဲ့အတွက် ကိုယ့်မှာ Passport မရှိထားတောင်
ကိုယ့်အသိ၊ ကိုယ့်မိသားစုထဲက တစ်ခုခုရှိထားရင်
သူတို့ Passport အမည်အတိုင်း အကောင့်ပြန်ဖွင့်သုံးလိုက်ပါ။
အဲ့လိုပြောင်းပြီး ဖွင့်လိုက်ရင်တော့ အခုပြသနာ ယာယီသက်သာသွားပါမယ်။
ဒါပေမယ့် သူတို့ရဲ့ regulation ကြောင့် တစ်ချိန်ချိန်မှာ ပြန်တောင်းမှာပါ။
အဲ့အတွက် အမည်မှန်ထား၊ passport ရှိထားရင်
အခုလောက်ထိ ခေါင်းစားစရာမလိုတော့ပါဘူး။
ထို့အတွက် -
အီလွန်မက်စက်သုံးမယ်ဆိုရင် ရေရှည်အတွက် passport လိုကိုလိုသွားပါပြီ။
အီလွန်မက်စက်သုံးမယ်ဆိုရင် ရေရှည်အတွက် passport လိုကိုလိုသွားပါပြီ။
အီလွန်မက်စက်သုံးမယ်ဆိုရင် ရေရှည်အတွက် passport လိုကိုလိုသွားပါပြီ။
သတင်းကောင်းနဲ့ မျော်လင့်ချက်တစ်ခုကတော့
Passport ရှိထားပြီး အမည် မတူခဲ့တောင် verify အောင်ပါတယ်။

လက်ရှိ မနေ့က တစ်လုံး စမ်းကြည့်လိုက်တာ အောင်သွားပါတယ်။

စက်အကောင့်ကအမည်က english တွေနဲ့ နာမည်
passport ကတော့ မြန်မာမို့ မြန်မာအမည်ပေါ့ဗျာ။

အဲ့ဒါကို တင်ကြည့်လိုက်တယ်။
အခုမနက်တော့ verify အောင်ကြောင်းပြပြီး အဆင်ပြေသွားတယ်။

ဘာမှကို ထပ်လုပ်စရာမလိုလိုက်ဘူး။

အဓိကတော့ သူတို့တောင်းဆိုတဲ့အတိုင်း
- Passport က သက်တမ်းကျန်ရမယ်
- Fake မဖြစ်ရဘူး
- ဓာတ်ပုံက ရှင်းရှင်းလင်းလင်းဖြစ်နေရမယ်
- Selfie ရိုက်တဲ့အခါမှာလဲ အနောက် background အဖြူမှာ
သေချာလေး video ရိုက်ပို့ရပါမယ်။

ဆိုတော့
Passport တစ်ခုခုသာရှိထားမယ်ဆိုရင် တင်စမ်းကြည့်သင့်ပါတယ်။
အချိန်ကလဲ ရက် ၂၀ လောက်ကျန်သေးတော့ လောစရာမလိုဘူးပေါ့။

အားလုံးပဲ အဆင်ပြေကြပါစေ။

#ruijieVoucherManager
#timecodemanager
စတားလင့်မှာ အမည်အမှန် မသုံးထားမိတဲ့သူတွေအတွက်
နောက်ထပ် ခေါင်းရှုပ်စရာထပ်လာပြီနဲ့တူပါတယ်...

စတားလင့်အကောင့်မှာ သုံးထားတဲ့ အမည်အတိုင်း
အမည် ၊ နိုင်ငံသား ၊ birth date ၊ နဲ့ passport ရယ် ကိုယ့်ရဲ့ selfie photo တွေ ပို့ပေးဖို့အတွက် တစ်ချို့အကောင့်တွေမှာ တောင်းခံနေရပါပြီ...
လက်ရှိ ကျွန်တော် လက်လှမ်းမီသလောက်စစ်ကြည့်တာ
နာမည်အဆန်းတွေမှာ တောင်းခံထားရတာ တွေ့ရပါတယ်...

မြန်မာနာမည်နဲ့စက်တွေတော့ တောင်းခံထားရတာမတွေ့သေးပါဘူး...
( တောင်းခံရတာတွေလဲ ရှိနိုင်ပါတယ်... )

ထို့အတွက် မိမိတို့ စတားလင့်အကောင့်ကို အချိန်ရရင်
ပြန်ဝင်ပြီး စစ်ကြည့်ကြပါ...

ပထမပုံထဲကလိုမျိုး အနီရောင်နဲ့ ပြနေတယ်ဆိုရင် တောင်းခံထားရပါပြီ...

အကယ်လို့ အချက်လက်အမှန်မတင်ဘူးဆိုရင်
ဘယ်နေ့ နောက်ဆုံး လိုင်းပိတ်မယ်ဆိုပြီး ရက်စွဲလေးပါ ပြထားပါလိမ့်မယ်...

အားလုံးပဲ အဆင်ပြေပါစေ...

#timeCodeManager
#ruijieVoucherManager
Ruijie Account အသစ်လုပ်ပြီးတိုင်း
ရက် ၃၀ အတွင်း Activation ပြန်လုပ်ရပါတယ်။

အကယ်လို့ Activation မလုပ်လို့ ရက် ၃၀ ပြည့်သွားရင်
အကောင့်က ဝင်မရတော့ပဲ active လုပ်ဖို့ပဲပြောနေပါလိမ့်မယ်။

Activation မလုပ်ထားပဲ ရက် ၃၀ ပြည့်သွားလို့
ပိတ်သွားရင်
Time Code Manager မှာလဲ ဝင်လို့မရတော့ဘူးဖြစ်သွားပါမယ်။


ထို့အတွက် မိမိတို့ email ထဲမှာ ရောက်ထားတဲ့
Ruijie ဘက်ကပို့ထားတဲ့ Activation Email ထဲကနေဝင်ပြီးတော့
Activation လုပ်ထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။

( ပုံကတော့ Activation မလုပ်ထားသေးရင် ပြတဲ့အနေအထားပါ )

#timecodemanager
#ruijieVoucherManager
Ruijie Captive Portal Setting ထဲက Portal Bypass :


တစ်ချို့လာမေးကြတယ်
ကျွန်တော်တို့ wifi ကို ဒီအတိုင်းကြီး code မတောင်းပဲ
လိုင်းသုံးရနေတယ်ဆိုတာမျိုးတွေ...

အဲ့ဒီလိုဖြစ်တဲ့အထဲမှာ Portal Bypass ( အရင်ကတော့ Portal Escapse ) ကြောင့်လဲ ဖြစ်တတ်ပါတယ်...

Portal Bypass ဆိုတာကတော့
အကယ်လို့ Ruijie Cloud ဘက်က error တစ်ခုခုတက်ပြီး
code တောင်းတဲ့နေရာနဲ့ ချိတ်မရတော့ဘူးဆိုရင်
အင်တာနက်ကို error ပြန်မကောင်းမချင်း ပေးသုံးလိုက်မလားဆိုတာမျိုးပါ...

ကိုယ်က Portal Bypass ကိုဖွင့်ထားလိုက်တယ်ဆိုရင်
ruijie cloud portal ဘက်က error တစ်ခုခုဖြစ်တာနဲ့
wifi လာချိတ်တဲ့သူတွေ အကုန် အင်တာနက်ရသွားပါမယ်...
error ပြန်ကောင်းလာပြီဆိုတာနဲ့ code ပြန်လာတောင်းပါလိမ့်မယ်...

Portal Bypass ကို ပိတ်ထားမယ်ဆိုရင်တော့
cloud portal ဘက်က error ဖြစ်တာနဲ့
အသစ်လာချိတ်တဲ့ဖုန်းတွေကို internet မရအောင် တားဆီးပေးထားမှာဖြစ်ပါတယ်...


ထို့အတွက် Portal bypass ကို ဖွင့်ထားမလား / ပိတ်ထားမလားကတော့
ကိုယ်တိုင်ပဲ ဆုံးဖြတ်ရပါမယ်...


-------

#timecodemanager
#ruijieVoucherManager
အကုန်ပြန်ကောင်းသွားပါပြီ

Portal - OK
Cloud Login - OK

#timeCodeManager
Ruijie Cloud ဘက်က portal စနစ်မှာ error ဖြစ်နေပါတယ်။
ကျွန်တော်ခန့်မှန်းရသလောက်ဆိုရင်တော့ သူတို့ဘက်က
bypass လုပ်ခံရတာကို ပြန်လည် ပြုပြင်နေပြီလို့ထင်ပါတယ်။

ထို့အတွက် သူတို့သာ တကယ်ပြင်ဆင်နေပြီဆိုရင်တော့
ဒီရက်ပိုင်းမှာ အခုလိုမျိုး error လေးတွေတော့ ကြုံရဦးမယ်ထင်ပါတယ်။

#timecodemanager#ruijieVoucherManager
Termux နဲ့ ကျော်သုံးခံရတာတွေကို သက်သာအောင်လုပ်လို့ရလာတော့
termux နဲ့ ကျော်သုံးလို့ မရတော့တဲ့အဆုံး
နည်းလမ်းအဟောင်းဖြစ်တဲ့ voucher code တွေကို ရှာပြီး‌တော့
ခိုးသုံးတာမျိုးတွေ ထပ်လုပ်လာကြပါတယ်။ 😃

အဲ့လို ရှာသုံးခံရတာတွေကို ကာကွယ်ဖို့ကလဲ အရမ်းကိုလွယ်ပါတယ်။

Voucher Code တွေကို နံပါတ်ဂဏန်းတွေပဲ ထုတ်မယ့်အစား
" နံပါတ် + အင်္ဂလိပ်အက္ခရာ a to z " ပါအောင်ထုတ်ပြီးတော့
Voucher Code Length ကိုလဲ 6 လုံးအစား
8 လုံးနဲ့ ပြောင်းထုတ်ပြီး သုံးလိုက်ပါ။


ဒါဆိုရင် termux ရဲ့ အဖေပဲလာလာ၊ အမေပဲလာလာ၊
ဘယ်လောက်ပဲ ခိုးတာကျွမ်းတဲ့သူဖြစ်ပါစေ
voucher code တွေကို ရှာသုံးတာမျိုး ခက်သွားပါမည်။
-
Time Code Manager သုံးနေတဲ့သူအနေနဲ့လဲ
ပုံထဲမှာပြထားတဲ့အတိုင်း
Type မှာ a-z 0-9
Voucher Length မှာ 8 or 9 တစ်ခုခုနဲ့သာ Print ထုတ်သုံးပါ။
Code ရိုက်ထည့်တဲ့အချိန်သာ နည်းနည်းလေးကြာထယ်ထင်ရပေမယ့်
ခိုးသုံးခံရတာသက်သာသွားမှာဖြစ်တဲ့အတွက် ဝင်ငွေထိခိုက်တာမျိုးနည်းသွားပါမည်။


#timecodemanager#ruijieVoucherManager
Code တစ်ခုတည်းနဲ့ပဲ ကျော်သုံးခံနေရခြင်း။
ဒါကတော့ code လေးနည်းနည်းနဲ့ ကျော်တဲ့နည်းသုံးတာပါ။

Voucher Code စာရင်းတွေထဲမှာ အဲ့ဒီ နံပါတ်တွေရှိမရှိ စစ်ပြီး
မရှိတော့ရင် logout ( kick ) လုပ်ရင်ရပါတယ်။

သို့ပေမယ့် ကျော်သုံးတဲ့သူက script code နဲ့လုပ်တာမို့
လိုက်ပြီး logout လုပ်ဖို့က မမှီပါဘူး။
ကိုယ်ကလုပ်လိုက်တာနဲ့ ၅ စက္ကန့်အတွင်း ထပ်ဝင်လာပါလိမ့်မယ်။

လက်ရှိ လူပြောများနေတဲ့ termux ဆိုလား အဲ့ဒီကနေဝင်သုံးကြတာမျိုးပါ။

Ruijie ဘက်ကို report တင်ပေးထားပေမယ့်
ထိထိရောက်ရောက်ပိတ်သွားတာမျိုး မတွေ့ရသေးပါဘူး။

ထို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ သက်သာအောင် တားဆီးရပါတော့မယ်။

အခုပုံထဲကစက်တော့ အဲ့ဒီ termux ကျော်တာအတွက်
သီးသန့် ဆားဗစ်လုပ်ပေးဖြစ်တဲ့ စက်ပါ။
စစ်ကြည့်မှ တော်တော်များများ အဲ့ဒီ code နဲ့ဝင်သုံးထားတာမြင်ရတာပါ။
အခုတော့ သက်သာသွားပါပြီ။


မကြာခင် မိမိတို့စက်မှာရော termux နဲ့ ကျော်လို့ရမရကို
စစ်လို့ရမယ့် app အသေးလေးတစ်ခုလုပ်ပေးဖို့ရှိပါတယ်။
Cloud ISP ဒီဇိုင်းအသစ်လေးနဲ့
termux လား ဘာလား အဲ့ဒီဟာလေးတွေနဲ့ ကျော်သုံးခံနေရတာကို
သက်သာအောင် ပိတ်ပေးလိုက်တဲ့ project လေးတွေထဲက ၂ ခု။

#ruijieVoucherManager
#timeCodeManager
Termux + Python script နဲ့ သုံးခံနေရတာတွေတော့
သက်သာသွားပါတယ်။

မိမိတို့ project ကို စနစ်တကျနဲ့ တည်ဆောက်ထားတယ်ဆိုရင်လဲ
v2ray ( vmess / vless ) နဲ့ http inject လုပ်ပြီး သုံးခံနေရတာတွေပါ
သက်သာသွားနိုင်ပါတယ်။

dns tunnel ( port 53 ) နဲ့ ကျော်သုံးတာတွေအတွက်လဲ
dns port ကို ပိတ်လိုက်ရင် တားဆီးပြီးသားဖြစ်သွားပါမယ်။

----
Service တော့ သီးသန့် မလုပ်ပေးဖြစ်တော့ပါဘူး။
ကိုယ်က လုပ်ပေးတာတစ်ခုဆိုပေမယ့်
ကိုယ်လုပ်ပေးတဲ့အပိုင်းနဲ့ မဆိုင်တဲ့အပိုင်းတွေပါ
လုပ်ပေးရတာမျိုးတွေအတွက် အချိန်မပေးနိုင်တဲ့အတွက်ပါ။

ထို့အတွက်
လောလောဆယ်မှာတော့ ကျွန်တော်တို့နဲ့ ရေရှည်လက်တွဲပြီး
ဘေလစဉ်ဆောင်နေတဲ့ SVIP Member တွေကိုသာ
တတ်နိုင်သလောက် ကူညီပြီး ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။

အားလုံးကိုကျေးဇူးတင်လျက်။

#timeCodemanager #ruijieVoucherManager See less
Ruijie စက်တွေနဲ့ wifi လုပ်ငန်းလုပ်နေတဲ့သူတွေအတွက်
----------
wifi လုပ်ငန်းတော်တော်များများက အချိန်နဲ့ပဲ
code တွေထုတ်ရောင်းနေတဲ့အချိန်
မိမိတို့စီမှတော့ အပြောင်းအလဲလေးဖြစ်အောင်
GB Limit နဲ့လဲ ထုတ်ရောင်းစမ်းကြည့်သင့်ပါတယ်။

GB Limit ကို ရက်အကန့်အသတ်မရှိထားချင်လဲရတယ်။
ဒါမှမဟုတ် 2GB ကိုတော့ ၁ ပတ်အတွင်းကုန်အောင်သုံးဆိုတာမျိုးတွေလဲ
လုပ်လို့ရပါတယ်။

GB Limit နည်းက Hotspot share လုပ်တဲ့သူတွေအတွက်လဲ
code တစ်ခုဝယ်ပြီး နောက်လူတွေကို hotspot share
လုပ်ပေးရဲမှာမဟုတ်တော့ပါဘူး။

နောက်လူတွေကို share လုပ်ပေးလိုက်ရင်
သူရဲ့ GB limit ခဏနဲ့ပြည့်သွားမှာမို့ပါ။

#timecodemanager#ruijieVoucherManager
Voucher ကုဒ် မထည့်ပဲ termux ကနေ python script သုံးပြီး
အချိန်အကန့်သတ်မရှိ၊ speed အကန့်သတ်မရှိ ကျော်သုံးနေတာတွေကို
သက်သာအောင်အတွက် သင်္ကြန်းပြီးရင်
စျေးနှုန်းတစ်ခုခု ( ဒါမှမဟုတ် ) ဘေဆောင်ဆားဗစ်အပ်တာနဲ့
Service လုပ်ပေးဖြစ်ပါမယ်ဆိုတဲ့အကြောင်း
သတင်းကောင်းပါးလိုက်ရပါတယ်။
စက်တစ်ချို့မှာတော့ termux နဲ့သုံးမရတော့တာတွေရှိလာပါပြီ။
အခု လုပ်ပေးမယ့် service ကတော့
temux python script နဲ့ ကျော်လို့ရနေသေးတဲ့ စက်တွေကိုပါ။


#timecodemanager
#ruijieVoucherManager
Ruijie Cloud ဘက်က နှေးနေပြန်ပါပြီ။

Voucher Code ထည့်မရတာ။
Login ဝင်မရတာ၊ ကြာတာတွေ ကြုံရပါမည်။

#timeCodeManager
#ruijieVoucherManager
သတင်းကောင်းတစ်ခုပါပဲ။
လောလောဆယ်တော့ ruijie ဘက်က ပြင်ဆင်လိုက်တဲ့အထဲမှာ
ruijie စက်တော်တော်များများမှာ vpn မဟုတ်ပဲ
အခြားနည်းတစ်ခုနဲ့ ကျော်သုံးခံတာတွေ အလုပ်မလုပ်တော့တာ
တွေ့ရပါတယ်။

( one click login နဲ့ကျော်တာမျိုးမဟုတ်ပါဘူး။
အဲ့ဒါက ဟိုးအရင်နှစ်က kyawmal app မှာသုံးခဲ့တဲ့ နည်းတစ်ခုပါ။
အခုချိန်မှာ အဲ့ဒီနည်းနဲ့ လုံး၀ကျော်မရပါဘူး၊
အဲ့အတွက် လာလာမေးနေကြလို့ပါ၊ စိတ်ပူစရာမလိုပါဘူး။ )


Ruijie ဘက်ကသာ user တွေရဲ့ အသံကို နားထောင်ပြီး
သေချာလေး ပြင်ဆင်ပေးလာမယ်ဆိုရင်
နောက်ဆို အခုထက်ပိုပြီး လုံခြုံလာပါလိမ့်မယ်။


#timeCodeManager #ruijieVoucherManager
အခုပုံထဲက email ကတော့
လက်ရှိခိုးသုံးခံနေရတာကို ဘယ်လိုကျော်သွားလဲဆိုတာကို
သိရအောင်အတွက် code အပြင် APK ဖိုင်လေးပါ ထပ်ပို့ပေးထားတဲ့ပုံပါ။

ဆိုတော့ ဒီတစ်ခေါက် အပေါက်ကိုလဲ firmware နဲ့ပဲပိတ်လာမလား၊
ဒါမှမဟုတ် cloud ဘက်ကနေပဲ သူတို့ ပိတ်ပေးလာမလားဆိုတာတော့
စောင့်ကြည့်ရုံပါပဲ။

----

ကျွန်တော် ဒီ Time Code Manager ( Ruijie Voucher Manager ) မလုပ်ဖြစ်ခင်တုန်းကလဲ ruijie portal ရဲ့ ယိုပေါက်ကို app တစ်ခုထုတ်ပေးဖူးပါသေးတယ်။

ကျော်မယ် ( Kyawmal ) ဆိုတဲ့ app လေးပါ။
သိတဲ့သူတွေသိပါလိမ့်မယ်။
vpn လိုမျိုးနည်းပညာမဟုတ်ပဲ၊ သီးသန့် နည်းပညာတစ်ခုနဲ့
မြန်မာမှာ ruijie portal ကို click တစ်ချက်နဲ့
ပထမဆုံး ကျော်ခဲ့တဲ့ မှတ်မှတ်ရရ app ပါပဲ။

နောက် ကျွန်‌တော် Time Code Manager ( Ruijie Voucher Manager ) ထုတ်ရောင်းတော့မယ် လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ
Ruijie ဘက်ကိုလဲ ကျော်လို့၇နေတဲ့နည်းကို report ပြန်တင်ခဲ့ပါတယ်။
မကြာပါဘူး သူတို့ ပေါက်နေတဲ့နေရာသိသွားပြီး ပိတ်ပေးခဲ့ပါတယ်။

( အဓိကလဲ Ruijie စက်ပိုင်ရှင်တွေဆိုတာကလဲ
Ruijie Voucher Manager စ‌ရောင်းတာနဲ့
ကျွန်တော့် customer တွေဖြစ်လာတော့မှာဆိုတော့
customer တွေနစ်နာမယ့်ဟာကို ရှောင်ရပါတော့တယ်။ :D )


ဆိုတော့
လက်ရှိ ကျော်လို့ရနေတဲ့နည်း၊ vpn နည်း၊ အဝိုင်းလည်တွေကအစ
ပိတ်လို့ရတာမျိုး ကျွန်တော့်နားရှိပါတယ်။
ကျွန်တော့်နား လစဉ် ဘေဆောင်နေတဲ့သူတွေရဲ့
စက်တစ်ချို့ကိုလဲ ကူညီပြီး ပိတ်ပေးထားတာတွေရှိပါတယ်။
အဆင်ပြေကြပါတယ်။
( ဒါကတော့ ကျွန်တော့်နား လစဉ်ဘေဆောင်ဆားဗစ်အပ်ထားပြီး
ရေရှည်လက်တွဲနေတဲ့သူတွေအတွက် အားသာချက်တစ်ခုပါ။ )



ဘယ်လိုပဲဖြစ်ဖြစ်
Ruijie ဘက်က ပိတ်ပေးလာခဲ့ရင်တော့
အားလုံးအတွက် ပိုပြီးအဆင်ပြေမှာမို့
အမြန်ဆုံး ပိတ်ပေးလာဖို့ မျော်လင့်ပါတယ်။


#ruijieVoucherManager
#timecodemanager
Ruijie Gateway တွေမှာတော့ Latest Firmware တင်ထားပြီး
Prevent http Injection ဖွင့်ထားလိုက်ရင် http header နဲ့ inject လုပ်ပြီး ကျော်သုံးတာတွေ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

ဒါပေမယ့် တစ်ချို့ ဖိုင်တွေရောင်းစားနေတဲ့ tg group တွေမှာတော့
starlink new version အတွက်ဆိုပြီး ရောင်းနေတာတွေထပ်တွေ့ရပါတယ်။

အဲ့ဒီဖိုင်တွေရဲ့ နည်းကတော့ dnstt ( dns tunneling ) နည်းနဲ့ ကျော်တာဖြစ်ပါတယ်။
အဲ့အတွက် မိမိတို့ gateway မှာ dnstt နဲ့ ကျော်လို့ ရနိုင် / မရနိုင်ကို စစ်တဲ့နည်းလေး တင်ပေးလိုက်ပါတယ်။

စမ်းဖို့အတွက်ကတော့ Http Injector ဆိုတဲ့ App လေးကို
Playstore ကနေဆွဲပြီးတော့
ပုံထဲမှာပြထားတဲ့အတိုင်း
Tools -> Test -> DNS Tunnel Test ထဲဝင်ပြီးတော့
Cloudflare (UDP) , Google (UDP), Quad9(UDP) တစ်ခုချင်းစီမှာ
Check လုပ်ကြည့်ပါ။

အမှန်ခြစ်ပြနေရင်တော့ ရောင်နေတဲ့ဖိုင်တွေနဲ့ ကျော်လို့ရနေဦးမှာလို့ သတ်မှတ်လို့ရပါတယ်။
ပုံထဲမှာပြထားသလို အမှားခြစ်ပြနေပြီဆိုရင်တော့ DNSTT နည်းနဲ့လဲ
ကျော်လို့မရတော့ပါဘူး။

#timecodemanager#ruijieVoucherManager
Back to Top